Pages

ပဲခူးမြို့သမိုင်းဝင် မူလဟင်္သာကုန်းဘုရား သမိုင်းကြောင်း

            မူလဟင်္သာကုန်း အ၀င်မုဒ်ဦး
 
      စေတီတော်ငယ်
 မြတ်စွာဘုရား ဟင်္သာမောင်နှံအား မြင်တော်မူသောအခါ ဗျာဒိတ်ပေးဟန်
 မြတ်စွာဘုရားရှင် ဗျာဒိတ်ပေးဟန်
 အောင်မင်္ဂလာသိဒ္ဓိပြည့် စေတီတော်
 အတုလမာရဇိန ဆုတောင်းပြည့်ဘုရား
 အတုလမာရဇိန ဆုတောင်းပြည့်ဘုရား
 
အတုလမာရဇိန ဆုတောင်းပြည့်ဘုရားဘုရားအတွင်းမှ ရုပ်ပွားတော်
 အောင်တော်မူဘုရား
 
     အောင်တော်မူဘုရား
 ပဲခူးမြေသို့ ပထမဆုံးရောက်ရှိလာသော မွန်လူမျိုး၊ ဗမာလူမျိုး၊ ကုလားလူမျိုး
 ကြည်ညိုဖွယ် ရုပ်ပွားတော်များ
 ကရ၀ိတ်ဖောင်ပေါ်မှ သူတော်စင်များ
 
ဘုရားရှင်မှ အင်္ဂုလိမာလအား ဆုံးမတော်မူပုံ
 ဘုရားပေါ်သို့ တက်ရာလမ်း 
  ပဲခူးမြို့သမိုင်းဝင် မူလဟင်္သာကုန်းဘုရား

     မူလပထမဟင်္သာကုန်းဘုရားသည် ရသေ့ကြီးဦးခန္တီဖန်တီးခဲ့သော ဒုတိယဟင်္သာကုန်း၏ မြောက်ဘက် ကိုက်(၂၀၀) ခန့်အကွာ ရွှေဟင်္သာကုန်းကျောင်းတိုက်အတွင်းမှာ တည်ရှိသည်။

  ရှေးရှေးသော တိမ်မယ်ပျူမင်းတို့ခေတ်တွင် တိမ်မယ်ကျွန်း ဟု၎င်း၊၀မ်းဘဲကျွန်းဟု၎င်း ခေါ်ကြသည်။

ပုဂံခေတ်နောက်ပိုင်းများတွင်မူ အိန္ဒိယပြည်၊ဥဿာလနယ်မှ မွန်များလာရောက်နေထိုင်ကြသော အရပ်ဖြစ်၍ ပဲခူးဥဿပဲခူးဟု ခေါ်ဆိုကြသည်။
    
 သက္ကရာဇ် ၇၁၀-ခုနှစ်တွင် ဗညားဦးက ပဲခူးကို ဟံသာနေပြည်တော်သမုတ်၍ ၀မ်းဘဲကျွန်း,၀မ်းဘဲကုန်းဟု၎င်း၊ဟံသာကျွန်း,ဟံသာကုန်းဟု၎င်း
 ခေါ်ဆိုကြပြီး၊နောက်ဆုံး ဟင်္သာကျွန်း,ဟင်္သာကုန်းဟု ယခုတိုင်ခေါ်ဆိုကြတော့သည်။
    
 ဒုတိယဟံသာဝတီပြည့်ရှင် ဘုရင့်နောင်လက်ထက် ၉၂၉ခုနှစ်၊တပေါင်းလပြည့် အင်္ဂါနေ့၌ ရွှေဟင်္သာကုန်းတွင် ပုညရတနာစေတီတော်မြတ်ကို တည်ထား၍ ထီးတော်တင်လှူပြီး သံဃာတော်အပါး(၆၀၀)အား ပစ္စည်းလေးပါးလှူဒါန်းခဲ့သည်။
    
 ၁၁၁၈ခုနှစ်၊ပြာသိုလဆန်း(၂)ရက်နေ့တွင် ဦးအောင်ဇေယျက ရွှေတန်ဆောင်းဆောက်လုပ်ပြီး သဇင်ပန်း,ထီးနီ,ထီးဖြူ,တံခွန်,ကုက္ကားစသော ပူဇော်ဘွယ်တို့ကို စည်တော်ရွမ်းလျှက်လှူခဲ့သည်။
    
 ဤစေတီတော်သည် ၁၁၃၀-ခုနှစ်၊ပြာသိုလဆုတ်(၂)ရက်နေ့တွင် မြေငလျှင်ဒါဏ်ကြောင့် ပျိုကျသွားခဲ့သည်။
     ၁၁၃၁-ခုနှစ်တွင် ကုန်းဘောင်ဆင်ဖြူရှင်မင်းက ငွေတော်ထုတ်ပေးသဖြင့် ဟံသာဝတီမြို့ဝန်သီရိဥဇနာက စေတီတည်ပြန်လေသည်။
၎င်းစေတီတော်သည်လည်းကောင်း၊ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်စဉ် အမှတ်(၄)ဆစ်ခ်ခြေလျင်တပ်သားများသည် ငွေရောင်လျှံဖူးနှင့်
 ငွေငှက်မြတ်ျွနားများကို ဖြုတ်ယူပြီး စေတီတော်ကို ဋ္ဌာပနာနှိုက်ယူ၍ ဖျက်ဆီးကြပြန်သည်။
     
 ထိုစစ်ပွဲကာလက ဟင်္သာကုန်းကျောင်းတွင် သီတင်းသုံးတော်မူသော ဆရာတော်အဆက်ဆက် သီတင်းသုံးတော်မူခဲ့ရာ ၁၂၆၃-ခုနှစ်တွင် သီပေါမင်း၏နန်းဦးကျောင်းဆရာတော်(စာချစာချွန်တော်ရ)ဥူးဂုဏ၀ံသ သီတင်းသုံးစဉ် မန္တလေးမြို့မှ ရသေ့ကြီးဦးခန္တီသည် ၁၂၈၄-၈၅-၈၆ခုနှစ်တွင် ရွှေမော်ဓောဘုရားအရှေ့မုခ်နှင့်တည့်တည့် ကျိုက်ပျက်ဘုရားငုတ်တိုကို ပြုပြင်ပြီး ဟင်္သာကုန်းဘုရားဟု,သမုတ်ကာ စေတီတည်ခဲ့သောကြောင့် မူလဟင်္သာကုန်းသည် လူသိနည်းခဲ့ရသည်။
    
 ဘူမိဗေဒပါမောက္ခ ဒေါက်တာညီညီ၊ပဲခူးရွှေမော်ဓောဘုရားသမိုင်းေ
ရးသားသူ ပါမောက္ခဦးသက်တင်နှင့် ဟင်္သာကုန်းကျောင်းဆရာတော်အဆက်ဆက်တို့၏ 
 ရေးသားဖော်ပြချက်များအရ ဤနေရာသည် လွန်ခဲ့သောနှစ်ပေါင်း(၁၅)သန်းခန့်တွင် ပင်လယ်ရေပြင်မှ ကျွန်းအဖြစ် ပေါ်ထွက်လာခဲ့သည်ဟု လေ့လာသိရှိရလေသည်။
     
ဤမူလဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် နတ်တော်လပြည့်နေ့တွင် ဆင်ယင်ကျင်းပပါသည်။ 

No comments:

Post a Comment