Pages

Friday, November 22, 2013

*** ဘဝလမ်းညွှန်တရား ***

ဘဝလမ်းညွှန်တရား
*******************

         အသက်ကြီးသူတို့အတွက် ဘဝ နေဝင်ချိန်မှာ အားကိုးအားထား ပြုရမှာက တရားဓမ္မ ဖြစ်သလို ဘဝ ရောင်နီသန်းခါစ လူငယ်များအတွက်လည်း ဘဝလမ်းကို ညွှန်ပြသွားမှာက တရားဓမ္မပါပဲ။
            ဘဝတစ်လျှောက်မှာ ကြုံတွေ့ လာမယ့် လောကဓံအမျိုးမျိုး၊ စိတ်ညစ်စရာ၊ သောကဖြစ်စရာအဖုံဖုံတို့ကို ခံနိုင်ရည်ရှိအောင် တရားကမှ ကူညီနိုင်ပါတယ်။ မမှားသင့်တာ မမှားရအောင်၊ မပေါင်းသင့်သူကို မပေါင်းမိအောင် တရားကမှညွှန်ပြနိုင်ပါတယ်။ ဘဝ တိုးတက်ရေး အောင်မြင်ရေး လမ်းကြောင်းပေါ်ကို ရောက်အောင် တရားကမှ ပို့ဆောင်ပါတယ်။

          အလုပ်တာဝန်တွေ နည်းပါးသေးတဲ့ ငယ်စဉ်အချိန်၊ ကျန်းမာရွှင်လန်းနေတဲ့ ငယ်စဉ်အချိန်၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်နေတဲ့ ငယ်စဉ်အချိန်က တရားရှာမယ်ဆိုရင် အကောင်းဆုံးအချိန်ပါ။

  ငယ်ငယ်ကကြိုးစားရင်
*********************

             ဗုဒ္ဓမြတ်စွာ ဗာရာဏသီပြည်မှာ သီတင်းသုံးနေစဉ်တုန်းကပေါ့။ မြတ်စွာဘုရားရှင်နဲ့ အရှင်အာနန္ဒာတို့ မိဂဒါဝုန် ကျောင်းဝင်းအတွင်း အတူတကွ စင်္ကြသွားရာမှာ ခွက်လက်စွဲကာ ကျောင်းစဉ်လှည့်ပြီး တောင်းရမ်းစားသောက် နေကြတဲ့ အဘိုးအိုနဲ့အဘွားအိုတို့ကို တွေ့မြင်တော်မှုကြပါတယ်။
               တမင်းတလုတ် စာရဖို့အရေး ကိုရင်တွေ၊ ဦးဇင်းတွေ စားပြီးလို့ ကျန်တဲ့ ဆွမ်းကျန် ကွမ်းကျန်ကို ရဖို့အရေး တုန်တုန်ချည့်ချည့်နဲ့ ပြေးလွှားရှာဖွေ နေကြရရှာတဲ့ လူအို ဇနီးမောင်နှံကို ညွှန်ပြတော်မှုပြီး မြတ်စွာဘုရားက......

  " ကြည့်စမ်း အာနန္ဒာ၊ ကုဋေပေါင်း ၁၆၀ ကို သုံးဖြုန်းလိုက်ပြီးတော့ ခွက်လက်စွဲကာ တောင်းစားရရှာတဲ့ သူဌေးဇနီးမောင်နှံကို ကြည့်လိုက်စမ်းပါ။ ဒီအမျိုးသားဟာ တကယ်လို့ ပထမအရွယ်မှာ ကြိုးစားပြီး စီးပွားရှာရင် ပထမတန်းစား သူဌေးကြီး ဖြစ်ပေလိမ့်မယ်။ တကယ်လို့ လူ့ဘောင်စွန့်ခွာ တရားရှာမယ်ဆိုရင် ရဟန္တာ ဖြစ်ပေလိမ့်မယ်။ ဇနီးသည်က အနာဂါမ် ဖြစ်ပေလိမ့်မယ် " လို့ မိန့်ကြားတော်မှုပါတယ်။

  ဖြုန်းတီး ပစ်ခဲ့
*************

              ဗာရာဏသီ သူဌေးသားဟာ မွေးကတည်းက ချမ်းသာလာသူပါ။ စားဝတ်နေရေးကိစ္စ ဘာမျှကြောင့်ကြစရာ မလိုပါဘူး။ လိုတာထက်တောင်ပိုလျှံနေပါတယ်။ မိဘနှစ်ပါးကလည်း တစ်ဦးတည်းသော သားကလေးမို့ မျိုထားမတတ် ချစ်ကြပါတယ်။ ပင်ပန်းမှာစိုးလို့ ဘာအတတ်ပညာမျှတောင် မသင်စေခဲ့ဘူး။ ကြိုက်သလို ပျော်ပါး၊ သုံးချင်သလို သုံး၊ ဖြုန်းချင်သလို ဖြုန်းဆိုပြီး ထားကြပါတယ်။
           အချိန်တန် အရွယ်ရောက်တော့ မျိုးတူရိုးတူ စည်းစိမ်ချမ်းသာ တူတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်ချပေးကြပါတယ်။ သူမကလည်း မထူးပါဘူး။ သူ့လိုပဲ ပျော်ပါးဖို့ သုံးဖြုန်းဖို့သာ နားလည်ပါတယ်။

           နှစ်ဖက်မိဘတွေ ကွယ်လွန်သွားကြတဲ့အခါ ကုဋေ ၁၆၀ သော စည်းစိမ်ပုံပေါ်မှာ ထိုင်ပြီး ဇနီးမောင်နှံနှစ်ယောက် ထင်တိုင်းကြဲကြပါတော့တယ်။ အသောက်အစား လောင်းကစားပါ ဖက်လာတဲ့အခါမှာ ရှိသမျှစည်းစိမ်တွေ ကုန်ပါပြီ။ အသက်အရွယ်လည်း ကြီးကြပါပြီ။ ဘာအလုပ်မျှလည်း မည်မည်ရရ မလုပ်တတ်ကြတော့ နှစ်ဦးသား ခွက်ကိုင်ပြီး တောင်းစားကြရတာပါ။

          သူတို့ဇနီးမောင်နှံမှာ အတိတ်ကကုသိုလ်ပါရမီတွေ ပါခဲ့ကြပါတယ်။ ဒါကြောင့် ချမ်းသာပြည့်စုံတဲ့ ဘဝကို ရခဲ့ကြတာပါ။ စီးပွားရှာမယ်ဆိုရင် ပိုပြီးချမ်းသာကြမှာပါ။ တရားရှာရင်လည်း တရားရကြရမှာပါ။
           ဘာကိုမျှ စိတ်မဝင်စားဘဲ ဘဝ တိုးတက်ရေး အားမထုတ်ဘဲ နေကြတဲ့အတွက် ပထမတန်းစား သူဌေးကြီး တွေဖြစ်နိုင်ပေမယ့် မဖြစ်ခဲ့ကြပါဘူး။ ရဟန္တာ ဖြစ်တဲ့အထိ၊ အနာဂါမ် ဖြစ်တဲ့အထိ၊ တရားထူး ရနိုင်ပေမဲ့ လက်လွတ်ခဲ့ကြရပါတယ်။ ဆုံးရှူံးမှုကြီးတွေ ဖြစ်ခဲ့ကြရပါတယ်။

         ပါရမီပါသော်လည်း အားမထုတ်ဘူး၊ မကြိုးစားဘူးဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပါရမီပါသူတွေက စီးပွားရှာတဲ့ဘက်ကို ကြိုးစားလိုက်ရင် ကုသိုလ်ပါရမီက ထောက်မလိုက်လို့ အလွယ်ကလေးချမ်းသာကြပါတယ်။ တရားဘက်ကို ဝီရိယ စိုက်ထုတ်လိုက်တယ်ဆိုရင်လည်း လွယ်လွယ်ကူကူနဲ့ တရားရကြပါတယ်။
  ဘာမျှမလုပ်ရင်တော့ အလိုလိုနဲ့ ဘာမျှ ဖြစ်မလာပါဘူး။


  ဓမ္မဒူတ
  ဒေါက်တာ အရှင်ပညိဿရ
  ဘဝလမ်းညွှန်တရား
*******************
အသက်ကြီးသူတို့အတွက် ဘဝ နေဝင်ချိန်မှာ အားကိုးအားထား ပြုရမှာက တရားဓမ္မ ဖြစ်သလို ဘဝ ရောင်နီသန်းခါစ လူငယ်များအတွက်လည်း ဘဝလမ်းကို ညွှန်ပြသွားမှာက တရားဓမ္မပါပဲ။

ဘဝတစ်လျှောက်မှာ ကြုံတွေ့ လာမယ့် လောကဓံအမျိုးမျိုး၊ စိတ်ညစ်စရာ၊ သောကဖြစ်စရာအဖုံဖုံတို့ကို ခံနိုင်ရည်ရှိအောင် တရားကမှ ကူညီနိုင်ပါတယ်။ မမှားသင့်တာ မမှားရအောင်၊ မပေါင်းသင့်သူကို မပေါင်းမိအောင် တရားကမှညွှန်ပြနိုင်ပါတယ်။ ဘဝ တိုးတက်ရေး အောင်မြင်ရေး လမ်းကြောင်းပေါ်ကို ရောက်အောင် တရားကမှ ပို့ဆောင်ပါတယ်။
အလုပ်တာဝန်တွေ နည်းပါးသေးတဲ့ ငယ်စဉ်အချိန်၊ ကျန်းမာရွှင်လန်းနေတဲ့ ငယ်စဉ်အချိန်၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်နေတဲ့ ငယ်စဉ်အချိန်က တရားရှာမယ်ဆိုရင်အကောင်းဆုံးအချိန်ပါ။

ငယ်ငယ်ကကြိုးစားရင်
*********************
ဗုဒ္ဓမြတ်စွာ ဗာရာဏသီပြည်မှာသီတင်းသုံးနေစဉ်တုန်းကပေါ့။

 မြတ်စွာဘုရားရှင်နဲ့ အရှင်အာနန္ဒာတို့ မိဂဒါဝုန် ကျောင်းဝင်းအတွင်းအတူတကွစင်္ကြသွားရာမှာ ခွက်လက်စွဲကာ ကျောင်းစဉ်လှည့်ပြီး တောင်းရမ်းစားသောက် နေကြတဲ့ အဘိုးအိုနဲ့အဘွားအိုတို့ကို တွေ့မြင်တော်မှုကြပါတယ်။
တမင်းတလုတ် စာရဖို့အရေး ကိုရင်တွေ၊ ဦးဇင်းတွေ စားပြီးလို့ ကျန်တဲ့ ဆွမ်းကျန် ကွမ်းကျန်ကို ရဖို့အရေး တုန်တုန်ချည့်ချည့်နဲ့ ပြေးလွှားရှာဖွေ နေကြရရှာတဲ့ လူအို ဇနီးမောင်နှံကို ညွှန်ပြတော်မှုပြီး မြတ်စွာဘုရားက......
" ကြည့်စမ်း အာနန္ဒာ၊ ကုဋေပေါင်း ၁၆၀ ကို သုံးဖြုန်းလိုက်ပြီးတော့ ခွက်လက်စွဲကာ တောင်းစားရရှာတဲ့ သူဌေးဇနီးမောင်နှံကို ကြည့်လိုက်စမ်းပါ။ ဒီအမျိုးသားဟာ တကယ်လို့ ပထမအရွယ်မှာ ကြိုးစားပြီး စီးပွားရှာရင် ပထမတန်းစား သူဌေးကြီး ဖြစ်ပေလိမ့်မယ်။ တကယ်လို့ လူ့ဘောင်စွန့်ခွာ တရားရှာမယ်ဆိုရင် ရဟန္တာ ဖြစ်ပေလိမ့်မယ်။ ဇနီးသည်က အနာဂါမ် ဖြစ်ပေလိမ့်မယ် " လို့ မိန့်ကြားတော်မှုပါတယ်။

ဖြုန်းတီး ပစ်ခဲ့
************* 
ဗာရာဏသီ သူဌေးသားဟာ မွေးကတည်းက ချမ်းသာလာသူပါ။ စားဝတ်နေရေးကိစ္စ ဘာမျှကြောင့်ကြစရာ မလိုပါဘူး။ လိုတာထက်တောင်ပိုလျှံနေပါတယ်။ မိဘနှစ်ပါးကလည်း တစ်ဦးတည်းသော သားကလေးမို့ မျိုထားမတတ် ချစ်ကြပါတယ်။ ပင်ပန်းမှာစိုးလို့ ဘာအတတ်ပညာမျှတောင် မသင်စေခဲ့ဘူး။ ကြိုက်သလို ပျော်ပါး၊ သုံးချင်သလို သုံး၊ ဖြုန်းချင်သလို ဖြုန်းဆိုပြီး ထားကြပါတယ်။
အချိန်တန် အရွယ်ရောက်တော့ မျိုးတူရိုးတူ စည်းစိမ်ချမ်းသာ တူတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်ချပေးကြပါတယ်။ သူမကလည်း မထူးပါဘူး။ သူ့လိုပဲ ပျော်ပါးဖို့ သုံးဖြုန်းဖို့သာ နားလည်ပါတယ်။
နှစ်ဖက်မိဘတွေ ကွယ်လွန်သွားကြတဲ့အခါ ကုဋေ ၁၆၀ သော စည်းစိမ်ပုံပေါ်မှာ ထိုင်ပြီး ဇနီးမောင်နှံနှစ်ယောက် ထင်တိုင်းကြဲကြပါတော့တယ်။ အသောက်အစား လောင်းကစားပါ ဖက်လာတဲ့အခါမှာ ရှိသမျှစည်းစိမ်တွေ ကုန်ပါပြီ။ အသက်အရွယ်လည်း ကြီးကြပါပြီ။ ဘာအလုပ်မျှလည်း မည်မည်ရရ မလုပ်တတ်ကြတော့ နှစ်ဦးသားခွက်ကိုင်ပြီး တောင်းစားကြရတာပါ။
သူတို့ဇနီးမောင်နှံမှာ အတိတ်ကကုသိုလ်ပါရမီတွေ ပါခဲ့ကြပါတယ်။ ဒါကြောင့် ချမ်းသာပြည့်စုံတဲ့ ဘဝကို ရခဲ့ကြတာပါ။ စီးပွားရှာမယ်ဆိုရင် ပိုပြီးချမ်းသာကြမှာပါ။ တရားရှာရင်လည်း တရားရကြရမှာပါ။ဘာကိုမျှ စိတ်မဝင်စားဘဲ ဘဝ တိုးတက်ရေး အားမထုတ်ဘဲ နေကြတဲ့အတွက် ပထမတန်းစား သူဌေးကြီး တွေဖြစ်နိုင်ပေမယ့် မဖြစ်ခဲ့ကြပါဘူး။ ရဟန္တာ ဖြစ်တဲ့အထိ၊ အနာဂါမ် ဖြစ်တဲ့အထိ၊ တရားထူး ရနိုင်ပေမဲ့ လက်လွတ်ခဲ့ကြရပါတယ်။ ဆုံးရှူံးမှုကြီးတွေ ဖြစ်ခဲ့ကြရပါတယ်။
ပါရမီပါသော်လည်း အားမထုတ်ဘူး၊ မကြိုးစားဘူးဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပါရမီပါသူတွေကစီးပွားရှာတဲ့ဘက်ကို ကြိုးစားလိုက်ရင်ကုသိုလ်ပါရမီက ထောက်မလိုက်လို့ အလွယ်ကလေးချမ်းသာကြပါတယ်။ တရားဘက်ကို ဝီရိယ စိုက်ထုတ်လိုက်တယ်ဆိုရင်လည်းလွယ်လွယ်ကူကူနဲ့တရားရကြပါတယ်။
ဘာမျှမလုပ်ရင်တော့ အလိုလိုနဲ့ ဘာမျှ ဖြစ်မလာပါဘူး။
သာဓု သာဓု သာဓု ။
ပါရမီပါသော်လည်းမကြိုးစားဘူး အားမထုတ်ဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။


ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ
 ဟောကြားတော်မူသောတရားတော်မှ ကောက်နှုတ်တင်ပြအပ်ပါသည်။

No comments:

Post a Comment