Pages

Saturday, September 14, 2013

ဘုရားဝတ်ပြုတော့မည်ဆိုလျင် တရားနာတော့မည်ဆိုလျှင်


ဒီနေ့အချိန်လေးရလို့ ဖိုရမ်နဲ့ဘလောက်တွေမှာတက်လာတဲ့
ကဗျာစာပေဆောင်းပါးတွေအပြေးအလွှားဖတ်ဖြစ်ရာက
ဘာသာရေးအတွေးအမြင်တစ်ချို့ကိုရေးကြဆွေးနွေးကြတာ
တွေမြင်ရတာကြောင့် ခေါင်းထဲပေါ်လာတဲ့ မိခင်ကြီးရဲ့ဆုံးမ
စကားကိုပြန်ကြားယောင်မိပါတယ်။


စာဖတ်သူအတွက်အချိန်ကိုလေးစားသောအားဖြင့်လိုရင်းကို
ဘဲရေးပါမယ်


လူကြီးလူငယ်မရွေးကိုယ်အထက်ဆရာသမားဒါမှမဟုတ်အရေးကြီးပုဂ္ဂိုလ်နဲ့တွေ့ဘို့ဆိုယင်အလှူမင်္ဂလာအခမ်းအနားတစ်ခုခုသွားမယ်ဆိုယင် ဝတ်ရမယ့်အင်္ကျီစီရမယ့်ဘိနပ်ဆောင်းရမယ့်ဦးထုပ်
ကို လတ်တလောကိုယ်ပိုင်ဆိုင်တဲ့အထဲမှာအကောင်းဆုံးအလှဆုံး
အသန့်ဆုံးကိုမှရွေးချယ်လေ့ရှိကြပါတယ်။


အိမ်ကဘုရားစင်ရှေ့မှာစွပ်ကျယ်ချိုင်းပြတ်နဲ့ဝတ်ပြုတဲ့ကျနော့်ကို
လူနတ်သတ္တဝါအပေါင်းတို့ရဲ့ဆရာတစ်ဆူဖြစ်တဲ့ဘုရားဟာ မင်းဆရာထက်တော့သာမှပါသားရယ်တဲ့
နေအိမ်ကျက်သရေရှိအောင် ဆရာတော်တပါးရဲ့တရားခွေကိုဖွင့်ထားယင်း အိမ်မှုကိစ္စတွေ တောက်တောက် တက်တက်လုပ်နေပြန်တော့လည်း နံက်စောစောဆိုလည်း ပရိတ်ခွေလေးပဌာန်းခွေလေးဖွင့်ယင်ဟုတ်သေးတယ်။


မင်းဟာကအချိန်မဟုတ်အခါမဟုတ် နားထဲလည်းရောက်တာ
မဟုတ်ဘဲ တရားခွေဖွင့်ထားတာဟောခဲ့တဲ့ဆရာတော်ကို
မလေးစားသလိုစော်ကားသလိုဖြစ်မနေဘူးလားတဲ့
နာချင်တယ်ဆိုလည်း မင်းတို့SKYNETကLIVESHOWပွဲတွေ
ကြည့်သလိုထမင်းမေ့ဟင်းမေ့အလုပ်ပျက်ခံပြီးကြည့်ပါနာပါသား
တဲ့
မိတ်ဆွေအားလုံးကိုဝန်ခံပါရစေ
အဲဒီနေ့ကစပြီးအကြောင်းကြောင်းကြောင့် အထက်ပါအချက်တွေနဲ့
မညီညွတ်ယင် ကျနော်ဘုရားဝတ်မပြုသလိုတရားမနာဖြစ်တော့
ပါဘူး
ဝတ်ပြုပြီဆိုလည်းဝတ်ဖြူစင်ကြယ်နဲ့မဟုတ်ပါဘူး သန့်ရှင်းသပ်ရပ်တဲ့အဝတ်ကိုရွေးချယ်ဝတ်တတ်လာပါတယ်
ညပိုင်းဆိတ်ငြိမ်ချိန်များမှာဘဲမိမိကြားရယုံတရားခွေကိုဖွင့်နာတတ်ခဲ့ပါတယ်
သာဓုပါအမေ။


ရွှေမြို့တော်ဆိုဒ်မှကူးယူမျှဝေသည်။

No comments:

Post a Comment