Pages

Friday, January 10, 2014

★ ဘုရားပွင့်ခဲ့တာ မှန် ပါတယ် ★

 _________________________________
★   ဘုရားပွင့်ခဲ့တာ မှန် ပါတယ် ★
_________________________________





ယခု နှစ်ဦးပိုင်းကတည်းက ကျွန်တော် သည် အလုပ်ကိစ္စ အတွက် ခရီးထွက်နေရလေရာ စာလည်းမရေးနိုင်။
ရောက်လေရာ ဒေသ၊မြို့ရွာ တို့တွင်လည်း လည်ပတ်ကြည့်ရှုစရာမည်သည့်နေရာကိုမှ သွားရောက်လည်ပတ်ချင်စိတ်လည်း မရှိ။

ထို့ကြောင့် လမ်းခရီးမှာ ကားစီးရင်း၊ ခေတ္တ နားရင်းအချိန်မျိုးများ တွင် ပါလာသည့် စာအုပ်များထုတ်၍ စာဖတ်လို့သာနေရသည်။ စာဖတ်ရတာ ငြီးငွေ့လာပြန်တော့ တောင်တွေး၊ မြောက်တွေး နှင့် အချိန်ကိုကုန်လွန်စေရပြန်သည်။ ထိုသို့ တွေးမိရင်း ငယ်စဉ်က အတွေးခေါင်ခဲ့တာလေးတစ်ခုကို အမှတ်မထင် ခေါင်းထဲဝင်လာခဲ့ပါ၏။

တွေးမိတာ က "လွန်လေပြီးသော နှစ်ပေါင်း-၂၅၀၀ကျော် တုန်းက မဇ္စျိမဒေသ၌ ဗုဒ္ဓမြတ်စွာဘုရား ထင်ရှားပွင့်ထွန်းတော် မူခဲ့ကြောင်း ဘာ နှင့် သက်သေထူမည်နည်း?" ဟူသော မေးခွန်းတစ်ခု။ 

 ငယ်စဉ် က ထို မေးခွန်းကို အခု အချိန်မှ ပြန်သတိထားမိလေသောအခါ လန့်သွားတာရော၊ အံ့အားသင့်သွားတာရော ဘယ်သင်း က ပိုသလဲတောင်အပြောရခက်သည်။ ဒီထောင့်ကို တစ်ခါမျှတွက်မထားခဲ့မိ။

စကားရှည်သည်ဟု မထင်စေချင်ပါ။ ဒီလိုမှ "ခြေဆင်း" မခံလိုက်လျှင် ကျွန်တော်ရေးမည့်စာ ကို နားလည်နိုင်မည်မဟုတ်ပါ။

တွေးခဲ့မိသည့် မေးခွန်း ဖြင့် ပြန်စလိုက်ပါဦးမည်။

"လွန်လေပြီးသော နှစ်ပေါင်း-၂၅၀၀ကျော် တုန်းက မဇ္စျိမဒေသ၌ ဗုဒ္ဓမြတ်စွာဘုရား ထင်ရှားပွင့်ထွန်းတော် မူခဲ့ကြောင်း ဘာ နှင့် သက်သေထူမည်နည်း?"

ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် အတုမရှိသော ကိုယ်တော်အား တေဇောဓာတ် လောင်ကျွမ်းခဲ့၏။ တောဇောမီးလျှံများ ငြိမ်းသွားသောအခါ ကိုယ်ခန္ဓာ အစိတ်အပိုင်းဟူ၍ လုံးဝမကျန်ရစ်ခဲ့တော့ဘဲ ဓာတ်တော်ချည်းသာဖြစ်နေတော့၏။ ထို ဓာတ်တော် တို့သည် ပထမဦးစွာ ကိုးကွယ်ထားသော စေတီတော်(၈)ဆူ တို့မှ တစ်ဆင့် ကမ္ဘာ့နေရာအနှံ့အပြားသို့ ပြန့်ပွားစံတော်မူကြသည်ဟု ဆိုပါသည်။

အကယ်၍ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်ဖြစ်ပါက တစ်နေရာရာမှ ဓာတ်တော်များကို ဖူးမြင်ကာ ထို ဓာတ်တော်များ မှတစ်ဆင့် သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရုပ်သဏ္ဌာန်တော် ကို ဖူးမြော်၍ ရနိုင်ပါလိမ့်မည်။

ကျွန်တော့်လို သာမာန်လူသားများအဖို့မှာမူ "ဗုဒ္ဓဘုရားရှင်၏ဓာတ်တော်များပေတကား" ဟု ကြည်ညိုဦးခိုက်ရုံထက် ပိုနိုင်မည်မဟုတ်ပါ။ လူသားတို့ရုပ်ကြွင်းများကိုလေ့လာကာ ထိုသူတို့၏သက်ရှိ ထင်ရှားရှိစဉ်က အခြေအနေများကို လေ့လာရသော မနုဿဗေဒပညာရှင်များအနေနှင့် မည်သို့မျှ ဝေဖန်ဆုံးဖြတ်နိုင်မည် မဟုတ်ပါ။

ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ၀င်စံတော်မူပြီးနောက်"သီရိဓမ္မာသောကမင်းကြီး"(အသောက ခေတ်)တိုင်အောင် ဗုဒ္ဓမြတ်စွာဘုရားရှင် ၏ ရုပ်တုတော်ကို ထုလုပ်, ကိုးကွယ်ခြင်းမပြုကြသေးပါ။ အတုမရှိ မြင့်မြတ်လှစွာသော ရုပ်သွင်တော်ကို မည်သည့်နည်းနှင့်မျှ တူအောင် ပြုလုပ်၍မရနိုင်သောကြောင့်ဖြစ်ပါ၏။

ထို့ကြောင့်ပင် ထိုခေတ် က ထုလုပ်ထားသော "ဗုဒ္ဓ၀င်ကျောက်တမော"့ လက်ရာများ၌ ဗုဒ္ဓမြတ်စွာဘုရား ရှိတော်မူနေရသည့်နေရာ ကို ကွက်လပ် ထား၍လည်းကောင်း၊ တရားစကြာဘီး ဖြင့် ကိုယ်စားပြု၍ လည်းကောင်း၊ထုလုပ်ထားကြရ၏။ ထို့နောက်မှ ကျမ်းဂန်ထွက် "မဟာပုရိသလက္ခဏာတော်"များကို ပေါ်လွင်နိုင်သမျှပေါ်လွင်အောင် ကြိုးစားကာ ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်လာကြရ၏။ သို့ဖြစ်၍ ဗုဒ္ဓမြတ်စွာဘုရားနှင့် ရာနှုန်းပြည့်တူညီသော ရုပ်ပွားဆင်းတုတော်ဟူ၍ မရှိနိုင်ပါ။

ထို့ပြင် မဇ္ဈိမ ဒေသ ၌ အစဉ်အဆက်နေထိုင်လာခဲ့သူများက ဗုဒ္ဓမြတ်စွာဘုရားရှင် နှင့်ပတ်သက်၍ အမှတ်တရထားရှိလာခဲ့ကြသော နေရာဋ္ဌာနများကို သူတို့ကိုးကွယ်သည့်ဘာသာ နှင့် ပတ်သက်သော အမည်များမှည့်ခေါ်ထားကြသည်ဟု စာအုပ်တစ်အုပ်တွင်ဖတ်ဖူးရ၏။ သို့ဖြစ်၍ ထိုနေရာဋ္ဌာနများကို သက်သေထူကာ အခြားဘာသာဝင်များကပါ မငြင်းနိုင်အောင် ပြောနိုင်ဖို့ကလည်း ခပ်ခက်ခက် ဖြစ်နေပါ၏။

သို့ဖြစ်လျှင် "ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောသည့် "ပိဋကတ်သုံးပုံ"တို့ကို သက်သေထူပါတော့လား" ဆိုတော့လည်း ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက စာပေအက္ခရာ ,အရေးအသားဖြင့် မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပါ။ ဗုဒ္ဓမြတ်စွာဘုရားရှင် ရွှေနှုတ်တော်ထွက် ဒေသနာတော်များကို တပည့်သာဝက များက "နား" ဖြင့်သာ ခံယူလာခဲ့ကြ၏။

မိမိ တို့မှတစ်ဆင့် ပို့ချပေးသော အခါမှာလည်း ထိုနည်းအတိုင်းသာဖြစ်၏။ နှုတ်တိုက်,သင်ယူ,မှတ်သား၍လာခဲ့ရသော ဒေသနာတော်များကိုပင် "သုံးကြိမ်သုံးခါ"  သင်္ဂါယနာတင်ကာ "စတုတ္ထ သင်္ဂါယနာ" မှသာ ပေထက် အက္ခရာ တင်ခဲ့ကြရပါ၏။ သို့ဖြစ်၍ သာသနာတော်ကို မယုံကြည်နိုင်သူတို့က"သူတို့ဟာက ပါးစပ်ရာဇ၀င်တွေပါ။ ဘာမှ အခိုင်အမာ မရှိပါဘူး"ဟု ဆိုနိုင်စရာများ ရှိနေပါ၏။

လွန်လေသော နှစ်ပေါင်း(၂၀၀၀)ကျော် က"မိလိန္ဒမင်းကြီး" က အထက်ပါ ကဲ့သို့သော "အတွေးခေါင်သူ ငတိတစ်ကောင် ပေါ်လာလတ္တံ" ဟု ကြိုတင်တွေးမြင်ထားခဲ့လေရော့သလားမသိပါချေ။

"နောင်လာ နောင်သားတို့ လက်ထက်၌ ဤကဲ့သို့သော ပြဿနာများပေါ်ပေါက်လာပါက မည်သို့ ဖြေရှင်းကြရမည်နည်း"ဟူ၍ စိုးရိမ်ကြောင့်ကြ ဖြစ်ခဲ့ရသည် ထင်ပါ၏။ ထို့ကြောင့် မိမိ ကိုးကွယ်ဆည်းကပ်နေသော "အရှင်နာဂသေန" ထံ ချဉ်းကပ်ကာ ဤသို့ လျှောက်ထားခဲ့ပါ၏။

"အရှင် နာဂသေန ဘုရား၊ အရှင်ဘုရားသည် မြတ်စွာဘုရားကို ဖူးမြင်ဖူးပါသလော"

"မင်းကြီး၊မဖူးမြင်ရဖူးပေ"
"အရှင်ဘုရား၊ အရှင်ဘုရား၏ ဆရာတို့ကော  ဖူးမြင်ရဖူးပါသလော"

"မင်းကြီး၊ငါတို့ဆရာသမား များလည်း မဖူးမြင်ရဖူးပါ"

"အရှင်ဘုရား ၊ ထိုသို့ဖြစ်လျှင် မြတ်စွာဘုရားပွင့်တော်မူခဲ့တာမဟုတ် ဟူ၍သာ ဆိုထိုက်ပါတော့သည်"

ဤသို့သော် ပြဿနာကို ဖြေရှင်းနိုင်ရန်"အရှင်နာဂသေန" ကလည်း တုံ့ပြန်၍ မေးခွန်းထုတ်တော်မူရပေသည်။


"မင်းကြီး၊ သင် မင်းကြီး၏ အမျိုးအနွယ်ထဲတွင် ရှေးဦးဆုံး မင်း တို့ ရှိပါသလော"

"အရှင်ဘုရား၊ရှိခဲ့ကြပါကုန်၏"

"မင်းကြီး၊ ထို ရှေးဦးဆုံး မင်း တို့ကို သင် မင်းကြီး မြင်ဖူးပါသလော"

"အရှင်ဘုရား၊ မမြင်ဖူးပါ"

"မင်းကြီး၊ သင် မင်းကြီး ကို သွန်သင်ဆုံးမခဲ့ကြသော ပုရောဟိတ်၊စစ်သူကြီး နှင့်တရားသူကြီး တို့ကော မြင်ဖူးပါသလော"

"အရှင်ဘုရား၊သူတို့လည်း မမြင်ဖူးကြပါ"

"မင်းကြီး၊ ထိုသို့ဖြစ်လျှင် ရှေးဦးဆုံး မင်းတို့ ရှိခဲ့တာမဟုတ်ဟူ၍သာ ဆိုထိုက်ပါတော့သည်"

"အရှင်ဘုရား၊ ရှေးဦးဆုံး မင်း တို့ကို မမြင်ဖူးသော်ငြားလည်း ထို မင်းတို့၏ အသုံးအဆောင် တို့ကား ယခုထက်တိုင် ထင်ရှားရှိနေကြပါကုန်၏။

ထို မင်းတို့၏ ထီးဖြူတော်၊မကိုဋ်သင်းကျစ်၊ ခြေနင်း၊ စာမရီသားမြီးယပ်၊သန်လျက် နှင့် သလွန်ညောင်စောင်း တို့ကိုတွေ့မြင်နိုင်ကြပါကုန်၏။ ထို အသုံးအဆောင်တို့ကြောင့် ရှေးဦးမင်းတို့ ရှိခဲ့သည် ဟု သိနိုင်ပါသည်"

"မင်းကြီး၊ ထို့အတူသာပင် ပူဇော်အထူးကိုခံယူတော်မူထိုက်၍ သစ္စာလေးတန် တရားမှန်ကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူခဲ့သော မြတ်စွာဘုရားကို မဖူးမြင်ရဖူးသော်ငြားလည်း ထို မြတ်စွာဘုရား သုံးဆောင်တော်မူခဲ့သော တရားတို့ကား အထင်အရှား ရှိကြပါကုန်၏။

ထို ဘုရားရှင်၏ သတိပဋ္ဌာန်လေးပါး၊သမ္မပ္ပဓာန်လေးပါး၊ဣဒ္ဓိပါဒ် လေးပါး၊ဗိုလ်ငါးပါး၊ဣနြေ္ဒငါးပါး၊ဗောဇ္ဈင် ခုနှစ်ပါး၊ အရိယမဂ္ဂင်ရှစ်ပါး၊ဟူသော အသုံးအဆောင်တို့ ထင်ရှားရှိနေကြပါကုန်၏။ 

ထို အသုံးအဆောင်တို့ကြောင့် နတ် နှင့်တကွသော ဤ လောကသည် မြတ်စွာဘုရား ထင်ရှားပွင့်ခဲ့သည်ကို သိနိုင်ပါပေ၏"ဟု သက်သေထူခဲ့သည်။

ဗုဒ္ဓမြတ်စွာဘုရားရှင် သုံးဆောင်တော်မူခဲ့သော တရားတို့မှာ"ဗောဓိပက္ခိယတရား (၃၇) ပါး"တို့ပင် ဖြစ်၏။
ထို "ဗောဓိပက္ခိယတရား (၃၇) ပါး" တို့၌ ပထမဦးစွာ ဖော်ပြထားသော "သတိပဋ္ဌာန်(၄)ပါး" တို့တွင် မိမိဉာဏ် အဆင့် နှင့်သင့်လျော်ရာ သတိပဋ္ဌာန်တစ်ပါးပါးကို "သမ္မပ္ပဓာန်(၄)ပါး" တို့ဖြင့် ကြိုးစား ပွားများ အားထုတ် ကြပါလျှင်(၈)ပါးသော မဂ္ဂင်ဉာဏ် အမြင်ကို ရရှိကြမည်ဖြစ်၏။

ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သုံးဆောင်တော်မူခဲ့သော "ဗောဓိပက္ခိယ"အသုံးအဆောင်တို့ကို မိမိ ကိုယ်တိုင် သုံးဆောင်ခံစားကာ ထို အသုံးအဆောင်တို့ကို ဦးစွာပထမ သုံးဆောင်ခံစားတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားရှင် ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်ဖူးမြင်နိုင်ကြတော့မည်ဖြစ်၏။

ထိုအခါတွင် အပြင်အပ က မည်သည့်အထောက်အထားကိုမျှ ရှာဖွေနေရန် မလိုအပ်တော့ဘဲ မိမိ ကိုယ်ပိုင်ဉာဏ်ဖြင့် သက်သေထူကာ"ဗုဒ္ဓမြတ်စွာဘုရား ပွင့်ခဲ့တာ ဧကန်မှန်တယ်" ဟု ရဲရဲဝံ့ဝံ့ကြီး ၀န်ခံချက်ပေးနိုင်ကြပါလိမ့်မည်။

ထို့ကြာင့်ပင် ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင် က "တရား ကိုမြင်ပါက ငါဘုရားကိုလည်း ဖူးမြင်ပြီး ဖြစ်တော့သည် "ဟု"အရှင်ဝက္ကလိ"အား ဟောကြားတော်မူခဲ့သည် မဟုတ်ပါကလား။

မလွှဲသာလို့သာ ပြန်လည်တင်ပြလိုက်ရသော်လည်း ကြောင်စီစီ အတွေး မို့ ခပ်ရှက်ရှက်ပါပဲ။
ကျွန်တော် သည်နေ့ မနက် "အရှင်နာဂသေန" မထေရ် မြတ်ကြီး နှင့် "မိလိန္ဒမင်းကြီး" ကို လွမ်းအူပေါက်နေမိပါသည်။






ရေးသားပြီးစီး။    ။ ၁၃၇၅ခုနှစ်၊ပြာသို လဆန်း(၉) ရက် ၊(9th-January,2014)၊ကြာသပတေးနေ့- (နံနက်-၁၀း ၅၁)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ကိုညီညီတင်)
nyinyitindrums@gmail.com
(09-445108754)
                                                                                               http://www.facebook.com/konyinyi.tin

★ ဘုရားပွင့်ခဲ့တာ မှန် ပါတယ် ★
 

ယခု နှစ်ဦးပိုင်းကတည်းက ကျွန်တော် သည် အလုပ်ကိစ္စ အတွက် ခရီးထွက်နေရလေရာ စာလည်းမရေးနိုင်။
ရောက်လေရာ ဒေသ၊မြို့ရွာ တို့တွင်လည်း

လည်ပတ်ကြည့်ရှုစရာမည်သည့်နေရာကိုမှ သွားရောက်လည်ပတ်ချင်စိတ်လည်း မရှိ။

ထို့ကြောင့် လမ်းခရီးမှာ ကားစီးရင်း၊ ခေတ္တ နားရင်းအချိန်မျိုးများ တွင် ပါလာသည့် စာအုပ်များထုတ်၍ စာဖတ်လို့သာနေရသည်။ စာဖတ်ရတာ ငြီးငွေ့လာပြန်တော့ တောင်တွေး၊ မြောက်တွေး နှင့် အချိန်ကိုကုန်လွန်စေရပြန်သည်။ ထိုသို့ တွေးမိရင်း ငယ်စဉ်က အတွေးခေါင်ခဲ့တာလေးတစ်ခုကို အမှတ်မထင် ခေါင်းထဲဝင်လာခဲ့ပါ၏။


တွေးမိတာ က "လွန်လေပြီးသော နှစ်ပေါင်း-၂၅၀၀ကျော် တုန်းက မဇ္စျိမဒေသ၌ ဗုဒ္ဓမြတ်စွာဘုရား ထင်ရှားပွင့်ထွန်းတော် မူခဲ့ကြောင်း ဘာ နှင့် သက်သေထူမည်နည်း?" ဟူသော မေးခွန်းတစ်ခု။


ငယ်စဉ် က ထို မေးခွန်းကို အခု အချိန်မှ ပြန်သတိထားမိလေသောအခါ လန့်သွားတာရော၊ အံ့အားသင့်သွားတာရော ဘယ်သင်း က ပိုသလဲတောင်အပြောရခက်သည်။ ဒီထောင့်ကို တစ်ခါမျှတွက်မထားခဲ့မိ။


စကားရှည်သည်ဟု မထင်စေချင်ပါ။ ဒီလိုမှ "ခြေဆင်း" မခံလိုက်လျှင် ကျွန်တော်ရေးမည့်စာ ကို နားလည်နိုင်မည်မဟုတ်ပါ။


တွေးခဲ့မိသည့် မေးခွန်း ဖြင့် ပြန်စလိုက်ပါဦးမည်။


"လွန်လေပြီးသော နှစ်ပေါင်း-၂၅၀၀ကျော် တုန်းက မဇ္စျိမဒေသ၌ ဗုဒ္ဓမြတ်စွာဘုရား ထင်ရှားပွင့်ထွန်းတော် မူခဲ့ကြောင်း ဘာ နှင့် သက်သေထူမည်နည်း?"


ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် အတုမရှိသော ကိုယ်တော်အား တေဇောဓာတ် လောင်ကျွမ်းခဲ့၏။ တောဇောမီးလျှံများ ငြိမ်းသွားသောအခါ ကိုယ်ခန္ဓာ အစိတ်အပိုင်းဟူ၍ လုံးဝမကျန်ရစ်ခဲ့တော့ဘဲ ဓာတ်တော်ချည်းသာဖြစ်နေတော့၏။ ထို ဓာတ်တော် တို့သည် ပထမဦးစွာ ကိုးကွယ်ထားသော စေတီတော်(၈)ဆူ တို့မှ တစ်ဆင့် ကမ္ဘာ့နေရာအနှံ့အပြားသို့ ပြန့်ပွားစံတော်မူကြသည်ဟု ဆိုပါသည်။


အကယ်၍ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်ဖြစ်ပါက တစ်နေရာရာမှ ဓာတ်တော်များကို ဖူးမြင်ကာ ထို ဓာတ်တော်များ မှတစ်ဆင့် သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရုပ်သဏ္ဌာန်တော် ကို ဖူးမြော်၍ ရနိုင်ပါလိမ့်မည်။


ကျွန်တော့်လို သာမာန်လူသားများအဖို့မှာမူ "ဗုဒ္ဓဘုရားရှင်၏ဓာတ်တော်များပေတကား" ဟု ကြည်ညိုဦးခိုက်ရုံထက် ပိုနိုင်မည်မဟုတ်ပါ။ လူသားတို့ရုပ်ကြွင်းများကိုလေ့လာကာ ထိုသူတို့၏သက်ရှိ ထင်ရှားရှိစဉ်က အခြေအနေများကို လေ့လာရသော မနုဿဗေဒပညာရှင်များအနေနှင့် မည်သို့မျှ ဝေဖန်ဆုံးဖြတ်နိုင်မည် မဟုတ်ပါ။


ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ၀င်စံတော်မူပြီးနောက်"သီရိဓမ္မာသောကမင်းကြီး"(အသောက ခေတ်)တိုင်အောင် ဗုဒ္ဓမြတ်စွာဘုရားရှင် ၏ ရုပ်တုတော်ကို ထုလုပ်, ကိုးကွယ်ခြင်းမပြုကြသေးပါ။ အတုမရှိ မြင့်မြတ်လှစွာသော ရုပ်သွင်တော်ကို မည်သည့်နည်းနှင့်မျှ တူအောင် ပြုလုပ်၍မရနိုင်သောကြောင့်ဖြစ်ပါ၏။


ထို့ကြောင့်ပင် ထိုခေတ် က ထုလုပ်ထားသော "ဗုဒ္ဓ၀င်ကျောက်တမော"့ လက်ရာများ၌ ဗုဒ္ဓမြတ်စွာဘုရား ရှိတော်မူနေရသည့်နေရာ ကို ကွက်လပ် ထား၍လည်းကောင်း၊ တရားစကြာဘီး ဖြင့် ကိုယ်စားပြု၍ လည်းကောင်း၊ထုလုပ်ထားကြရ၏။ ထို့နောက်မှ ကျမ်းဂန်ထွက် "မဟာပုရိသလက္ခဏာတော်"များကို ပေါ်လွင်နိုင်သမျှပေါ်လွင်အောင် ကြိုးစားကာ ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်လာကြရ၏။ သို့ဖြစ်၍ ဗုဒ္ဓမြတ်စွာဘုရားနှင့် ရာနှုန်းပြည့်တူညီသော ရုပ်ပွားဆင်းတုတော်ဟူ၍ မရှိနိုင်ပါ။


ထို့ပြင် မဇ္ဈိမ ဒေသ ၌ အစဉ်အဆက်နေထိုင်လာခဲ့သူများက ဗုဒ္ဓမြတ်စွာဘုရားရှင် နှင့်ပတ်သက်၍ အမှတ်တရထားရှိလာခဲ့ကြသော နေရာဋ္ဌာနများကို သူတို့ကိုးကွယ်သည့်ဘာသာ နှင့် ပတ်သက်သော အမည်များမှည့်ခေါ်ထားကြသည်ဟု စာအုပ်တစ်အုပ်တွင်ဖတ်ဖူးရ၏။ သို့ဖြစ်၍ ထိုနေရာဋ္ဌာနများကို သက်သေထူကာ အခြားဘာသာဝင်များကပါ မငြင်းနိုင်အောင် ပြောနိုင်ဖို့ကလည်း ခပ်ခက်ခက် ဖြစ်နေပါ၏။


သို့ဖြစ်လျှင် "ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောသည့် "ပိဋကတ်သုံးပုံ"တို့ကို သက်သေထူပါတော့လား" ဆိုတော့လည်း ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက စာပေအက္ခရာ ,အရေးအသားဖြင့် မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပါ။ ဗုဒ္ဓမြတ်စွာဘုရားရှင် ရွှေနှုတ်တော်ထွက် ဒေသနာတော်များကို တပည့်သာဝက များက "နား" ဖြင့်သာ ခံယူလာခဲ့ကြ၏။


မိမိ တို့မှတစ်ဆင့် ပို့ချပေးသော အခါမှာလည်း ထိုနည်းအတိုင်းသာဖြစ်၏။ နှုတ်တိုက်,သင်ယူ,မှတ်သား၍

လာခဲ့ရသော ဒေသနာတော်များကိုပင် "သုံးကြိမ်သုံးခါ" သင်္ဂါယနာတင်ကာ "စတုတ္ထ သင်္ဂါယနာ" မှသာ ပေထက် အက္ခရာ တင်ခဲ့ကြရပါ၏။ သို့ဖြစ်၍ သာသနာတော်ကို မယုံကြည်နိုင်သူတို့က"သူတို့ဟာက ပါးစပ်ရာဇ၀င်တွေပါ။ ဘာမှ အခိုင်အမာ မရှိပါဘူး"ဟု ဆိုနိုင်စရာများ ရှိနေပါ၏။

လွန်လေသော နှစ်ပေါင်း(၂၀၀၀)ကျော် က"မိလိန္ဒမင်းကြီး" က အထက်ပါ ကဲ့သို့သော "အတွေးခေါင်သူ ငတိတစ်ကောင် ပေါ်လာလတ္တံ" ဟု ကြိုတင်တွေးမြင်ထားခဲ့လေရော့သလားမသိပါချေ။


"နောင်လာ နောင်သားတို့ လက်ထက်၌ ဤကဲ့သို့သော ပြဿနာများပေါ်ပေါက်လာပါက မည်သို့ ဖြေရှင်းကြရမည်နည်း"ဟူ၍ စိုးရိမ်ကြောင့်ကြ ဖြစ်ခဲ့ရသည် ထင်ပါ၏။ ထို့ကြောင့် မိမိ ကိုးကွယ်ဆည်းကပ်နေသော "အရှင်နာဂသေန" ထံ ချဉ်းကပ်ကာ ဤသို့ လျှောက်ထားခဲ့ပါ၏။


"အရှင် နာဂသေန ဘုရား၊ အရှင်ဘုရားသည် မြတ်စွာဘုရားကို ဖူးမြင်ဖူးပါသလော"


"မင်းကြီး၊မဖူးမြင်ရဖူးပေ"

"အရှင်ဘုရား၊ အရှင်ဘုရား၏ ဆရာတို့ကော ဖူးမြင်ရဖူးပါသလော"

"မင်းကြီး၊ငါတို့ဆရာသမား များလည်း မဖူးမြင်ရဖူးပါ"


"အရှင်ဘုရား ၊ ထိုသို့ဖြစ်လျှင် မြတ်စွာဘုရားပွင့်တော်မူခဲ့တာမဟုတ် ဟူ၍သာ ဆိုထိုက်ပါတော့သည်"


ဤသို့သော် ပြဿနာကို ဖြေရှင်းနိုင်ရန်"အရှင်နာဂသေန" ကလည်း တုံ့ပြန်၍ မေးခွန်းထုတ်တော်မူရပေသည်။



"မင်းကြီး၊ သင် မင်းကြီး၏ အမျိုးအနွယ်ထဲတွင် ရှေးဦးဆုံး မင်း တို့ ရှိပါသလော"


"အရှင်ဘုရား၊ရှိခဲ့ကြပါကုန်၏"


"မင်းကြီး၊ ထို ရှေးဦးဆုံး မင်း တို့ကို သင် မင်းကြီး မြင်ဖူးပါသလော"


"အရှင်ဘုရား၊ မမြင်ဖူးပါ"


"မင်းကြီး၊ သင် မင်းကြီး ကို သွန်သင်ဆုံးမခဲ့ကြသော ပုရောဟိတ်၊စစ်သူကြီး နှင့်တရားသူကြီး တို့ကော မြင်ဖူးပါသလော"


"အရှင်ဘုရား၊သူတို့လည်း မမြင်ဖူးကြပါ"


"မင်းကြီး၊ ထိုသို့ဖြစ်လျှင် ရှေးဦးဆုံး မင်းတို့ ရှိခဲ့တာမဟုတ်ဟူ၍သာ ဆိုထိုက်ပါတော့သည်"


"အရှင်ဘုရား၊ ရှေးဦးဆုံး မင်း တို့ကို မမြင်ဖူးသော်ငြားလည်း ထို မင်းတို့၏ အသုံးအဆောင် တို့ကား ယခုထက်တိုင် ထင်ရှားရှိနေကြပါကုန်၏။


ထို မင်းတို့၏ ထီးဖြူတော်၊မကိုဋ်သင်းကျစ်၊ ခြေနင်း၊ စာမရီသားမြီးယပ်၊သန်လျက် နှင့် သလွန်ညောင်စောင်း တို့ကိုတွေ့မြင်နိုင်ကြပါကုန်၏။ ထို အသုံးအဆောင်တို့ကြောင့် ရှေးဦးမင်းတို့ ရှိခဲ့သည် ဟု သိနိုင်ပါသည်"


"မင်းကြီး၊ ထို့အတူသာပင် ပူဇော်အထူးကိုခံယူတော်မူထိုက်၍ သစ္စာလေးတန် တရားမှန်ကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူခဲ့သော မြတ်စွာဘုရားကို မဖူးမြင်ရဖူးသော်ငြားလည်း ထို မြတ်စွာဘုရား သုံးဆောင်တော်မူခဲ့သော တရားတို့ကား အထင်အရှား ရှိကြပါကုန်၏။


ထို ဘုရားရှင်၏ သတိပဋ္ဌာန်လေးပါး၊သမ္မပ္ပဓာန်လေးပါး၊ဣဒ္ဓိပါဒ် လေးပါး၊

ဗိုလ်ငါးပါး၊ဣနြေ္ဒငါးပါး၊ဗောဇ္ဈင် ခုနှစ်ပါး၊ အရိယမဂ္ဂင်ရှစ်ပါး၊ဟူသော အသုံးအဆောင်တို့ ထင်ရှားရှိနေကြပါကုန်၏။

ထို အသုံးအဆောင်တို့ကြောင့် နတ် နှင့်တကွသော ဤ လောကသည် မြတ်စွာဘုရား ထင်ရှားပွင့်ခဲ့သည်ကို သိနိုင်ပါပေ၏"ဟု သက်သေထူခဲ့သည်။


ဗုဒ္ဓမြတ်စွာဘုရားရှင် သုံးဆောင်တော်မူခဲ့သော တရားတို့မှာ"ဗောဓိပက္ခိယတရား (၃၇) ပါး"တို့ပင် ဖြစ်၏။

ထို "ဗောဓိပက္ခိယတရား (၃၇) ပါး" တို့၌ ပထမဦးစွာ ဖော်ပြထားသော "သတိပဋ္ဌာန်(၄)ပါး" တို့တွင် မိမိဉာဏ် အဆင့် နှင့်သင့်လျော်ရာ သတိပဋ္ဌာန်တစ်ပါးပါးကို "သမ္မပ္ပဓာန်(၄)ပါး" တို့ဖြင့် ကြိုးစား ပွားများ အားထုတ် ကြပါလျှင်(၈)ပါးသော မဂ္ဂင်ဉာဏ် အမြင်ကို ရရှိကြမည်ဖြစ်၏။

ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သုံးဆောင်တော်မူခဲ့သော "ဗောဓိပက္ခိယ"အသုံးအဆောင်တို့ကို မိမိ ကိုယ်တိုင် သုံးဆောင်ခံစားကာ ထို အသုံးအဆောင်တို့ကို ဦးစွာပထမ သုံးဆောင်ခံစားတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားရှင် ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်ဖူးမြင်နိုင်ကြတော့မည်ဖြစ်၏။


ထိုအခါတွင် အပြင်အပ က မည်သည့်အထောက်အထားကိုမျှ ရှာဖွေနေရန် မလိုအပ်တော့ဘဲ မိမိ ကိုယ်ပိုင်ဉာဏ်ဖြင့် သက်သေထူကာ"ဗုဒ္ဓမြတ်စွာဘုရား ပွင့်ခဲ့တာ ဧကန်မှန်တယ်" ဟု ရဲရဲဝံ့ဝံ့ကြီး ၀န်ခံချက်ပေးနိုင်ကြပါလိမ့်မည်။


ထို့ကြာင့်ပင် ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင် က "တရား ကိုမြင်ပါက ငါဘုရားကိုလည်း ဖူးမြင်ပြီး ဖြစ်တော့သည် "ဟု"အရှင်ဝက္ကလိ"အား ဟောကြားတော်မူခဲ့သည် မဟုတ်ပါကလား။


မလွှဲသာလို့သာ ပြန်လည်တင်ပြလိုက်ရသော်လည်း ကြောင်စီစီ အတွေး မို့ ခပ်ရှက်ရှက်ပါပဲ။

ကျွန်တော် သည်နေ့ မနက် "အရှင်နာဂသေန" မထေရ် မြတ်ကြီး နှင့် "မိလိန္ဒမင်းကြီး" ကို လွမ်းအူပေါက်နေမိပါသည်။
 

ရေးသားပြီးစီး။ ။ ၁၃၇၅ခုနှစ်၊ပြာသို လဆန်း(၉) ရက် ၊(9th-January,2014)၊ကြာသပတေးနေ့- (နံနက်-၁၀း ၅၁)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊

သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ကလျာဏ မိတ္တ
(ကိုညီညီတင်)ရေးသားသောပို့မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment