Pages

စိမ်းညက်ဂူအမဘုရားနှင့် စိမ်းညက်ညီမစေတီတော်သမိုင်းကြောင်း


စိမ်းညက်အမ ဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး
 စိမ်းညက်ညီမ စေတီသည် သီဟိုလ်ပုံ စေတီဖြစ်ကာ ခရစ် (၁၂)ရာစု ကတည်းက တည်ခဲ့သည်။


ပုဂံဒေသရှိ ဂူဘုရားနှင့် စေတီကို ပူးတွဲ တည်သည့်
 ရှေးဟောင်း သာသနိက
 အဆောက်အအုံ နှစ်ခု ( ဖြတ်စရွှေကူ နှင့် ပုထိုး/
 စိမ်းညက်အမဂူ ဘုရားနှင့်
 စိမ်းညက် ညီမစေတီ အနက် တစ်ခု ) အပါအ၀င် ဖြစ်သည်။


စိမ်းညက်အမ ဂူဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာ များရှိသည်။ စိမ်းညက်အမဂူ အတွင်းစင်္ကြ ပတ်လမ်းနံရံ ရုပ်တုများ နောက်ရှိ ဗောဓိပင် ပုံများ၊ တောင်ဘက် အာရုံခံ ခန်းမတွင် ဗုဒ္ဓရုပ်ပွားပုံ ပါရှိသည့် စက်ဝိုင်းပန်း အထပ်များ၊ သစ်ရွက်ပုံ ပန်းတန်းများ၊ အရှေ့ဘက် အ၀င် ခန်းမနံရံတွင် (၅၅၀) ဇာတ်ကွက် ပန်းချီများနှင့် ကနုတ်ပန်း နံရံပန်းချီများ ရှိသည်။

 Aung Myay wesite မှ ခံစားမျှဝေသည်။အားလုံးကိုလဲ ၀င်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်.......ပျော်ရွှင်ပါစေ.......

No comments:

Post a Comment