Pages

မဟာဗောဓိဘုရားသမိုင်းကြောင်း



မဟာဗောဓိဘုရားသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်
ဂူဘုရား ဖြစ်ပြီး ၂၆-၃-၁၂၁၆ တွင် နားတောင်းများမင်းက တည်ထားခဲ့သည်။


အိန္ဒိယနိုင်ငံ ဘီဟာနယ် ဗုဒ္ဓဂါယာဒေသရှိ မြတ်စွာဘုရား 
သဗ္ဗညုတ ဥာဏ်စတင် ရရှိသည့် မဟာဗောဓိ ညောင်ပင်အနီးတွင်
 မဟောဗောဓီပုထိုး ပျက်စီး ယိုယွင်း နေသည်ကို ကြားသိရပြီး 
 သွားရောက်ပြင်ဆင် မွမ်းမံခဲ့ရာမှ မြန်မာတို့ မဟာဗောဓိ ဘုရား
 ပုံသဏ္ဍာန်ကို သိရှိခဲ့သည်။ နားတောင်းများ မင်းလက်ထက်တွင် 
အိန္ဒိယနိုင်ငံရှိ မဟာဗောဓိဘုရား ပုံစံအတိုင်း တည်ခဲ့ခြင်း ဖြစ်ပြီး 
မူလက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ကဲ့သို့ ပုဂံမဟာဗောဓိဘုရား 
ပတ်ဝန်းကျင်တွင် သတ္တဌာန ဆိုင်ရာ အမှတ်အသား အဆောက်အအုံ များရှိခဲ့သည်။



မဟာဗောဓိ ဘုရားအပေါ်ထပ် လိုဏ်အရှေ့ နံရံတွင် 
ပထမ အင်းဝခေတ် ရေးကမ္ပည်း မင်စာ (၁၃)ကြောင်း ရှိသည်။ 
တိုက်မ၏ အပြင်နံရံ ကွမ်းတောင်အရှည်၏ အပြင်နံရံ များတွင်
 ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားကဲ့သို့ မုခ်ကပ် အချိုင့်များ ပြုလုပ်ကာ
 မတ်တပ်ရပ်၊ လျောင်းတော်မူ၊ ဗုဒ္ဓရုပ်ပွားတော် ပေါင်းများစွာကို ထည့်သွင်းထားသည်။


မဟာဗောဓိဘုရားအပြင်တွင်အင်္ဂတေ ပန်းတော့ လက်ရာများဖြစ်သည့်
 အင်္ဂတေပန်းတန်းများ၊ငှက်ရုပ်၊နတ်ရုပ်များဖြင့် တန်ဆာဆင်ထားသည်။
 
 Aung Myay wesite မှ ခံစားမျှဝေသည်။အားလုံးကိုလဲ ၀င်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်.......ပျော်ရွှင်ပါစေ.......

No comments:

Post a Comment