/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, January 15, 2014

**ဗုဒ္ဓ** အပိုင်း(၄)

Photo: **ဗုဒ္ဓ**
******
အပိုင်း(၄)
------------
(ဂ) ဗုဒ္ဓ၏ ဆုံးမနည်း
----------------------
ဗုဒ္ဓသည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ၄၅ နှစ်တိုင်တိုင် တရားဟောပြောခဲ့ရာ အထူးအောင်မြင်ကြောင်း ယုံမှားဖွယ်ရာမရှိချေ။ ဗြဟ္မဏ မင်းမှူးမတ် သူဋ္ဌေးသူကြွယ်မှစ၍ ဆတ္တာသည် ဆင်းရဲသား အလုပ်သမားအထိ လူတန်းစားအမျိုးမျိုးသည်  ဗုဒ္ဓတရားကို နှစ်သက်ကြ၏။ ဗုဒ္ဓ၏တရားကို တစ်ကြိမ်ကြားနာကာမျှဖြင့် ဗုဒ္ဓ၏ တပည့်အဖြစ် ခံယူသူတို့မှာ မနည်းလှချေ။ ဗုဒ္ဓ၏ ထူးခြားသော အောင်မြင်မှုသည် ထိုအခါက ထိုအခါက မဇ္ဈိမဒေသ၌ ဗြာဟ္မဏဝါဒ တန်ခိုးမကြီးသေးခြင်း လူတို့အသိဥာဏ်ရင့်ကျက်၍ ဘာသာရေး အတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေခြင်း ဗုဒ္ဓ၏ ဥပဓိရုပ်နှင့် သီလသမာဓိဂုဏ်ကို ကြည်ညိုကြခြင်း စသည်တို့ကြောင့် ဖြစ်၏။ ထိုအချက်များနှင့် ထပ်တူအရေးပါသော အချက်တစ်ရပ်မှာ ဗုဒ္ဓ၏ ဟောပြောဆုံးမနည်းဖြစ်၏။ သို့ဖြင့် နိဂဏ္ဍတစ်ဦးက ဗုဒ္ဓသည် သူတစ်ပါးကို မိမိဘက်သို့ပါအောင် ဆွဲဆောင်နိုင်သော ဥာဏ်ပညာ ကြွယ်ဝသည်ဟု ဆို၏။
ဗုဒ္ဓသည် ဘီစီ ၆ ရာစုခေတ်မတိုင်မီက လူများလက်ခံယုံကြည်ပြီးဖြစ်သော ဘဝသံသရာ ကံတရား အနိစ္စဒုက္ခတရား စသည်များနှင့် လူများနားလည်ပြီးဖြစ်သော ဝေါဟာရစကားများကို အခြေပြု၍ ဟောပြော၏။ သို့ရာတွင် ထိုရှေးဝါဒများ စကားများသည် ဗုဒ္ဓဒေသနာ၌ အနက်အဓိပ္ပာယ် ပြောင်းလဲလာ၏။ ဗုဒ္ဓလက်ခံသော ဘဝသံသရာသည် ရှေးဗြဟ္မဏတို့ ယုံကြည်သော ဘဝသံသရာနှင့်မတူ။ ဗုဒ္ဓ၏ အနိစ္စ ဒုက္ခတရားသည် ဗြာဟ္မဏတို့၏ အနိစ္စ ဒုက္ခတရားထက် နက်နဲကျယ်ပြန့်၏။ ဗြာဟ္မဏဟူသောစကားသည် ဇာတ်အနွယ်မြင့်မားမှုကို မဆိုလိုဘဲ အကျင့်သီလ မြင့်မြတ်မှုဟူသော အဓိပ္ပာယ်ကို ဆောင်၏။ ဗြာဟ္မာ သည် ပါဠိပိဋကတ်၌ အနန္တတန်ခိုးရှင် (ဝါ) ထာဝရဘုရား သို့မဟုတ် ဥပနိသျှကျမ်းလာ ပရအတ္တ ကို ရည်ညွန်းသောစကားမဟုတ် တော့ဘဲ အမြင့်မြတ်ဆုံး အကောင်းဆုံးဖြစ်ခြင်းကို ဟောသောစကားဖြစ်လာ၏။ ဥပမာ ဗြဟ္ဗဝိဟာရ ဗြာဟ္မစရိယ ဗြာဟ္မစက္က။  ။ ဗုဒ္ဓသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စကားကို တိုက်ရိုက်မပယ်ဘဲ ထိုစကားကိုပင် သုံးစွဲ၍ ပရိယာယ်ဖြင့် ဟောပြောလေ့ရှိ၏။ လယ်ထွန်နေသော ဗြာဟ္မဏတစ်ဦးက မိမိထံ ဆွမ်းခံသော ဗုဒ္ဓအား အရှင်ဘုရားသည် ကျွန်ုပ်ကဲ့သို့ လယ်ထွန်စိုက်ပျိုး လုပ်ကိုင်စားသောက်ပါသလော ဟုဆိုရာ ဗုဒ္ဓက ဗြာဟ္မဏ ငါသည်လည်း လယ်ထွန်စိုက်ပျိုး၏။ ငါ၏ သဒ္ဓါတရားသည် မျိုးစေ့ဖြစ်၏။ ဝိပဿနာပညာ မဂ်ပညာသည် ထမ်းပိုးထွန်တုံးဖြစ်၏။ စသည်ဖြင့် မိန့်ကြား၏။ (ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ်) ပိဋကတ်စာပေ၌ ဤကဲ့သို့သော ဒေသနာမျိုး အမြောက်အများရှိ၏။ 
ဗုဒ္ဓသည် လူတို့အား ဟောပြောဆုံးမရာ၌ ဥပမာ အတော်များများ အသုံးပြုလေ့ရှိ၏။ ဥပမာများမှာ ထိထိမိမိရှိ၍ တရားဒေသနာကို သိမြင်နားလည်ရန် ထိရောက်သော အထောက်အကူဖြစ်၏။ မဟာဗြာဟ္မာကို တွေ့မြင်လိုသော ဝါသေဋ္ဌလုလင်အား ဟောကြားရာ၌ ဗုဒ္ဓက ဗြာဟ္မဏတို့သည် ၎င်းသူတို့၏ ဆရာ့ဆရာ ခုနှစ်ဆက် တိုင်အောင်သောဆရာ လက်ဦးဆရာ ဝေဒကျမ်းများကို  စီရင်သော ရှေးရသေ့တို့သည်လည်းကောင်း တစ်ဦးတစ်ယောက်မျှပင် မဟာဗြာဟ္မာကို မျက်ဝါးထင်ထင် မမြင်ဘူးပါဘဲလျက် မဟာဗြာဟ္မာနှင့် အပေါင်းအဖော် ဖြစ်လိုသည်ဆိုခြင်းမှာ တစ်ဦးကိုတစ်ဦး ဆွဲကိုင်ဆက်စပ်နေသော သူကန်းတို့တွင် ရှေ့ဆုံးလူသည် မမြင် အလယ်လူလည်း မမြင် နောက်ဆုံးလူလည်း မမြင်သကဲ့သို့ လည်းကောင်း မည်သည့်အရပ်၌ ပြာသာဒ် ရှိသည်။ ထိုပြာသာဒ်သည် မြင့်သည် နိမ့်သည်ဟု မသိဘဲ တက်ရန်လှေကားကို ပြုသည်နှင့်လည်းကောင်း နိုင်ငံ၌ အလှဆုံးမိန်းမ၏ အမည် အမျိုးအနွယ် အသားအရောင်နှင့် သူနေသော မြို့ရွာနိဂုံးကို မသိဘဲ ထိုမိန်းမကို ချစ်ကြိုက်ပါသည်ဆိုသော ယောက်ျားနှင့် သော်လည်းကောင်း တူလှချေသည်ဟု မိန့်တော်မူ၏။ (ဒီဃနိကာယ် တေဝိဇ္ဇသုတ်)

သုတ္တန်များ၌ ဗုဒ္ဓအား သမဏဗြာဟ္မဏနှင့် ပရိဗိုဇ်တို့က မေးသောစကားများကို တွေ့ရ၏။ အိုပုဏ္ဏား ငါဆိုလတ္တံ့ သောစကားကို သင် အဘယ်သို့ထင်သနည်း စသောစကားကို နေရာအတော်များများ၌ တွေ့ရခြင်းဖြင့် တရားနာသူများ၏ မေးမြန်းခြင်းကို ဗုဒ္ဓလိုလားကြောင်း သိအပ်၏။ မိလိန္ဒမင်းကဲ့သို့ နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းသောသူမျိုးကို ပိဋကတ်စာပေ၌ မတွေ့ရခြင်းမှာ ထိုသူတို့၏ စကားကို ဗုဒ္ဓစကားလောက် ပိဋကတ်ဆရာတို့က ဂရုမပြုခဲ့ကြသောကြောင့် ဖြစ်တန်ရာ၏။ တရားဟောရာ၌ ဗုဒ္ဓအသုံးပြုသော ထူးခြားသော နည်းစနစ်မှာ ပြဿနာတစ်ခုကို တိုက်ရိုက်မဖြေရှင်းဘဲ အထက်ပါ တေဝိဇ္ဇသုတ်မှာကဲ့သို့ မေးသူအား စေ့ငုသေချာစွာ ပြန်လည် မေးမြန်းစိစစ်ခြင်းဖြင့် အမြင်မှန် ရရှိစေသောနည်းဖြစ်၏။ နောက်ကာလ၌ ထိုနည်းအား အသုံးပြုသော ဂရိပညာရှိကြီးတစ်ဦးကို အစွဲပြု၍ ဆိုကရေတိနည်း ဟု ထင်ရှားသော ဗုဒ္ဓသင်ပြဆုံးမနည်းမှာ မှတ်သားဖွယ်ကောင်း၍ ဆိုင်ရာဗုဒ္ဓဒေသနာတစ်ခုကို ဖော်ပြအံ့။  ။ ထိုဒေသနာသည် ဇာတ်ဝါဒကို ချေပသော ဒေသနာဖြစ်သော်လည်းကောင်း မိဘမျိုးရိုး စစ်မှန်မှုနှင့် လူမျိုးခွဲခြားမှု၌ အစွဲကြီးသော ယခုခေတ်လူတို့ ဆင်ခြင်စဉ်းစားဖွယ်ဖြစ်၏။ ရှေးအခါက ဗြာဟ္မဏခုနှစ်ဦးတို့သည် ဗြာဟ္မဏအမျိုးသာလျှင် အမြတ်ဆုံးဖြစ်သည်။ အမျိုးစင်ကြယ်၍ ဗြဟ္မာ၏သားများ ဖြစ်သည်ဟု ယုံကြည်ကြ၏။ ဘုရားအလောင်း အသိတဒေဝလ ဆရာရသေ့သည် ရသေ့တို့ကို ဆုံးမလိုသောကြောင့် ဗြာဟ္မဏတို့၏ မိခင်တို့သည် အခြားသူများနှင့် မပေါင်းဖော်ဘဲ ဗြာဟ္မဏယောက်ျားများနှင့်သာ ပေါင်းဖော်သည်ဟု သင်တို့သိကြပါသလောဟု မေး၏။ ရသေ့တို့က ကျွန်ုပ်တို့မသိပါ ဟု ပြန်ဖြေကြ၏။ (မေး) ဗြာဟ္မဏတို့၏ အထက်ဆွေခုနှစ်ဆက်မှ မိန်းမများသည် ဗြာဟ္မဏအမျိုးသားများမှတစ်ပါး အခြားအမျိုးသားများနှင့် မပေါင်းဖော်ဟူ၍ သင်တို့ သိကြပါသလော။ (ဖြေ) ကျွန်ုပ်တို့ မသိကြပါ။ (မေး) ဗြာဟ္မဏတို့၏ ဖခင်တို့သည်လည်းကောင်း အထက်ခုနှစ်ဆက် ယောက်ျားများသည် လည်းကောင်း ဗြာဟ္မဏမိန်းမမှတစ်ပါး အခြားမိန်းမများနှင့် မပေါင်းဖော်ဟု သိကြပါသလော။ (ဖြေ) မသိကြပါ။ (မေး) သတ္တဝါတစ်ဦး မည်သို့ပဋိသန္ဓေတည်သည်ကို သင်တို့ သိကြပါသလော။ (ဖြေ) အမိနှင့်အဖ ပေါင်းဖော်ခြင်း အမိ၏ ရာသီဥတုလာခြင်း ဂန္ဓဗ္ဗအသင့်ရှိနေခြင်းဟူသော အကြောင်းသုံးခု တိုက်ဆိုင်သောအခါ သတ္တဝါတစ်ဦး ပဋိသန္ဓေတည်ပါသည်။ (မေး) သို့ရာတွင် ဂန္ဓဗ္ဗသည် အမျိုးလေးပါးတွင် မည်သည့်အမျိုး ဖြစ်သည်ဟူ၍ သင်တို့ သိကြပါသလော။ (ဖြေ) ကျွန်ုပ်တို့ မသိပါ။ (မဇ္ဈိမနိကာယ် အဿလာယနသုတ်)။ တရားဟောပြောရာ၌ ဗုဒ္ဓလက်ကိုင်ထားသော ဝါဒမှာ ဝိဘဇ္ဇဝါဒဖြစ်၏။ ဝိဘဇ္ဇဝါဒသည် ခွဲခြားစိစစ်ခြင်းအနက်ကို ဟော၏။ သုဘလုလင်သည် ရဟန်းဘဝနှင့် အိမ်ရာထောင်သော သူ၏ ဘဝတွင် မည်သူ၏ ဘဝကို ပို၍မြတ်ပါသနည်းဟု မေးလျှောက်ရာ ဗုဒ္ဓက အို လုလင် ငါသည် အရာရာ၌ ဝေဖန်ခွဲခြား၍ ဆိုလေ့ရှိ၏။ တစ်ခုခုကိုသာ မုချဟူ၍ ဆိုလေ့မရှိ။ စသည်ဖြင့် မိန့်ကြား၏။ ဗုဒ္ဓ၏ အလိုအားဖြင့် အမြဲမှန်ကန်သည်ဟူ၍ လှေနံဓားထစ် စွဲမြဲယုံကြည်ရမည့် စကား မည်သည်မရှိ။ ရဟန်းတို့ ဤအယူသည်သာ မှန်၏ အခြားအယူအားလုံးသည် အချည်းနှီးသာတည်းဟူ၍ မစွဲမှတ်သင့်။ ဟူသော စကားမှာ ပိဋကတ်စာပေ၌ အကြိမ်ကြိမ်တွေ့ရသော ဗုဒ္ဓသြဝါဒဖြစ်၏။ သို့ဖြစ်၍ အချို့သော ဗုဒ္ဓဒေသနာများ တစ်ခုနှင့်တစ်ခု ဆန့်ကျင်သယောင် ဖြစ်နေခြင်းမှာ အံ့သြစရာ မရှိချေ။ အချို့သော ဒေသနာများ၌ အဖော်မရှာဘဲ တစ်ကိုယ်တည်းနေခြင်းကို ချီးမွမ်း၍ အခြားဒေသနာများ၌မူ မိတ်ဆွေကောင်းရှိရန် လိုအပ်မှုကို အလေးအနက်ဟော၏။ ရဟန်းတို့အား ဆိတ်ဆိတ်နေရန် ဗုဒ္ဓက မကြာခဏ မိန့်ကြားလေ့ရှိသော်လည်း ဝါတွင်းသုံးလ၌ အပြစ်မကျူးလွန်မိရန် အချင်းချင်း စကားမပြောဘဲနေသော ရဟန်းတို့မှာ ဗုဒ္ဓ၏ ကဲ့ရဲ့အပြစ်တင်ခြင်း  ခံရကြောင်း ဝိနည်းပိဋကတ်၌ ပြဆိုထား၏။ (ဤအကြောင်းကို အကျင့်သီလဆိုင်ရာ အခန်း၌ အကျယ်ဖော်ပြအံ့) ဗုဒ္ဓ၏ ဆုံးမနည်းနှင့် စပ်လျဉ်း၍ အဘယမင်းသားအား မိန့်ကြားချက်သည် မှတ်သားဖွယ်ကောင်း၏ ဗုဒ္ဓက မိမိသည်မမှန် အကျိုးမရှိ သူတစ်ပါးလည်း မနှစ်လိုသောစကားကို ရှောင်ကြဉ်၏။ လူများကနှစ်သက်သော်လည်း မမှန် အကျိုးမရှိသောစကားကို မပြော မှန်၍ လူများနှစ်သက်သော်လည်း အကျိုးမရှိသောစကားမျိုးကိုလည်း ရှောင်ကြဉ်၏။ သူတစ်ပါးမနှစ်လိုသော်လည်း မှန်၏ အကျိုးရှိသောစကားမျိုးနှင့်  သူတစ်ပါးလည်းနှစ်လို မှန်လည်း မှန်၍ အကျိုးလည်းရှိသော စကားမျိုးကိုကား အချိန်အခါကြည့်၍ ပြောသည်ဟု မိန့်တော်မူ၏။ (မဇ္ဈိမနိကာယ် အဘယရာဇကုမာရသုတ်)။ 
ကြားနာသူအဖို့ အကျိုးရှိမည့် တရားစကားဟူသည် လောကီ ကြီးပွားချမ်းသာမှု သို့မဟုတ် မဂ်ဖိုလ်နိဗ္ဗာန် ရရှိမှုကို အကျိုးပြုသော စကားများဖြစ်ကြောင်း ထင်ရှား၏။ အခါတစ်ပါး၌ ဗုဒ္ဓသည် သစ်ရွက်များကို လက်ဝါးပေါ်၌ တင်ပြ၍ ရဟန်းတို့အား မိမိလက်ထဲရှိ သစ်ရွက်များနှင့် နှိုင်းစာသော် တောထဲရှိ သစ်ရွက်များမှာ အလွန်များပြားသကဲ့သို့ မိမိသိသော်လည်း မဟောဘဲထားသောတရားများမှာ အလွန်များပြားကြောင်း သစ္စာလေးပါးမှတစ်ပါး အခြားတရားများမှာ သံသရာမှ လွတ်မြောက်ကြောင်း တရားများ မဟုတ်သဖြင့် မဟောဘဲထားခဲ့ကြောင်း မိန့်ကြား၏။ (မဟာဝဂ္ဂသံယုတ် သိံသပါသုတ်)။ ပရဗိုဇ်တို့ မေးလျှောက်သော မဂ်ဖိုလ်နိဗ္ဗာန်နှင့် လုံးဝမသက်ဆိုင်သော မေးခွန်းများကို ဖြေတော်မမူချေ။ ဆင်းရဲဒုက္ခမှ လွတ်မြောက်မှုအတွက် သိသင့်သိထိုက်သော တရားကိုမူ ဆရာစားမချန်ဘဲ (ဝါ)ဘာမျှ ခြွင်းချန်မထားဘဲ ဟောကြားခဲ့ကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ မိန့်ကြား၏။ ရဟန်းတို့ လောက၌ မိန်းမတို့သည်လည်းကောင်း ပုဏ္ဏားတို့၏ အတတ်ပညာသည်လည်းကောင်း မိစ္ဆာအယူများသည်လည်းကောင်း လျှို့ဝှက်သောသဘောရှိ၏။  လပြည့်ဝန်း နေဝန်းနှင့် ငါဘုရား၏ တရားမှာကား လျှို့ဝှက်ခြင်းမရှိဘဲ ပွင့်လင်းသော သဘောရှိ၏။ (အင်္ဂုတ္တရ တိကနိပါတ် ပဋိစ္ဆန္နသုတ်)။ သူတစ်ပါး မနှစ်လိုသော စကားမျိုးကို ဗုဒ္ဓအထူးရှောင်ကြဉ်လေ့ ရှိခြင်းသည် ဗုဒ္ဓဒေသနာများ၌ ထင်ရှား၏။ မိမိ၏ သဗ္ဗညုတဥာဏ်မှာ လူအများထင်သကဲ့သို့ ဘာမဆို အမြဲထာဝရ သိနေသော ဥာဏ်မျိုးမဟုတ်ကြောင်း အတိအလင်း ဖွင့်ဟမိန့်ကြားခဲ့သော်လည်း (ဆိုင်ရာသုတ္တန်ကို ဗုဒ္ဓကိုးကွယ်မှု အခန်း၌ ဖော်ပြပါအံ့။) ဗုဒ္ဓသည် ထိုဥာဏ်မျိုးရှိသည်ဆိုသော အခြားဘာသာရေး ခေါင်းဆောင်များကို မည်သိုမျှ ဝေဖန်ခြင်း မပြုချေ။ ဗြာဟ္မဏတစ်ဦးက ပူရာဏကဿပနှင့် နာဋပုတ္တတို့က သူတို့မှာ သဗ္ဗညုတဥာဏ် ရရှိသည်ဆိုသောစကား မှန်ပါသလောဟု မေးရာ ဗုဒ္ဓက မည်သို့မျှ ဖြေတော်မမူချေ။ (အဂုင်္တ္တရနိကာယ် နဝကနိပါတ် လောကာယတိက ဗြာဟ္မဏသုတ်)။ အခြားလူတစ်ဦးက မက္ခလိဂေါသာလနှင့် နာဋပုတ္တတို့သည် သူတို့ကြေငြာသည့်အတိုင်း တရားအားလုံးကို သိကြပါသလော ဟုမေးသောအခါ၌လည်း ဗုဒ္ဓက သင်၏ မေးခွန်းသည် မသင့်လျှော်ချေ။ သင်၏ မေးစကားကို ထားဘိလော ဆို၍ မိမိ၏ တရားကိုဟော၏။ (မဇ္ဈိမနိကာယ် စူဠသာရောပမသုတ်)။ (----ဆက်ရန်){ဦးအေးမောင်}  


 **ဗုဒ္ဓ**
******
အပိုင်း(၄)
------------
(ဂ) ဗုဒ္ဓ၏ ဆုံးမနည်း

----------------------
ဗုဒ္ဓသည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ၄၅ နှစ်တိုင်တိုင် တရားဟောပြောခဲ့ရာ အထူးအောင်မြင်ကြောင်း ယုံမှားဖွယ်ရာမရှိချေ။ ဗြဟ္မဏ မင်းမှူးမတ် သူဋ္ဌေးသူကြွယ်မှစ၍ ဆတ္တာသည် ဆင်းရဲသား အလုပ်သမားအထိ လူတန်းစားအမျိုးမျိုးသည် ဗုဒ္ဓတရားကို နှစ်သက်ကြ၏။ 
 
ဗုဒ္ဓ၏တရားကို တစ်ကြိမ်ကြားနာကာမျှဖြင့် ဗုဒ္ဓ၏ တပည့်အဖြစ် ခံယူသူတို့မှာ မနည်းလှချေ။ ဗုဒ္ဓ၏ ထူးခြားသော အောင်မြင်မှုသည် ထိုအခါက ထိုအခါက မဇ္ဈိမဒေသ၌ ဗြာဟ္မဏဝါဒ တန်ခိုးမကြီးသေးခြင်း လူတို့အသိဥာဏ်ရင့်ကျက်၍ ဘာသာရေး အတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေခြင်း ဗုဒ္ဓ၏ ဥပဓိရုပ်နှင့် သီလသမာဓိဂုဏ်ကို ကြည်ညိုကြခြင်း စသည်တို့ကြောင့် ဖြစ်၏။
 
 ထိုအချက်များနှင့် ထပ်တူအရေးပါသော အချက်တစ်ရပ်မှာ ဗုဒ္ဓ၏ ဟောပြောဆုံးမနည်းဖြစ်၏။ သို့ဖြင့် နိဂဏ္ဍတစ်ဦးက ဗုဒ္ဓသည် သူတစ်ပါးကို မိမိဘက်သို့ပါအောင် ဆွဲဆောင်နိုင်သော ဥာဏ်ပညာ ကြွယ်ဝသည်ဟု ဆို၏။

ဗုဒ္ဓသည် ဘီစီ ၆ ရာစုခေတ်မတိုင်မီက လူများလက်ခံယုံကြည်ပြီးဖြစ်သော ဘဝသံသရာ ကံတရား အနိစ္စဒုက္ခတရား စသည်များနှင့် လူများနားလည်ပြီးဖြစ်သော ဝေါဟာရစကားများကို အခြေပြု၍ ဟောပြော၏။ 
 
သို့ရာတွင် ထိုရှေးဝါဒများ စကားများသည် ဗုဒ္ဓဒေသနာ၌ အနက်အဓိပ္ပာယ် ပြောင်းလဲလာ၏။ ဗုဒ္ဓလက်ခံသော ဘဝသံသရာသည် ရှေးဗြဟ္မဏတို့ ယုံကြည်သော ဘဝသံသရာနှင့်မတူ။ ဗုဒ္ဓ၏ အနိစ္စ ဒုက္ခတရားသည် ဗြာဟ္မဏတို့၏ အနိစ္စ ဒုက္ခတရားထက် နက်နဲကျယ်ပြန့်၏။ 
 
 ဗြာဟ္မဏဟူသောစကားသည် ဇာတ်အနွယ်မြင့်မားမှုကို မဆိုလိုဘဲ အကျင့်သီလ မြင့်မြတ်မှုဟူသော အဓိပ္ပာယ်ကို ဆောင်၏။ ဗြာဟ္မာ သည် ပါဠိပိဋကတ်၌ အနန္တတန်ခိုးရှင် (ဝါ) ထာဝရဘုရား သို့မဟုတ် ဥပနိသျှကျမ်းလာ ပရအတ္တ ကို ရည်ညွန်းသောစကားမဟုတ် တော့ဘဲ အမြင့်မြတ်ဆုံး အကောင်းဆုံးဖြစ်ခြင်းကို ဟောသောစကားဖြစ်လာ၏။ 
 
ဥပမာ ဗြဟ္ဗဝိဟာရ ဗြာဟ္မစရိယ ဗြာဟ္မစက္က။ ။ ဗုဒ္ဓသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စကားကို တိုက်ရိုက်မပယ်ဘဲ ထိုစကားကိုပင် သုံးစွဲ၍ ပရိယာယ်ဖြင့် ဟောပြောလေ့ရှိ၏။ 
 
လယ်ထွန်နေသော ဗြာဟ္မဏတစ်ဦးက မိမိထံ ဆွမ်းခံသော ဗုဒ္ဓအား အရှင်ဘုရားသည် ကျွန်ုပ်ကဲ့သို့ လယ်ထွန်စိုက်ပျိုး လုပ်ကိုင်စားသောက်ပါသလော ဟုဆိုရာ ဗုဒ္ဓက ဗြာဟ္မဏ ငါသည်လည်း လယ်ထွန်စိုက်ပျိုး၏။ ငါ၏ သဒ္ဓါတရားသည် မျိုးစေ့ဖြစ်၏။ ဝိပဿနာပညာ မဂ်ပညာသည် ထမ်းပိုးထွန်တုံးဖြစ်၏။ စသည်ဖြင့် မိန့်ကြား၏။ 
 
(ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ်) ပိဋကတ်စာပေ၌ ဤကဲ့သို့သော ဒေသနာမျိုး အမြောက်အများရှိ၏။
ဗုဒ္ဓသည် လူတို့အား ဟောပြောဆုံးမရာ၌ ဥပမာ အတော်များများ အသုံးပြုလေ့ရှိ၏။ ဥပမာများမှာ ထိထိမိမိရှိ၍ တရားဒေသနာကို သိမြင်နားလည်ရန် ထိရောက်သော အထောက်အကူဖြစ်၏။ 
 
မဟာဗြာဟ္မာကို တွေ့မြင်လိုသော ဝါသေဋ္ဌလုလင်အား ဟောကြားရာ၌ ဗုဒ္ဓက ဗြာဟ္မဏတို့သည် ၎င်းသူတို့၏ ဆရာ့ဆရာ ခုနှစ်ဆက် တိုင်အောင်သောဆရာ လက်ဦးဆရာ ဝေဒကျမ်းများကို စီရင်သော ရှေးရသေ့တို့သည်လည်းကောင်း တစ်ဦးတစ်ယောက်မျှပင် မဟာဗြာဟ္မာကို မျက်ဝါးထင်ထင် မမြင်ဘူးပါဘဲလျက် မဟာဗြာဟ္မာနှင့် အပေါင်းအဖော် ဖြစ်လိုသည်ဆိုခြင်းမှာ တစ်ဦးကိုတစ်ဦး ဆွဲကိုင်ဆက်စပ်နေသော သူကန်းတို့တွင် ရှေ့ဆုံးလူသည် မမြင် အလယ်လူလည်း မမြင် နောက်ဆုံးလူလည်း မမြင်သကဲ့သို့ လည်းကောင်း မည်သည့်အရပ်၌ ပြာသာဒ် ရှိသည်။ 
 
ထိုပြာသာဒ်သည် မြင့်သည် နိမ့်သည်ဟု မသိဘဲ တက်ရန်လှေကားကို ပြုသည်နှင့်လည်းကောင်း နိုင်ငံ၌ အလှဆုံးမိန်းမ၏ အမည် အမျိုးအနွယ် အသားအရောင်နှင့် သူနေသော မြို့ရွာနိဂုံးကို မသိဘဲ ထိုမိန်းမကို ချစ်ကြိုက်ပါသည်ဆိုသော ယောက်ျားနှင့် သော်လည်းကောင်း တူလှချေသည်ဟု မိန့်တော်မူ၏။ (ဒီဃနိကာယ် တေဝိဇ္ဇသုတ်)

သုတ္တန်များ၌ ဗုဒ္ဓအား သမဏဗြာဟ္မဏနှင့် ပရိဗိုဇ်တို့က မေးသောစကားများကို တွေ့ရ၏။ အိုပုဏ္ဏား ငါဆိုလတ္တံ့ သောစကားကို သင် အဘယ်သို့ထင်သနည်း စသောစကားကို နေရာအတော်များများ၌ တွေ့ရခြင်းဖြင့် တရားနာသူများ၏ မေးမြန်းခြင်းကို ဗုဒ္ဓလိုလားကြောင်း သိအပ်၏။ 
 
မိလိန္ဒမင်းကဲ့သို့ နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းသောသူမျိုးကို ပိဋကတ်စာပေ၌ မတွေ့ရခြင်းမှာ ထိုသူတို့၏ စကားကို ဗုဒ္ဓစကားလောက် ပိဋကတ်ဆရာတို့က ဂရုမပြုခဲ့ကြသောကြောင့် ဖြစ်တန်ရာ၏။ 
 
 တရားဟောရာ၌ ဗုဒ္ဓအသုံးပြုသော ထူးခြားသော နည်းစနစ်မှာ ပြဿနာတစ်ခုကို တိုက်ရိုက်မဖြေရှင်းဘဲ အထက်ပါ တေဝိဇ္ဇသုတ်မှာကဲ့သို့ မေးသူအား စေ့ငုသေချာစွာ
 ပြန်လည် မေးမြန်းစိစစ်ခြင်းဖြင့် အမြင်မှန် ရရှိစေသောနည်းဖြစ်၏။ နောက်ကာလ၌ ထိုနည်းအား အသုံးပြုသော ဂရိပညာရှိကြီးတစ်ဦးကို အစွဲပြု၍ ဆိုကရေတိနည်း ဟု ထင်ရှားသော ဗုဒ္ဓသင်ပြဆုံးမနည်းမှာ မှတ်သားဖွယ်ကောင်း၍ ဆိုင်ရာဗုဒ္ဓဒေသနာတစ်ခုကို ဖော်ပြအံ့။ ။ 
 
ထိုဒေသနာသည် ဇာတ်ဝါဒကို ချေပသော ဒေသနာဖြစ်သော်လည်းကောင်း မိဘမျိုးရိုး စစ်မှန်မှုနှင့် လူမျိုးခွဲခြားမှု၌ အစွဲကြီးသော ယခုခေတ်လူတို့ ဆင်ခြင်စဉ်းစားဖွယ်ဖြစ်၏။ ရှေးအခါက ဗြာဟ္မဏခုနှစ်ဦးတို့သည်
 ဗြာဟ္မဏအမျိုးသာလျှင် အမြတ်ဆုံးဖြစ်သည်။ အမျိုးစင်ကြယ်၍ ဗြဟ္မာ၏သားများ ဖြစ်သည်ဟု ယုံကြည်ကြ၏။ 
 
ဘုရားအလောင်း အသိတဒေဝလ ဆရာရသေ့သည် ရသေ့တို့ကို ဆုံးမလိုသောကြောင့် ဗြာဟ္မဏတို့၏ မိခင်တို့သည် အခြားသူများနှင့် မပေါင်းဖော်ဘဲ ဗြာဟ္မဏယောက်ျားများနှင့်သာ ပေါင်းဖော်သည်ဟု သင်တို့သိကြပါသလောဟု မေး၏။ ရသေ့တို့က ကျွန်ုပ်တို့မသိပါ ဟု ပြန်ဖြေကြ၏။
 
 (မေး) ဗြာဟ္မဏတို့၏ အထက်ဆွေခုနှစ်ဆက်မှ မိန်းမများသည် ဗြာဟ္မဏအမျိုးသားများမှတစ်ပါး အခြားအမျိုးသားများနှင့် မပေါင်းဖော်ဟူ၍ သင်တို့ သိကြပါသလော။ (ဖြေ) ကျွန်ုပ်တို့ မသိကြပါ။
 
 (မေး) ဗြာဟ္မဏတို့၏ ဖခင်တို့သည်လည်းကောင်း အထက်ခုနှစ်ဆက် ယောက်ျားများသည် လည်းကောင်း ဗြာဟ္မဏမိန်းမမှတစ်ပါး အခြားမိန်းမများနှင့် မပေါင်းဖော်ဟု သိကြပါသလော။
 (ဖြေ) မသိကြပါ။ 
 
(မေး) သတ္တဝါတစ်ဦး မည်သို့ပဋိသန္ဓေတည်သည်ကို သင်တို့ သိကြပါသလော။
 
 (ဖြေ) အမိနှင့်အဖ ပေါင်းဖော်ခြင်း အမိ၏ ရာသီဥတုလာခြင်း ဂန္ဓဗ္ဗအသင့်ရှိနေခြင်းဟူသော အကြောင်းသုံးခု တိုက်ဆိုင်သောအခါ သတ္တဝါတစ်ဦး ပဋိသန္ဓေတည်ပါသည်။ 
 
(မေး) သို့ရာတွင် ဂန္ဓဗ္ဗသည် အမျိုးလေးပါးတွင် မည်သည့်အမျိုး ဖြစ်သည်ဟူ၍ သင်တို့ သိကြပါသလော။ (ဖြေ) ကျွန်ုပ်တို့ မသိပါ။ (မဇ္ဈိမနိကာယ် အဿလာယနသုတ်)။ တရားဟောပြောရာ၌ ဗုဒ္ဓလက်ကိုင်ထားသော ဝါဒမှာ ဝိဘဇ္ဇဝါဒဖြစ်၏။ ဝိဘဇ္ဇဝါဒသည် ခွဲခြားစိစစ်ခြင်းအနက်ကို ဟော၏။ 
 
သုဘလုလင်သည် ရဟန်းဘဝနှင့် အိမ်ရာထောင်သော သူ၏ ဘဝတွင် မည်သူ၏ ဘဝကို ပို၍မြတ်ပါသနည်းဟု မေးလျှောက်ရာ ဗုဒ္ဓက အို လုလင် ငါသည် အရာရာ၌ ဝေဖန်ခွဲခြား၍ ဆိုလေ့ရှိ၏။ တစ်ခုခုကိုသာ မုချဟူ၍ ဆိုလေ့မရှိ။ စသည်ဖြင့် မိန့်ကြား၏။
 
 ဗုဒ္ဓ၏ အလိုအားဖြင့် အမြဲမှန်ကန်သည်ဟူ၍ လှေနံဓားထစ် စွဲမြဲယုံကြည်ရမည့် စကား မည်သည်မရှိ။ ရဟန်းတို့ ဤအယူသည်သာ မှန်၏ အခြားအယူအားလုံးသည် အချည်းနှီးသာတည်းဟူ၍ မစွဲမှတ်သင့်။ ဟူသော စကားမှာ ပိဋကတ်စာပေ၌ အကြိမ်ကြိမ်တွေ့ရသော ဗုဒ္ဓသြဝါဒဖြစ်၏။ 
 
သို့ဖြစ်၍ အချို့သော ဗုဒ္ဓဒေသနာများ တစ်ခုနှင့်တစ်ခု ဆန့်ကျင်သယောင် ဖြစ်နေခြင်းမှာ အံ့သြစရာ မရှိချေ။ အချို့သော ဒေသနာများ၌ အဖော်မရှာဘဲ တစ်ကိုယ်တည်းနေခြင်းကို ချီးမွမ်း၍ အခြားဒေသနာများ၌မူ မိတ်ဆွေကောင်းရှိရန် လိုအပ်မှုကို အလေးအနက်ဟော၏။ 
 
 ရဟန်းတို့အား ဆိတ်ဆိတ်နေရန် ဗုဒ္ဓက မကြာခဏ မိန့်ကြားလေ့ရှိသော်လည်း ဝါတွင်းသုံးလ၌ အပြစ်မကျူးလွန်မိရန် အချင်းချင်း စကားမပြောဘဲနေသော ရဟန်းတို့မှာ ဗုဒ္ဓ၏ ကဲ့ရဲ့အပြစ်တင်ခြင်း ခံရကြောင်း ဝိနည်းပိဋကတ်၌ ပြဆိုထား၏။
 
 (ဤအကြောင်းကို အကျင့်သီလဆိုင်ရာ အခန်း၌ အကျယ်ဖော်ပြအံ့) ဗုဒ္ဓ၏ ဆုံးမနည်းနှင့် စပ်လျဉ်း၍ အဘယမင်းသားအား မိန့်ကြားချက်သည် မှတ်သားဖွယ်ကောင်း၏ ဗုဒ္ဓက မိမိသည်မမှန် အကျိုးမရှိ သူတစ်ပါးလည်း မနှစ်လိုသောစကားကို ရှောင်ကြဉ်၏။
 
 လူများကနှစ်သက်သော်လည်း မမှန် အကျိုးမရှိသောစကားကို မပြော မှန်၍ လူများနှစ်သက်သော်လည်း အကျိုးမရှိသောစကားမျိုးကိုလည်း ရှောင်ကြဉ်၏။ သူတစ်ပါးမနှစ်လိုသော်လည်း မှန်၏ အကျိုးရှိသောစကားမျိုးနှင့် သူတစ်ပါးလည်းနှစ်လို မှန်လည်း မှန်၍ အကျိုးလည်းရှိသော စကားမျိုးကိုကား အချိန်အခါကြည့်၍ ပြောသည်ဟု မိန့်တော်မူ၏။ 
 
(မဇ္ဈိမနိကာယ် အဘယရာဇကုမာရသုတ်)။
ကြားနာသူအဖို့ အကျိုးရှိမည့် တရားစကားဟူသည် လောကီ ကြီးပွားချမ်းသာမှု သို့မဟုတ် မဂ်ဖိုလ်နိဗ္ဗာန် ရရှိမှုကို အကျိုးပြုသော စကားများဖြစ်ကြောင်း ထင်ရှား၏။ 
 
အခါတစ်ပါး၌ ဗုဒ္ဓသည် သစ်ရွက်များကို လက်ဝါးပေါ်၌ တင်ပြ၍ ရဟန်းတို့အား မိမိလက်ထဲရှိ သစ်ရွက်များနှင့် နှိုင်းစာသော် တောထဲရှိ သစ်ရွက်များမှာ အလွန်များပြားသကဲ့သို့ မိမိသိသော်လည်း မဟောဘဲထားသောတရားများမှာ အလွန်များပြားကြောင်း သစ္စာလေးပါးမှတစ်ပါး အခြားတရားများမှာ သံသရာမှ လွတ်မြောက်ကြောင်း တရားများ မဟုတ်သဖြင့် မဟောဘဲထားခဲ့ကြောင်း မိန့်ကြား၏။ 
 
 (မဟာဝဂ္ဂသံယုတ် သိံသပါသုတ်)။ ပရဗိုဇ်တို့ မေးလျှောက်သော မဂ်ဖိုလ်နိဗ္ဗာန်နှင့် လုံးဝမသက်ဆိုင်သော မေးခွန်းများကို ဖြေတော်မမူချေ။ ဆင်းရဲဒုက္ခမှ လွတ်မြောက်မှုအတွက် သိသင့်သိထိုက်သော တရားကိုမူ ဆရာစားမချန်ဘဲ (ဝါ)ဘာမျှ ခြွင်းချန်မထားဘဲ ဟောကြားခဲ့ကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ မိန့်ကြား၏။ 
 
ရဟန်းတို့ လောက၌ မိန်းမတို့သည်လည်းကောင်း ပုဏ္ဏားတို့၏ အတတ်ပညာသည်လည်းကောင်း မိစ္ဆာအယူများသည်လည်းကောင်း လျှို့ဝှက်သောသဘောရှိ၏။ လပြည့်ဝန်း နေဝန်းနှင့် ငါဘုရား၏ တရားမှာကား လျှို့ဝှက်ခြင်းမရှိဘဲ ပွင့်လင်းသော သဘောရှိ၏။ (အင်္ဂုတ္တရ တိကနိပါတ် ပဋိစ္ဆန္နသုတ်)။ သူတစ်ပါး မနှစ်လိုသော စကားမျိုးကို ဗုဒ္ဓအထူးရှောင်ကြဉ်လေ့ ရှိခြင်းသည် ဗုဒ္ဓဒေသနာများ၌ ထင်ရှား၏။
 
 မိမိ၏ သဗ္ဗညုတဥာဏ်မှာ လူအများထင်သကဲ့သို့ ဘာမဆို အမြဲထာဝရ သိနေသော ဥာဏ်မျိုးမဟုတ်ကြောင်း အတိအလင်း ဖွင့်ဟမိန့်ကြားခဲ့သော်လည်း (ဆိုင်ရာသုတ္တန်ကို ဗုဒ္ဓကိုးကွယ်မှု အခန်း၌ ဖော်ပြပါအံ့။) ဗုဒ္ဓသည် ထိုဥာဏ်မျိုးရှိသည်ဆိုသော အခြားဘာသာရေး ခေါင်းဆောင်များကို မည်သိုမျှ ဝေဖန်ခြင်း မပြုချေ။ ဗြာဟ္မဏတစ်ဦးက ပူရာဏကဿပနှင့် နာဋပုတ္တတို့က သူတို့မှာ သဗ္ဗညုတဥာဏ် ရရှိသည်ဆိုသောစကား မှန်ပါသလောဟု မေးရာ ဗုဒ္ဓက မည်သို့မျှ ဖြေတော်မမူချေ။ 
 
(အဂုင်္တ္တရနိကာယ် နဝကနိပါတ် လောကာယတိက ဗြာဟ္မဏသုတ်)။ အခြားလူတစ်ဦးက မက္ခလိဂေါသာလနှင့် နာဋပုတ္တတို့သည် သူတို့ကြေငြာသည့်အတိုင်း တရားအားလုံးကို သိကြပါသလော ဟုမေးသောအခါ၌လည်း ဗုဒ္ဓက သင်၏ မေးခွန်းသည် မသင့်လျှော်ချေ။ သင်၏ မေးစကားကို ထားဘိလော ဆို၍ မိမိ၏ တရားကိုဟော၏။ 
 
(မဇ္ဈိမနိကာယ် စူဠသာရောပမသုတ်)။
 
 (----ဆက်ရန်)
{ဦးအေးမောင်}
 

No comments:

Post a Comment