Pages

Thursday, October 30, 2014

ဓမ္မဒူတ တောရကျောင်း ဆရာတော်၏ထေရုပ္ပတ္တိ


ဓမ္မဒူတ တောရကျောင်း ဆရာတော် (၁၉၃၄ - ၁၉၉၇)


၁။ ဘွဲ့အမည် - အရှင်ပညာဇောတ(ဓမ္မဒူတ)
၂။ မိဘအမည် - ဦးတွတ် + ဒေါ်ငွေတင်
၃။ မွေးသက္ကရာဇ် - ၁၉၃၄ ခုနှစ်
၎။ မွေးဖွားရာဒေသ - ဟင်္သာတမြို့နယ်၊ လက်ပံလှ ကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ


ကိုယ်ရေးဖြစ်စဉ်


ဆရာတော် လောင်းလျာကို ဟင်္သာတမြို့နယ်၊ လက်ပံလှ ကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာ၌ အဘ ဦးတွတ်၊ အမိ ဒေါ်ငွေတင်တို့က ၁၂၉၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့ နံနက် ၁၀း၁၅ နာရီတွင် ဖွားမြင်သည်။ မေးချင်း ၈ ယောက်အနက် ဆဋ္ဌမမြောက် သားဖြစ်သည်။