Pages

Saturday, December 28, 2013

““အမှောင်ကမ္ဘာမှ ညည်းညူသံ”” (ကိုယ်တိုင်ရေး)



 ““အမှောင်ကမ္ဘာမှ ညည်းညူသံ”” (ကိုယ်တိုင်ရေး)
********************************** 
*မ၀သေးသော နို့ရည်ကို ငံ့လင့်နေစဉ်ပင်-
အမေသည် ခြံကျော်၏။


အဖေသည် မိုးပြိုသကဲ့သို့ ငေးတိငေးကြောင် ဖြစ်နေရှာ၏။
ပုလဲတို့သည် တာတမံကျိုးလေပြီ…။

*ငါ့မိခင်အား တမ်းတစိတ်ဖြင့် သက္ကရာဇ်တို့သည် ကျရှုံးခဲ့၏၊
သို့သော်လည်း ငါ…မမြင်ရ…။

*အမေ၏ တေးသံချိုတို့ ကွယ်ခဲ့သည့် အချိန်တွေအတွင်း
ငါ့ရင်မှာ မီးလျှံတို့ဖြင့်သာ ပြည့်နှက်နေခဲ့၏။ ။
အမေကား----- ငါ့အားထားခဲ့၏။ ။ ။
ငါ၏မျက်ရည်တို့သည်လည်း သက်သေပြုသည်။ ။ ။

*အမှောင်ကမ္ဘာသည် ငါ၏မိတ်ဆွေဟုဆိုက မှားအံ့မထင်။
ကြင်နာခြင်းဝေးကွာနေသော နှလုံးအိမ်သည် တပြုတ်ပြုတ်ပြုန်းကာ
ဒဏ်ရာသည် သွေးအစက်စက်ဖြင့် ခြောက်ကပ်နေ၏။

*ညဥ့်ငှက်တို့ကို ငါကြေက်၏။ အိပ်ရာထက်၌ တစ်ယောက်တည်း
လူးလွန့်နေသောငါ့ကို လှောင်ပြောင်နှိပ်စက်၏။ ။
အထိတ်တလန့် မော့မကြည့်မီ လမင်းသည် ကွေကွင်းနှင့်ပြီ...။

*ခလုပ်တိုက်ခြင်းကြောင့် ရလာသောအနာတို့မှာလည်း
ပရုပ်ဆီ မကပ်ငြိ ။ ။ သည့်နောက်တွင် ငါသည်…. အရာရာကို
မြင်ခြင်းမရှိတော့ပြီလေ…။ ။ ။

*အဖေသည် နေတစ်စင်းဖြစ်သော်
အမေသည် လမင်းသာတည်း….။
အဖေ+အဖေမရှိသောသူ၏ အသက်ရှင်သန်မှုသည်
လမိုက်ညနှင့် မခြားနားပေ..။…။….။

(“သူငယ်ချင်း(နေသစ်)၏ ဘ၀ဖြစ်စဉ်ကို ခံစားရေးဖွဲ့ပါသည်…”)

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

No comments:

Post a Comment