Pages

Saturday, January 25, 2014

*** ကပ်ကြီး ၃ ပါး ကင်းလွတ်အောင်။ ***

ကပ်ကြီး ၃ ပါး ကင်းလွတ်စေရန် စွမ်းဆောင်နိုင်တဲ့ နည်းလမ်းကတော့ လူတိုင်းကိုယ်စီငါးပါးသီလ မြဲကြဖို့ပဲ လိုပါတယ်။


         ၁။ ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းသွားပါလျှင် တစ်ဦးနှင့်တစ်ဦး
ညှင်းဆဲသတ်ဖြတ်နေတဲ့ သတ္ထန္တရကပ်ဆိုးကြီး မကျရောက်အောင် ကာကွယ်ရာ ရောက်ပါတယ်၊ 


         ၂။ အဒိန္နဒါန သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းသွားပါလျှင် ငတ်မွတ်ခေါင်းပါးခြင်းဒုဗ္ဘိက္ခန္တရကပ်ဆိုးကြီး မကျရောက်အောင် ကာကွယ်ရာ ရောက်ပါတယ်။


         ၃။ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယ သိက္ခာပုဒ် ၃ ပါးကို လုံခြုံအောင် စောင့်ထိန်းသွားပါလျှင် ရောဂန္တရ ကပ်ဆိုးကြီး မကျရောက်အောင် ကာကွယ်ရာ ရောက်ပါတယ်။


         ဒါကြောင့် စားဝတ်နေရေး အဆင်ပြေပြီး မပူမပင် ငြိမ်းငြိမ်းချမ်းချမ်း နေလိုသူတိုင်းဂရုဓမ္မခေါ်တဲ့ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။


 ဓမ္မနဒီ ဆိုဒ်မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment