Pages

ဆုတောင်းပြည့် အောင်စကြာ နှီးဘုရား ဗုဒ္ဓရုပ်ရှင်တော်မြတ်


Bamboo Buddha Image   နှီးဘုရားဗုဒ္ဓရုပ်ရှင်တော်မြတ်ကြီးအား ရှမ်းပြည်နယ်တောင်ပေါ်ဒေသ မှ ကြွရောက်လာကြသော ပါရမီရှင် မြန်မာမှု ဗိသုကာပညာရှင် လုံးအွန် ဆိုင်(ခ) ဦးဝိမလဗုဒ္ဓိ နှင့် ဆရာတော်ကြီးများ (ခြောက်ပါး) အဖွဲ့မှရက် လုပ် ပူဇော်ပေးခဲ့ခြင်း ဖြစ်သည်။
    ယခုရက်လုပ်သော နှီးဘုရားဗုဒ္ဓရုပ်ရှင်တော်မြတ်မှာ ကမ္ဘာနှင့်မြန်မာ အရပ်ရပ်တွင် (၂၈) ဆူမြောက်ဖြစ်သည်။ မြန်မာပြည် အရပ်ရပ်တွင် (၂၄) ဆူနှင့် တရုတ်ပြည်တွင် လေးဆူ ရက်လုပ်ပူဇော်ခဲ့ပြီး ဖြစ်သည်။ ဧရာဝတီတိုင်းတွင် သုံးဆူ ရက်လုပ်ပူဇော်ခဲ့ပြီး ဖြစ်သည်။
    နှီးဘုရား ဗုဒ္ဓရုပ်ရှင်တော်မြတ်ကို မြန်မာသက္ကရာဇ် ၁၃၆၉-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁၃) ရက် ခရစ်သက္က ရာဇ် (၈-၁၁-၂၀၀၇) ခုနှစ် ကြာသပတေးနေ့တွင် စတင်ရက်ခဲ့ပါသည်။

Bambo Buddha Image     မြန်မာသက္ကရာဇ် ၁၃၆၉-ခုနှစ် တန်ဆောင်မုန်းလကွယ် (၁၅)ရက် ခရစ်သက္ကရာဇ် (၉-၁၂-၂၀၀၇) ခုနှစ် တနင်္ဂနွေနေ့ တွင်အောင်မြင်စွာ ရက်လုပ်ပြီးစီးခဲ့ပါသည်။
    မြန်မာသက္ကရာဇ် ၁၃၆၉- ခုနှစ် နတ်တော်လပြည့်နေ့ (၁၅)ရက် ၊ ခရစ်သက္ကရာဇ် (၂၄-၁၂-၂၀၀၇) ခုနှစ် တနင်္လာနေ့ နံနက် (၉) နာရီ တွင် ဌာပနာတိုက်အသီးသီးတို့၌ ဌာပနာထည့်သွင်း ပူဇော်ခဲ့ကြသည်။
    သံဖရိန်စတင်ခြင်းမှ နှီးရက်လုပ်ပြီးစီးသည်အထိ (၄၁) ရက်ကြာ မြင့်ခဲ့ပါသည်။ ဥာဏ်တော်အမြင့်မှာ ပလ္လင်တော်မှ မုနိတော်အထိ- (၁၃ ပေ ၃.၅ လက်မ) အမြင့်ရှိပါသည်။
    နှီးဘုရား ရုပ်ရှင်တော်မြတ်ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနီကျေးရွာ ပုသိမ်-ချောင်းသာနှင့် ငွေဆောင်လမ်းဆုံ ပုသိမ်ကြိုး တံတားထိပ် လောကနန္ဒာစေတီတော် ရင်ပြင်တော် နေလတန်ဆောင်း တော်ကြီးတွင် ကိန်ဝပ်စံပယ် အပူဇော်ခံလျက်ရှိနေပါသည်။ 



 lawkanandar-pagodalawkanandar-pagoda

 http://www.patheincity.com/travel/mm-pathein-pagoda-bamboo.html မှခံစားမျှဝေသည်။

No comments:

Post a Comment