Pages

နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် သမိုင်းကြောင်း


နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် အ၀င်ဝ
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်
  
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်
  
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ ခြေရာတော်
 
 နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် အနီးရှိ ရုပ်ပွားတော်
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ စက်လက္ခဏာတော်
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် ပရ၀ုဏ်ရှိ ခေါင်းလောင်း
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် ပရ၀ုဏ်ရှိ ပြခန်း
 နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် ပရ၀ုဏ်ရှိ ပြခန်း
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် ပရ၀ုဏ်ရှိ ပြခန်းအတွင်းရှိ ရှေးဟောင်း ဆင်းတုတော်များ
 နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် ပရ၀ုဏ်ရှိ ပြခန်းအတွင်းရှိ ရှေးဟောင်း ဆင်းတုတော်များ
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ ပုံစံတူ ပန်းချီကား
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ ပုံစံတူ ရုပ်ပွားတော်ငယ်
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်ရှိ ဗောဓိပင်ပျို ဓာတ်ပုံ
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ် ခြေတော်ရာ ပန်းချီကား

 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ စက်လက္ခဏာတော် စာတမ်း
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ စက်လက္ခဏာတော် စာတမ်း
  
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ စက်လက္ခဏာတော် စာတမ်း
  
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ စက်လက္ခဏာတော် စာတမ်း
 
နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်၏ ဓမ္မာရုံအတွင်းရှိ ရုပ်ပွားတော်

  ပဲခူးမြို့ရှိ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၏
 ခေါင်းရင်းတော်ကန် တောင်ဘက်တွင် တည်ရှိသည်။ဦးခေါင်းတော်မှာအရှေ့ဘက်သို့ခေါင်းပြုတော်မူပြီး၊
အရှေ့အနောက် လဲလျောင်းတော်မူဟန် ဖြစ်ပါသည်။
     
  
ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့သော မိဂါဒိပ္ပမင်းကပင် တည်ထားကိုးကွယ်ခဲ့သည်။သို့သော်လည်း စစ်ဘေးဒဏ်၊ငလျင်ဒဏ်တို့အပြင် ဘုရားဖျက်၊ဋ္ဌာပနာဖောက်သူတို့၏ဒဏ်ကြောင့် ရုပ်ပွားတော်မြတ်ကြီးမှာ ပျက်စီးခဲ့ရပြီး အုတ်ခုံသာ ကျန်ရစ်ခဲ့သည်။
     
 ရန်ကုန်မြို့မှ ဘုရားဒါယကာမကြီး 
ရှေ့နေဒေါ်ခင်ကြည်မှ 
မတည်လှူဒါန်းငွေအဖြစ် 
အမေရိကန်ဒေါ်လာတစ်သိန်းဖြင့် 
စတင်တည်ဆောက်ခဲ့ရာ (၅-၃-၂၀၀၆)(၁၃၆၇ခုနှစ်၊တပေါင်းလဆန်း(၇)ရက်နေ့တွင်) ဓာတ်တော်၊မွေတော်များ၊ရုပ်ပွားတော်များကို 
ဋ္ဌာပနာတော်အဖြစ် ထည့်သွင်းလှူဒါန်းခဲ့သည်။
          
 နောင်တော်ကြီးမြသာလျောင်းရုပ်ပွားတော်မြတ်ကြီး၏ အတိုင်းအတာများမှာ _        
 
၁။အလျားတော်                     -၂၇၀ ပေ
 
၂။အမြင့်                              -၆၃ ပေ
 
၃။ဦးခေါင်းတော်                     -၄၅ ပေ
 
၎။မျက်နှာတော်အရှည်             -၂၉ ပေ ၉ လက်မ
 
၅။ဦးခေါင်းတော်လုံးပတ်           -၇၄ ပေ ၈ လက်မ
 
၆။မျက်လုံးတော်အရှည်            -၆ ပေ ၆ လက်မ
 
၇။မျက်ခုံးတော်အရှည်              -၁၁ ပေ
 
၈။မျက်လုံးတော်အကျယ်          -၁၂ ပေ
 
၉။နှာခေါင်းတော်အရှည်           -၈ ပေ
 
၁၀။နားရွက်တော်အရှည်          -၁၇ ပေ
 
၁၁။နားတော်အကျယ်              -၆ ပေ ၄ လက်မ
 
၁၂။နဖူးတော်အကျယ်              -၇ ပေ
 
၁၃။လည်ပင်းတော်လုံးပတ်        -၅၄ ပေ ၆ လက်မ
 
၁၄။လည်ပင်းတော်အမြင့်          -၅ ပေ ၅ လက်မ
 
၁၅။လက်တော်များ
 
(က)လက်မတော်                   -၈ ပေ ၇ လက်မ
 
(ခ)လက်ညှိုးတော်                  -၁၃ ပေ ၇ လက်မ
 
(ဂ)လက်ခလယ်တော်              -၁၃ ပေ ၉ လက်မ
 
(ဃ)လက်သူကြွယ်တော်           -၁၃ ပေ ၆ လက်မ
 
(င)လက်သန်းတော်                -၁၃ ပေ ၅ လက်မ
 
(စ)လက်ဖျံတော်အရှည်            -၃၂ ပေ
 
၁၆။ခြေဖ၀ါးတော်
 
(က)ခြေဖ၀ါးတော်အရှည်          -၃၂ ပေ
 
(ခ)ခြေဖ၀ါးတစ်ဘက်အကျယ်    -၉ ပေ
 
 (ဂ)ခြေဖ၀ါးနှစ်ဘက်အမြင့်        -၁၈ ပေ
 
၁၇။ခြေချောင်းတော်များ
 
(က)ခြေမတော်အရှည်             -၇ ပေ ၄ လက်မ
 
(ခ)ခြေညှိုးတော်အရှည်            -၈ ပေ ၄ လက်မ
 
(ဂ)ခြေခလယ်တော်အရှည်        -၈ ပေ ၆ လက်မ
 
(ဃ)ခြေသူကြွယ်တော်အရှည်    -၆ ပေ ၉ လက်မ
 
(င)ခြေသန်းတော်အရှည်          -၆ ပေ ၄ လက်မ
 
  
 နောင်တော်ကြီး မြသာလျောင်းရုပ်ပွားတော်မြတ်သည်
 ရွှေသာလျောင်းရုပ်ပွားတော်ထက် ပေ(၉၀)
ရှည်လျားတော်မူသည်။ရုပ်ပွားတော်မြတ်ကြီးကို
 ရွှေသာလျောင်းရုပ်ပွားတော်သွားရာ အ၀င်နေရာတွင် 
ကြည်ညိုဖွယ် ဖူးတွေ့နိုင်ပါသည်။
 
ရှေးဟောင်းနောင်တော်ကြီးဘုရားအုတ်ခုံမှ တူးဖော်ရရှိသော
 ရှေးဟောင်း ရုပ်ပွားတော်များကိုလည်း ခြေရင်းတော်အနီးတွင် 
ခန်းမဆောင်ပြုလုပ်ကာ ပြသအဖူးမြှော်ခံထားရှိသည်။
 
   

No comments:

Post a Comment