Pages
▼
အလိုတော်ပြည့်ဂူဘုရားသမိုင်းကြောင်း


အလိုတော်ပြည့်ဂူဘုရားအလိုတော်ပြည့်ဂူဘုရားသည်
စေတီပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး ခရစ်(၁၂)ရာစုတွင် တည်ခဲ့သည်။
အလိုတော်ပြည့်ဂူဘုရား အတွင်းနံရံတွင် သင်ကြီး (ဘုန်းကြီး) ငါတုတ်သင်က
အာလိုဝ်ပြည့်မည်သော ဂူဘုရားနှင့် စဥ့်ပုထိုးတော်အား (၁) မေ၊ (၁၁၉၄) တွင်
ပြုပြင်ပြီးစီးကြောင်း ကမ္ပည်းမင်စာ (၁၆)ကြောင်း ရေးထိုးထားသည်။
အလိုတော်ပြည့်ဂူဘုရားအတွင်းတွင်
နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံများ၊ မြတ်စွာဘုရား တရားဟောနေပုံများ၊ ဝိမာန
ဝတ္ထုလာ ဇာတ်ကွက်နံရံဆေး ပန်းချီများရှိပြီး ရှေးမွန်ဘာသာဖြင့်
ကမ္ပည်းမင်စာရေးထိုးထားသည်။ ဂူဘုရား၏ အပြင်ဘက် မျက်နှာများတွင်
အင်္ဂတေပန်းတော့ လက်ရာများကို လေ့လာနိုင်သည်။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။
http://aung-myay.blogspot.com/ မှခံစားမျှဝေသည်။
No comments:
Post a Comment