Pages

Thursday, November 14, 2013

****အလကားရလေ ခံရလေ****

အလကားရလေ ခံရလေ
လူတွေအတွက်ဆိုရင်တော့...အများကောင်းကျိုးပြု လူမူရေး ပရဟိတအလုပ်သာသနာ့ရေး ပရဟိတအလုပ်တွေလုပ်နေရာမှာ အများအကျိုး။သာသနာအကျိုးကိုရှေ့မရှုဘဲ ကိုယ့်အကျိုးကိုရှေ့ရှုတဲ့ပုဂ္ဂိုလ်။ပရဟိတအလုပ်ကိုဗန်းပြပြီး ကိုယ်ကျိုး ကိုယ့်စီးပွား အမြတ်ထုတ်တဲ့ပုဂ္ဂိုလ်ဟာသန္တပုဂ္ဂိုလ်-သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်။ဘုရားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ပါပဲ။။

တကယ်တော့အလကားရတဲ့ ပစ္စည်းဆိုတာအဆိတ်ထက်ပိုကြောက်စရာကောင်းပါတယ်။။
အလကားရလေတာဝန်ပိုကြီးလေ။အလကာရလေအပစ်ပိုကြီးလေပါ။။

တချို့ကဘုန်းကြီးတွေပဲအေးတယ်။
သူများလှူတာလေးကိုအဆင်သင့်စားရုံပဲ'
လိုအလွယ်တကူးပြောလေ့ရှိကြပါတယ်။။သူများကျွေးတာ အလကားစားနေရတာဟာ ကိုယ့်လုပ်စာနဲ့ကိုယ်စားနေရတာထက် တာဝန်ပိုကြီးပါတယ်။တာဝန်မကျေရင်အပြစ်လည်းပိုကြီးပါတယ်။။
တာဝန်မကျေဘဲသူများလှူတာ အလကား စားရတာက ဘဝပေါင်းစွာ အကြိမ်ကြိမ် သေမယ် အလကားစားခဲ့ရတာနဲ့မကာမိလောက်အောင်ကို ဆင်းရဲဒုက္ခတွေ အမျိုးမျိုး ပြန်ပေးဆပ်ပြီး "သေပြီဆရာ သေပြီဆရာ'နဲ့ဘဝပေါင်းများစွာ
 အော်ဟစ်ညည်းတွားရမယ်။။

ဒီလိုပါပဲကိုရဲ့ကျောင်းအလုပ်ကိုမတော်မတရားအလုပ် လုပ်တဲ့သူတွေ။အများအကျိုးဗန်းပြပြီး ကိုယ့်အကျိုး အမြတ်ထုတ်တဲ့သူတွေဟာလည်း သူတစ်ပါးပစ္စည်းကိုအလကားယူနေတာမို့ "အလကားရလေခံရလေ' ရခဲ့တာနဲ့မကာမိအောင်ကို ဆင်းရဲဒုက္ခတွေ အကြီးအကျယ် ခံကြရပါလိမ့်မယ်။။'ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ရင်ကိုယ်ခံ"ပေါ့။။
အရာရာတိုင်းတန်ရာတန်ကြေးဆိုတာရှိပါတယ်။။
အကျိုးတရားတစ်ခုကိုတန်ရာတန်ကြေး
 ပေးပြီးမှယူရင် နောက်ထပ်ဘာမှထပ်ပေးစရာမလိုတောပါဘူး။
တန်ရာတန်ကြေမပေးဘဲအလကားယူရင်တော့
နောက်ထပ်တန်ရာတန်ကြေးတွေတနင့်တပိုးထပ်ပေးရပါလိမ့်ဦးမယ်။။


ဒါကြောင့်...မဟုတ်တာလုပ်ပြီးအလကား မယူလိုက်ပါနဲ့။။မဆိုင်တာလုပ်ပြီးလဲအလကားမယူလိုက်ပါနဲ့။။
ဟုတ်တာဘဲလုပ်။ဆိုင်တာပဲ လုပ်ပြီး ပိုင်တာလေး။ထိုက်တာလေးနဲ့ ပဲကျေနပ်လိုက်ပါ..လို့..။
အသန္တပုဂ္ဂိုလ်ရဲ့ အရည်ချင်းတွေကို ပြောင်းပြန် လှန်လိုက်ရင်တော့ သန္တပုဂ္ဂုလ်ရဲ့ အရည်အချင်းတွေ ဖြစ်လာပါတယ်။။
သန္တပုဂ္ဂိုလ်ဆိုတာ ပစ္စုပ္ဖန်တစ်ဘဝတည်းပဲမကြည့်ဘူး။။သံသရာထိအဝေးကို မျှော်ကြည့်။။
မျက်မွေးတဆုံးမကြည့်ဘူး။မျက်စီတဆုံးကြည်တယ်။။
နောက်လောကီစည်စိမ်းလောက်ပဲ အလေးမထားဘူး။။တရားဓမ္မကိုလဲအလေးအနက်ထားတယ်
။နှစ်ဖက်မြင်မျက်စိရှိတယ်။။
နောက်-အသက်မွေးဝမ်းကျောင်း ချောင်လည်ချင်လို့ ရဟန်းပြုတာမျိုး မဟုတ်ဘူး။။သံသရာဝဏ်ဆင်းရဲကလွတ်မြောက်ချင်လို့ရဟန်းပြုတာ။။
ကိုယ်ကျိုးအမြတ်ထုတ်ဆို့ပရဟိတအလုပ်တွေလုပ်နေတာမဟုတ်ဘူး။။
အများကောင်းကျိုးအတွတ် မေတ္တာစေတနာ သန့်သန့်နဲ့ လုပ်နေတာ။။အဲဒါဆိုသန္တပုဂ္ဂိုလ်-ဘုရားနဲ့နီးတဲ့ပုဂ္ဂိုလ်။။

ဘုရားနဲ့အနေဝေးပေမယ့် အဝေးနေ မဟုတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြီုးစားအားထုတ်နိုင်ကြပါစေ။။


အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ)

 http://yatanavasatemple.ning.com/မှခံစားမျှဝေလိုက်ပါသည်။
 
စာဖတ်ပရိသတ်အားလုံးလဲ အလကားရတဲ့ပစ္စည်းဆိုတာအဆိပ်ထက်ပိုကြောက်စရာကောင်းပါတယ်။။
အလကားရလေတာဝန်ပိုကြီးလေ။အလကားရလေလေအပစ်ပိုကြီးလေပါ။။
ဒီစာသားလေးအတိုင်း သတိထားဆင်ခြင်နိုင်စေရန် ဒီပို့ပေးကို မျှဝေလိုက်ရပါသည်။အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

No comments:

Post a Comment