Pages

Thursday, January 23, 2014

ငရဲ နဲ့ နိဗ္ဗာန် ဘယ်ကိုသွားမလဲ


ငရဲနဲ့ နိဗ္ဗာန်ဘယ်ကိုသွားမလဲမေးရင်နိဗ္ဗာန်သွားမယ်လို့
ဖြေတတ်ကြပေမယ့်တစ်ရက်တစ်ရက်မှာ နိဗ္ဗာန် သွားတဲ့အလုပ် ကိုဘယ်လောက်လုပ်ကြသလဲ လို့ မေးရင်ဘယ်သူမှ သဲသဲကွဲကွဲ မဖြေနိုင်ကြပါဘူး။


ဒီမေးခွန်းကိုဆရာတော်  တိုင်း လိုလိုမေးတတ်ကြပြီး အဖြေကလဲ အဲ့ဒီအတိုင်းပဲထွက်လေ့ရှိပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး မေးမိသမျှမှာ  တစ်ယောက်ဖြေပါတယ်။

ခုလောလောဆယ်တော့နိဗ္ဗာန်သွားဖို့စိတ်မ၀င်စားသေးပါဘူးတဲ့။

ချစ်သူခင်သူနဲ့ အတူတူပျော်ပျော်ရွှင်ရွှင်
နေချင်ပါသေးတယ်တဲ့။ ကဲ....သေခြင်းတရားဆိုတာ ထည့်ကိုမစဉ်းစားတာ ရှင်းနေတာပဲ။

နောက်တစ်ယောက်ကပြောတယ်  အေးလွန်းအားကြီးရင် ခဲသွားမှာပေါ့။ပူလွန်းအားကြီးရင် ပျော်သွားမှာပေါ့။

ဒီအသက်အရွယ်မှာ ဒီလောက်ပဲ ရင့် ကျက်နိုင်သေးတာ ခွင့်လွှတ်ပါနော်တဲ့ ။ကဲ ...သူလည်း ဒီအသက်အရွယ်
က သေရမယ့်အရွယ်မဟုတ်သေးဘူးလို့ ဆိုလိုတာပဲလေ။ အချိန်မရွေးသေသွားနိုင်တယ် ဆိုတာကို
လုံးဝ ထည့်မစဉ်းစားတာသေချာတယ်။

နောက်တစ်ယောက်ပြောတယ်။ ကိုယ်သွားချင်တိုင်းသာ သွားလို့ ရရင် ငရဲ တော့ဘယ်သွားချင်ပါ့မလဲ တဲ့။

တရားအားထုတ်ဖို့တော့စိတ်မကူးတဲ့သဘောလေး။သူများလည်း ဒီလိုပဲနေတာကိုယ်လည်းဒီလိုပဲနေမယ် တဲ့။

အင်တာနက် ဟာသ အနေ နဲ့ တင်ထားလေးကို ဖတ်ခဲ့ရပါတယ်။ ငရဲ နဲ့  နိဗ္ဗာန် ဘာကွာလဲ ဆိုတဲ့မေးခွန်းမှာ

ရာသီဥတု ရှူထောင့် နဲ့ကြည့်ရင်  နိဗ္ဗာန် က သာတယ် တဲ့ ။
ဒါပေမယ့် ငရဲမှာက အပေါင်းအသင်းပိုများတယ်တဲ့။

သမီးတော် လေ့လာထားတာလေး ဖတ်မိတာလေးတွေပါ။


သေခြင်းတရားတကြိမ်လာပြီးတဲ့အခါ ကာမ ဘုံမှာစံရမှာလား။ ရူပဘုံမှာစံရမှာလား။အရူပ ဘုံမှာစံရမှာလား။

အပါယ် လေးဘုံမှာစံရမှာလားဆိုတာ  မသိနိုင်ကြသေးပါဘူး။နိဗ္ဗာန် ၀င်စံမယ့် ပုဂ္ဂိုလ်များကတော့ သူ့ ရဲ့
သွားရာလမ်းကို သူကိုယ်တိုင်ရှင်းလင်းပြီးဖြစ်လို့  အေးချမ်းနေပါပြီ။

ကိုယ်တိုင်ကောငရဲနဲ့ နိဗ္ဗာန် ဘယ်ကိုသွားဖို့ ရည်ရွယ်သလဲ ဆိုတာ ဆန်းစစ်ပြီး

နိဗ္ဗာန် ဆိုရင်တော့ နိဗ္ဗာန် သွားဖို့  ကြိုးစားဖို့ အချိန်ပေးလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

အပေါင်းအသင်းယောင်းရင်း တွေ နဲ့ ပျော်ပျော်ပါးပါး ဘာဖြစ်ဖြစ် နေမယ်ဆိုရင်တော့လဲ..............


 ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး ကိုယ့်လျှောက်ချင်တဲ့ လမ်းကို  ကိုယ်တိုင် အကောင်းဆုံးဖြစ်အောင်
ရွေးနိုင်ကြပါစေ။



http://www.3rdthameetaw.com/2013/11/blog-post_25.html

No comments:

Post a Comment