Pages
▼
*** * ဖေဖေ မေတ္တာ ****
*** * ဖေဖေ မေတ္တာ **** လူတွေဟာ ပုံမှန်သွားလာလှုပ်ရှား
တဲ့အခါ သာမန်ရွှေငွေရတနာကိုပဲ
ဝတ်ဆင်ကြပါတယ် တန်ဖိုးကြီး
အကောင်းစားတွေကိုတော့
သိမ်းထားတတ်ကြပြီး ပွဲလမ်း
သဘင်အခမ်းအနားတွေကျမှ
ထုတ်ဝတ်တတ်ကြပါတယ်
အဖေတွေဟာလည်း အများ
အားဖြင့် သားသမီးအပေါ်
သာမန်အချိန်တွေမှာ အမေတွေ
လောက်မချစ်ဘူးထင်ရပေမယ့်
သားသမီးတွေဟာ အဖေတွေရဲ့
နှလုံးသားရတနာပါပဲ သားသမီး
အတွက် မိသားစုအတွက် တကယ်
လိုအပ်ချိန်တွေဆိုရင် ရှေ့ကနေ
မားမားမတ်မတ်နဲ့ရင်ဆိုင်ဖြေရှင်း
ကြတဲ့သူရဲကောင်းတွေပါ ကိုယ့်
တစ်ဝမ်းစာတောင်ရှာရခက်တဲ့
ခေတ်မှာမိသားစုတစ်စုလုံးရဲ့
ဝမ်းလှအောင်သာမကခါးလှအောင်
ပါရှာဖွေကျွေးမွေးတဲ့အဖေတွေရဲ့
အနှိုင်းမဲ့ကျေးဇူးမေတ္တာကို
သားသမီးတွေကလည်း တတ်စွမ်း
သလောက်ကျေးဇူးဆပ်နိုင်ကြပါစေ
အားလုံးကိုခင်မင်လေးစားလျှက်။
(သားငယ်လေး)့
အဝေးရောက်နေသော သူငယ်ချင်းများအတွက်...
မိဘကျေးဇူးကဗျာမှ ပြန်လည်တင်ပြသည်။
No comments:
Post a Comment