Pages

Wednesday, January 1, 2014

**** ကောင်းမှုကုသိုလ်တို့ ၏ အစ။ ****

 
 လူတစ်ဦးသည် မိမိကြောင့် လူနှင့်သတ္တ၀ါများ ဆင်းရဲဒုက္ခ ရောက်စေမည့် အပြုအမူ၊ အကျင့်စရိုက်များ
မှရှောင်ကြဉ်ဖို့  လိုပါသည်။ 



ဤသို့  ရှောင်ကြဉ်ခြင်းသည်ပင် "လူ့ ကျင့်ဝတ်၊ လူ့ သီလ၊" ဟုဆိုနိုင်ပါသည်။

မိမိကို အကြောင်းပြုလျက် လူနှင့်သတ္တ၀ါတို့  ဆင်းရဲဒုက္ခ ရောက်စေသော အပြုအမူ အကျင့်အလုပ် မှန်သ
မျှကို ရှောင်ကြဉ်ခြင်းသည် လူ့ ကျင့်ဝတ် ဖြစ်ပါသည်။ 


သီလ၌ တည်သူဖြစ်စိမ့်သောငှာ ကောင်းစွာပြောဆို
ရမည်။ ကောင်းစွာပြုမူ ဆောင်ရွက်ရမည်။

 ကောင်းစွာအသက်မွေးဝမ်းကျောင်း ပြုရပေမည်။

     " အယူအမြင် မှန်ကန်ခြင်းနှင့် သီလစင်ကြယ်ခြင်းသည်  ကောင်းမှုကုသိုလ်တို့ ၏အစ" ဟု မြတ်စွာဘု
ရားသည် "ဗာဟီရသုတ္တန်" တရားတော်တွင် ဟောတော်မူခဲ့ပါသည်။ 


ဒါနပြုသည်ဖြစ်စေ၊ သီလဆောက်
တည်သည်ဖြစ်စေ၊  ဘာဝနာပွါးများသည်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်သည် ကိုယ်ကျက့်သီလ ဖြူစင်သန့် ရှင်းရပေ
မည်။ အခြေခံလူ့ ကျင့်ဝတ် ပျက်စီးယိုယွင်းနေသူဖြစ်လျှင် သမထအားထုတ်သည်ဖြစ်စေ၊ ဘာဝနာပွားများ
သည်ဖြစ်စေ၊ အကျိုးရှိရှိ အရာထင်ထင် ဖြစ်လာမည် မဟုတ်ပါချေ။ ။
    

"သီလ" ဟုဆိုလိုက်လျှင် အချို့ သူများက ဥပုသ်နေ့ တွင် စောင့်ထိန်းသော ငါးပါး၊ ရှစ်ပါး သီလကိုသာ
ဆိုလိုခြင်းဖြစ်သည်ဟု ထင်မှတ်တတ်ကြသည်၊ အမှန်တော့ သီလသည် အစဉ်အမြဲ စောင့်ထိန်းနေရမည့်
ကိုယ်ကျင့်တရား ဖြစ်ပါသည်၊ သူ့ အသက်သတ်ခြင်း၊ သူ့ ဥစ္စာခိုးခြင်း၊ သူ့ အိမ်ရာ ကျူးလွန်ခြင်း၊ မုသားစ
ကားပြောဆိုခြင်း၊ သေရည်သေရက် သောက်သုံးခြင်းတို့ မှ

 ရှောင်ကြဉ်ခြင်းတို့ သည် အခြေခံသီလငါးပါး
ဖြစ်သည်။ ထို့ အပြင် ၀စီဒုစရိုက်လေးပါး၊ ကာယဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးတို့ မှ ရှောင်ကြဉ်
ခြင်းသည်လည်း သီလဖြစ်ပါသည်။


      သီလ လုံခြုံနေလျှင် စိတ်လည်းစင်ကြယ်၏။ ကံလည်းစင်ကြယ်၏။ ကံစင်ကြယ်လျှင် အပါယ်လေးပါး
သို့  မရောက်နိုင်ပါ။ 


မည်မျှပင် ဗဟုသုတရှိစေ၊ ပညာရှိစေ၊ စာပေပို့ ချနိုင်စေ၊ တရားဟောကောင်းစေ၊သီလမရှိသော် အနှစ်မဲ့ကြောင်း ကျေးဇူးရှင် ပထမရွှေကျင် ဆရာတော်ဘုရားကြီး က မိန့် တော်မူသည်မှာ
=="ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။ ပညာရှိလျက် သီလမရှိလျှင် အသီး
မရှိသော အပင်နှင့်တူ၏။


 စာပေပို့ ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။ တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့ မမွေးသော ပန်းနှင့်တူ၏။ ကျမ်းဂန်တတ်လျက် သီလမရှိလျှင်
အဆိပ်သီးပင်နှင့်တူ၏။ "
     

 ကိုယ်ကျင့်သိက္ခာ ဖြူစင်မှုမရှိသော် လူကောင်းလည်းမဖြစ်နိုင်။ လူမွန်လည်း မဖြစ်နိုင်ပါ။ သို့ ဖြစ်၍ ကိုယ်ကျင့်သီလနှင့် ပြီးပြည့်စုံသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ။ ။
 

 {မင်းနန်(မော်ကျွန်း) ပထမရွှကျင်ဆရာတော်ဘုရားကြီး ၏ဩ၀ါဒမှ ကောက်နုတ်ရေးသားပါသည်။}

      http://www.damanady.tk/ (ဓမ္မနဒီ) မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment