Pages

Friday, January 3, 2014

ကျေးဇူးရှင်မာန်လည် ဆရာတော်ဘုရားကြီး၏ ပစ္ဆိမဝစန(နောက်ဆုံး) မိန့်ခွန်းတော်

 
၁။ ဥဒယဗ္ဗယ ပဋိပိဠနသဘာဝါ၊ ဖြစ်ခြင်းပျက်ခြင်းတို့ဖြင့် နှိပ်စက်တတ်သောသဘော။  
၂။ မိဘနှစ်ပါး ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ ပေါင်းရပါကတဲ တည်မမြဲ ငိုပွဲ ခံရမည် အမှန်သာတည်း။ ။

၃။ မိဘနှစ်ပါး ချစ်သူများသို့ မခြားတကွ ဖြစ်သမျှမှာ ပေါင်းရပါကတဲ တည်မမြဲ ရှင်ကွဲကွဲရမည် အမှန်သာတည်း။ ။


၎။ မိဘနှစ်ပါး ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ ပေါင်းရပါကတဲ တည်မမြဲ သေကွဲကွဲရမည် အမှန်သာတည်း။ ။


၅။ လင်နှင့်မယား ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ..ပေါင်းရပါတကဲ တည်မမြဲ ငိုပွဲခံရမည် အမှန်သာတည်း။ ။


၆။ လင်နှင့်မယား ချစ်သူများသို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ ရှင်ကွဲ ကွဲရမည်သာ အမှန်သာတည်း။ ။


၇။ လင်နှင့်မယား ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ သေကွဲ ကွဲရမည် အမှန်သာတည်း။ ။


၈။ သမီးနှင့်သား ချစ်သူများ ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ ငိုပွဲခံရမည် အမှန်သာတည်း။ ။


၉။ သမီးနှင့်သား ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ ရှင်ကွဲ ကွဲရမည် အမှန်သာတည်း။ ။


၁၀။ သမီးနှင့်သား ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ သေကွဲ ကွဲရမည် အမှန်သာတည်း။ ။

၁၁။ ရုပ်နာမ်ထင်ရှား ပျော်လိုငြား အများပုထုဇဉ်မိုက်တို့၏ သဘောတည်း။


၁၂။ ရုပ်နာမ်ထင်ရှား မပျော်ငြား ဘုရားပစ္စေကဗုဒ္ဓါ အရိယာတို့၏ သဘောတည်း။


၁၃။ ရုပ်နာမ်ထင်ရှား ရှိတုံငြားက ဖျားကြနာကြ သေပျောက်ကြ ဒုက္ခခံကြမည် အမှန်ချည်းသာတည်း။


၁၄။ ပြုကျိုးမရှိ ပြင်ကျိုးမရှိ ခံမချိ မသိကျေးဇူး ခန္ဓာတည်း။ ။


၁၅။ လုပ်ကျိုးမရှိ ကိုင်ကျိုးမရှိ ခံမချိ မသိကျေးဇူး ခန္ဓာတည်း။ ။


၁၆။ စားကျိုးမရှိ သောက်ကျိုးမရှိ ခံမချိ မသိကျေးဇူးခန္ဓာတည်း။ ။


၁၇။ ပြင်ကျိုးမရှိ ဆင်ကျိုးမရှိ ခံမချိ မသိကျေးဇူး ခန္ဓာတည်း။ ။


၁၈။ မခံနိုင်သေ ခံနိုင်နေ နှစ်ထွေနာမ်ရုပ် သဘောတည်း။ ။


၁၉။ ဤကိုယ်ကာယ ရှိသမျှ ဒုက္ခခံကြရမည် အမှန်ချည်းသာတည်း။ ။


၂၀။ ဤကိုယ်ကာယ ရှိသမျှ စားကြသောက်ကြရမည် အမှန်ချည်းသာတည်း။ ။


၂၁။ ဤကိုယ်ကာယ ရှိသမျှ အိုကြရမည် အမှန်ချည်းသာတည်း။ ။


၂၂။ ဤကိုယ်ကာယ ရှိသမျှ ဖျားနာကြရမည် အမှန်ချည်းသာတည်း။ ။


၂၃။ ဤကိုယ်ကာယ ရှိသမျှ သေကြရမည် အမှန်ချည်းသာတည်း။ ။


၂၄။ ပြုရင်းပြင်ရင်း နှိပ်စက်ရင်း အိုခြင်းခံကြရသည် ချည်းသာတည်း။ ။


၂၅။ ပြုရင်းပြင်ရင်း နှိပ်စက်ရင်း နာခြင်းခံကြရသည် ချည်းသာတည်း။ ။


၂၆။ ပြုရင်းပြင်ရင်း နှိပ်စက်ရင်း သေခြင်းခံကြရသည် ချည်းသာတည်း။


(မန်လည်မဟာထေရုပ္ပတ္တိကထာ) မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment