Pages

Thursday, January 30, 2014

**** မြတ်စွာဘုရားရှင် မိန့်တော်မူသည်မှာ ****

  မြတ်စွာဘုရားရှင် မိန့်တော်မူသည်မှာ...

မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောဋ္ဋိရွာဆီသို့ ကြွရောက်တော် မူပြီးလျင် ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ -
 
ရဟန်းတို့ အရိယသစ္စာလေးပါးတို့ကို လျော်ကန်စွာ မသိခြင်းကြောင့်၊ ထိုးထွင်း၍မသိခြင်းကြောင့်၊ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း၊ရှည်လျားလှစွာသောဤ(သံသရာ) ကာလပတ် လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။
အဘယ်လေးပါးတို့ကို(မသိခြင်းကြောင့်)နည်းဟူမူ-ရဟန်းတို့ ဆင်းရဲအမှန်(ဒုက္ခအရိယသစ္စာ)၊ဆင်းရဲဖြစ်ကြောင်းအမှန် (သမုဒယအရိယသစ္စာ)၊ ဆင်းရချုပ်ရာအမှန် (နိရောဓအရိယသစ္စာ)၊ ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းလမ်းစဉ်အမှန် (မဂ္ဂအရိယသစ္စာ) ဖြစ်သည်။

ရဟန်းတို့ (ငါသည်) ထို အရိယ သစ္စာလေးပါးကို လျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ၊ ဘဝ၌ တပ်မက်ခြင်း
( ဘဝတဏှာ)ကိုအကြွင်းမဲ့ဖြတ်ပြီးပြီ၊ဘဝသစ်သို့ ဆွဲဆောင်တတ်သော
 ကြိုးနှင့်တူစွာဘဝတဏှာသည်ကုန်လေပြီ၊ယခုအခါတစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ ဟု မိန့်တော်မူ၏။
မြတ်စွာဘုရားသည် အပေါ်တွင် ရေးသားဖော်ပြခဲ့သော 
စကားကိုမိန့်တော်မူပြီးလျင်ဤသို့ဆိုလတ္တံ့သောစကားကိုလည်း မိန့်တော်မူပြန်၏-

"အရိယသစ္စာလေးပါးတို့ကို ဟုတ်မှန်သောအတိုင်း
 မသိခြင်းကြောင့် ထိုထို ဘဝတို့၌ ရှည်လျားလှစွာသော(သံသရာ) 
ကာလပတ်လုံး ကျင်လည်ခဲ့ရလေပြီ၊ ထိုအရိယသစ္စာတို့ကို (ငါသည်)
 သိမြင်ပေပြီ၊ဘဝသစ်ကိုဆွဲဆောင်တတ်သောကြိုးနှင့်တူစွာ ဘဝတဏှာကို ကောင်းစွာနုတ်ပယ်ပြီး ပေပြီ၊ ဆင်းရဲ၏
 အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးပေပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌
 ဖြစ်ခြင်း မရှိတော့ပြီ" ဟု (မိန့်တော်မူ၏)။

*** မြတ်စွာဘုရားသည် 
 သစ္စာလေးပါးတရားကိုအလေးအနက်ထားတော်မူရခြင်း အကြောင်းရင်းကို စာဖတ်သူများ နားလည်သဘောပေါက်နိုင်ပါသည် ။
 မြတ်စွာဘုရား၏ အလေး အနက်ထားမှုကို ကျွန်ုပ်တို့မှ လေးစားစွာဖြင့် နာကြားကျင့်ကြံရမည် မဟုတ်ပါလား….
မြတ်စွာဘုရားသည် ထိုကောဋ္ဋိရွာ၌ နေတော်မူစဉ်လည်း ရဟန်းတို့အား ဤသို့သော တရားစကားကိုသာလျင် အကြိမ်များစွာ ဟောတော်မူ၏ -
"ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကားပညာတည်း။

• သီလ၌တည်၍ ဖြစ်စေအပ်သော 
သမာဓိသည် များသောအကျိုးအာနိသင်ရှိ၏။

• သမာဓိ၌တည်၍ ဖြစ်စေအပ်သော 
ပညာသည် များသောအကျိုးအာနိသင်ရှိ၏။

• ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဟူသော အာသဝေါတို့မှ ကောင်းစွာသာလျင် လွတ်မြောက်၏" ဟု(ဟောတော်မူ၏)။
လေးစားစွာဖြင့်
ဝင်းမြင့်
Copyright © 2010 Thitsartayar.Com

No comments:

Post a Comment