Pages

Thursday, January 2, 2014

"မိန်းမသားမို့ အားနွဲ့ စရာလား"

 

 မြတ်စွာဘုရားရှင် လက်ထက် တုန်းက သောမာဆိုတဲ့ အမျိုးသမီး ကောင်းတစ်ယောက် ရှိပါတယ်။ သောမာဆိုတာက ပါဠိလိုပါ။ မြန်မာ လိုဆိုရင်တော့ “မလှအေး”ပေါ့။
မလှအေးက လမင်းလေးလို လှပ တင့်တယ် အေးချမ်းလှပါတယ်။

မလှအေး အရွယ်ရောက်ချိန်၊ မင်းလမ်းမကြီးမှာ မြတ်စွာဘုရား ရှင်က နာဠာဂီရိဆင်ကြီးကို ယဉ် ကျေးသိမ်မွေ့သွားအောင် ဆုံးမ ချေချွတ်တော်မူတာကို ဖူးမြင်လိုက် ရလို့ ရတနာသုံးပါးကို ယုံယုံ ကြည်ကြည်ကိုးကွယ်ဆည်းကပ်တဲ့ ဥပါသိကာမလေးအဖြစ် ခံယူလိုက်ပါ တယ်။

အဲဒီနောက် လူ့ဘောင်လူ့ လောကမှာ အမျိုးမျိုးတွေ့ကြုံနေရ တဲ့ ဆင်းရဲဒုက်္ခတွေကို သံဝေဂယူ ကာ ဘိက်္ခူနီမပြုလိုက်ပါတယ်။ သောမာထေရီ ၀ိပဿနာတရား ကြိုးကြိုးစားစား အားထုတ်လိုက် တာ ပဋိသမ်္ဘိဒါဉာဏ်လေးပါးနဲ့အတူ အရဟတ်္တဖိုလ်ကို ရရှိသွားပါတယ်။


ရဟန်္တာဖြစ်သွားတဲ့ သောမာ ထေရီဟာ နေ့သန့်ရန် အလို့ငှာ အန်္ဓ၀န်တောထဲကို ၀င်ခဲ့ပါတယ်။ အဲဒီမှာ မာရ်နတ်က ကာမဂုဏ်မှ ကင်းဆိတ်စွာနေထိုင်တဲ့ သောမာ ထေရီကို ဖျက်ဆီးလိုစိတ်နဲ့ ကိုယ် ထင်မပြဘဲ စကားဆိုလိုက်ပါတယ်။

““ဘုရား ရဟန်္တာပညာရှိတွေ သာရနိုင်တဲ့ ရဖို့ရာအလွန်ခဲယဉ်း တဲ့အရဟတ်္တဖိုလ်ဆိုတာ အသိဉာဏ် ဟာ လက်နှစ်ဖက်သာသာရှိတဲ့ မိန်းမသားတွေနဲ့ လားလားမှ မအပ် စပ်၊ တရားနဲ့မိန်းမ ဘာမှမဆိုင်ဘူး။ မတန်ဘူး””


ဒီစကားကို ကြားလိုက်ရတာနဲ့ မာရ်နတ်ဆိုတာ သောမာထေရီ အပြတ်သိလိုက်ပါတယ်။ ဒါနဲ့ ဘာမှ ထွေထွေထူးထူးမေးမနေတော့ဘဲ မာရ်နတ်ရဲ့စကားကို ပြန်ချေပလိုက် ပါတယ်။

““အရဟတ်္တမဂ်၊ အရဟတ်္တဖိုလ် ကိုလည်း ရပြီ။ စိတ်ဓာတ်တွေလည်း ကောင်းမွန် ငြိမ်းချမ်းပြီ။

 အမှန် တရားကိုလည်း ထိုးထွင်းသိမြင်ပြီ။ ဒီတော့ မိန်းမဖြစ်တော့လည်း ဘာများမပြည့်စုံတာ ရှိသေးလို့လဲ ကွယ်””တဲ့။
မာရ်နတ်ကလည်း ဒီစကား ကြားရတာနဲ့ အခြေအနေမဟန် တော့လို့ တစ်ခါတည်း ထွက်ပြေး သွားပါသတဲ့။


သာသနာတော်မှာ တည်ရှိနေ တဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက်္ခာသုံးပါး ကျင့်စဉ်တွေဟာ ယောက်ျားကျင့်ဖို့ရယ်၊ မိန်းမကျင့်ဖို့ ရယ်လို့ ခွဲခြားသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ယောက်ျားရော၊ မိန်းမ ရော အားလုံးတန်းတူညီမျှ ကျင့် သုံးနိုင်ပြီး သိက်္ခာသုံးပါးရဲ့ အကျိုး တရားကိုလည်း ကျင့်သုံးသူတိုင်း ခံစားခွင့်ရှိပါတယ်။


ယုတ်ညံ့တယ်၊ မြင့်မြတ်တယ် ဆိုတာ မိန်းမ၊ ယောက်ျားဆိုတဲ့ လောကဝေါဟာရ၊ သမုတိ ပညတ်နဲ့ ဆုံးဖြတ်သတ်မှတ်လို့မရပါဘူး။ စိတ်ထားကောင်းခြင်း၊ မကောင်း ခြင်းနဲ့ပဲ ဆုံးဖြတ်သတ်မှတ်လို့ ရတာ ပါ။

ယောက်ျားဖြစ်ပေမဲ့ စိတ်ထား ယုတ်ညံ့ရင် ယောက်ျားယုတ်ပါ။ စိတ်ထား မြင့်မြတ်ရင်တော့ ယောက်ျားမြတ်ပေါ့။
မိန်းမဖြစ်နေပေမဲ့လည်း စိတ် ထားမြင့်မြတ်ရင် မြတ်ပါတယ်။

ခြင်္သေ့ဆီဆိုတာ သိင်္ဂီရွှေခွက်နဲ့ ပဲ ထိုက်တန်ပါတယ်။

 အဲဒီလိုပဲ၊ အလွန်မွန်မြတ်လွန်းတဲ့ မြတ်စွာ ဘုရားရှင်ရဲ့ တရားတော်တွေဟာ လည်း နူးညံ့သိမ်မွေ့ပြီး စိတ်ကောင်း ရှိသူတွေနဲ့ပဲ ထိုက်တန်ပါတယ်။
မိန်းမသားဖြစ်နေပေမဲ့ မိမိမှာ စိတ်ကောင်းရှိတယ်။ စိတ်ကလေး က နူးညံ့သိမ်မွေ့နေတယ်ဆိုရင် ဘာလိုသေးလဲ။ 

မိန်းမသား ဖြစ် တော့ရော ဘာဖြစ်သေးလဲ။ တရားနဲ့ ထိုက်တန်ပြီလေ။ သဒ်္ဓါ,၀ီရိယစတဲ့ စိတ်စွမ်းအားတွေနဲ့ ကြိုးစား ကျင့် သုံးလိုက်ရုံပါပဲ။ ဒီတော့မှ တရား ရဲ့စွမ်းရည်ထူးတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။
ကဲ...မိန်းမသားမို့ အားနွဲ့ စရာလိုသေးလား။


ယောဆရာတော်ဘုရားကြီးက ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမသား ဖြစ်ဖြစ် ဒေါင်ဒေါင်မြည် အဖိုးတန် လူတစ်ယောက်ဖြစ်ဖို့ ပြည့်စုံရန်လို အပ်တဲ့ လူ့ဘ၀ဂုဏ် (၆) ခုကို အောက်ပါအတိုင်း မိန့်တော်မူထား ပါတယ်။

““(၁) တရားရတနာကြောနဲ့ တွေ့ကြုံရမှ လူရဲ့လုပ်ပိုင်ခွင့်ကို စိတ်ကြိုက်သုံးခွင့်ရပြီး လူရဲ့ခံစား ခွင့်ကိုလည်း အဆင့်မြင့်မြင့် ခံစား နိုင်တာဖြစ်လို့ ဘုရားသာသနာနဲ့ တွေ့ကြုံရတာဟာ တကယ်စိတ် အေးစရာကောင်းလှတဲ့ လူ့ဘ၀ဂုဏ် ရည်ပါ။ သာသနာရှိတဲ့ ခေတ်အခါ မှာ လူဖြစ်ရတာဟာ သက်တမ်း ဘယ်လောက် တိုတယ်ပြောပြော၊ လူ့စွမ်းရည်ကို အကုန်ညှစ်ထုတ်ပြီး သုံးနိုင်တာဖြစ်လို့ အားရှိစရာ အကောင်းဆုံးဖြစ်ပါတယ်။

(၂) ပုထုဇဉ်ဆိုတာ အ၀ိဇ်္ဇာ၊ တဏှာကြိုးနှစ်ချောင်းနဲ့ လည်ခဲ့ တာလည်းဖြစ်တယ်။ ဆင်းရဲမျိုးစုံနဲ့ လုံးထွေးခဲ့ရတာလည်း ဖြစ်လို့ တရားနဲ့ဆက်သွယ်ရေးပြတ်သွားတတ် ပါတယ်။ ကိုယ့်ဟာကိုယ် အပေါ်ကို လည်း မတတ်နိုင်၊ ရှေ့ကိုလည်း မသွားတတ်ပါဘူး။ ဒါကြောင့် ကြောင်းကျိုးပြပြီး တရားနဲ့ ဆက် သွယ်ပေးတတ်တဲ့ မိဘဆရာသမား ကောင်းစတဲ့ ဆက်သွယ်ရေး တာဝန် ခံတွေနဲ့ တွေ့ကြုံခွင့်ရဖို့ အရေးကြီး ပါတယ်။ ပုထုဇဉ်ဟာ ကိုယ့်ကိုယ် ကိုယ် မနိုင်သေးသမျှ ကိုယ့်အပေါ် သြဇာညောင်းတဲ့ အထိန်း၊ လမ်း ညွှန်၊ တွန်းအား အမြဲရှိရပါတယ်။ အမှီကောင်းရင် လမ်းဖြောင့်သွား တတ်တာမို့ အမှီကောင်းကို ရရှိခြင်း ဟာလည်း တကယ့်အားရှိစရာ ကောင်းတဲ့ လူ့ဘ၀ဂုဏ်ရည်ပါ။

(၃) တရားရှိတဲ့ နေရာ၊ ဘယ် ကုသိုလ်မဆို အချိန်မရွေး လုပ်ခွင့်ရှိ တဲ့ နေရာမှာ နေရတာလည်း ဂုဏ် ယူဖို့ကောင်းတဲ့ လူ့ဂုဏ်ရည်တစ်ခု ပါ။ ကမ္ဘာ့အလယ်မှာ မြန်မာပြည် နေရတာ ပျော်ဖို့ကောင်းတယ် ဆိုတာ အဲဒီ တတိယလူ့ဘ၀ဂုဏ် ကြောင့်ပါ။ ဘ၀အသုံးချပညာ၊ ဘ၀နေနည်းပညာများကို သင်ယူ နာကြားလေ့လာခွင့်ရတယ်။ လူ့ အသိကို တစ်ဘ၀နဲ့ဘောင်မခတ် ထားဘဲ သံသရာနောင်ရေး၊ ဘ၀ လွတ်မြောက်ရေးအတွက်ပါ တွက် ချက်မျှော်ခေါ်အောင် သင်ပေးတတ် တယ်။

(၄) မျက်စိ၊ နားစတဲ့ အင်္ဂါကြီး ငယ်ပြည့်စုံတဲ့၊ ကျန်းမာသန်စွမ်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန်္ဓာတည်ဆောက်မှု နဲ့လည်း ပြည့်စုံရမယ်။ ပုထုဇဉ် ဟာ သုတမပါဘဲ အသိထူးကို မရ နိုင်တာဖြစ်လို့ အထူးအားဖြင့် သုတ ဆက်သွယ်ရေးတပ်ဆင်နိုင်အောင် မျက်စိ, နားကောင်းမွန်ဖို့ လိုအပ်ပါ တယ်။

(၅) တရားကိုအပြည့် လက်ခံ နိုင်လောက်အောင် လိမ်္မာသွက် လက် ထက်မြက်ထူးချွန်တဲ့ စိတ်ပိုင်း ဆိုင်ရာ ခန်္ဓာကိုယ်တည်ဆောက် ပြည့်စုံဖို့လည်း အထူးလိုအပ်ပါ တယ်။ သဒ်္ဓါ၊ သတိ၊ ၀ီရိယ၊ ပညာ စတဲ့စွမ်းအားများနဲ့ ပြည့်စုံမှလည်း စိတ်စွမ်းအားကို မြှင့်တင်အသုံးချ ခွင့်ရနိုင်မှာပါ။ 
 စိတ်ပိုင်းဆိုင်ရာ စွမ်း အားနဲ့ထိန်းမပေးနိုင်ရင် ရုပ်ပိုင်း ဆိုင်ရာခန်္ဓာကိုယ်တည်ဆောက်မှုနဲ့ ရုပ်ဝတ်္ထုပြည့်စုံမှု အားလုံးဟာ ပျော် ရွှင်ချမ်းသာအောင် အာမခံနိုင်စွမ်း မရှိတော့ဘဲ အချိန်မရွေး မီးထ တောက် ပြာကျသွားနိုင်ပါတယ်။

(၆) လူဆိုတာ ကုသိုလ်ကံ အရင်းခံ စွမ်းအားနဲ့ လာခဲ့ရတာ ဖြစ်လို့ ကုသိုလ်နဲ့အဆက်ပြတ် ခံလို့မရပါ။ 

ကုသိုလ်ဆိုတာ ကိုယ့် စိတ်ကိုနိုင်မှ ရနိုင်တဲ့ လူ့တန်းအစစ် ပါ။ လူဖြစ်လျက်နဲ့ ကုသိုလ်စိတ် မထားရင် လူ့နေရာလူ့လမ်းကြောင်း ပေါ်က ပြန်ဆင်းပေးရမှာ ဧကန်ပါ။
အပူထုပ်ကြီးများဖြစ်တဲ့ စား ၀တ်နေရေး၊ စီးပွားရေး၊ လူမှုရေး ကိစ်္စအားလုံးဟာ ကုသိုလ်တန်ခိုး နဲ့ထိန်းပေးနိုင်မှ ငြိမ်းအေးမှာပါ။ 


ကံထောက်ပေးမှလည်း ကြံ့ခိုင်မှာပါ။ အာရုံဖိစီးမှုဒုက်္ခ သက်သာပြီး ခုရော နောင်ပါ စိတ်အေးရမှာပါ။ ဒါဟာ လူ့ဘ၀ဂုဏ်ရည် (၆)ချက်ပါ။
ဒီလူ့ဘ၀ဂုဏ်ရည် (၆)ချက်နဲ့ ပြည့်စုံအောင်နေထိုင်တဲ့ မိန်းမသား များ အားနွဲ့စရာလိုသေးလား။


အဆင်းလည်းလှတယ်။ ခွန် အားလည်းကြီးမားတယ်။ လျင်မြန် သွက်လက်မှုလည်းရှိတယ်။ အဲဒီလို မြင်းကသာ မင်းအသုံးအဆောင် ဖြစ်ပါတယ်။


ဒီ့အတူ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အကျင့်သီလရှိ တယ်။ အကုသိုလ်ပယ်ဖို့အတွက် လုံ့လ၀ီရိယလည်း ရှိတယ်။ 

ဆင်းရဲ၊ ဆင်းရဲခြင်းအကြောင်း၊ လွတ် မြောက်ရာ၊ လွတ်မြောက်ခြင်းရဲ့ အကြောင်းစတာတွေကို သိကာ ကျင့်သုံးနိုင်ခြင်းလည်း ရှိရတယ်။ ဒါ ဆိုရင် သာသနာတော်အတွက် အသုံးဝင်တဲ့လူ၊ သာသနာတော်မှာ တန်ဖိုးရှိတဲ့လူ ဖြစ်သွားပါပြီ။

မြတ်စွာဘုရားရှင် သာသနာ တော်မှာက....
ခန်္ဓာကိုယ် အချိုးအစား မကျ၊ မလှပလို့လည်း အားငယ်စရာ မလို ပါ။ မြတ်ဘုရားရှင် အလိုတော်ကျ အဆင်းတန်ဆာ လှပခြင်းဆိုတာ အကျင့်သီလရှိဖို့ပါပဲ။
ကိုယ်ခန်္ဓာ တောင့်တင်းကြံ့ခိုင်မှု မရှိလို့လည်း အားငယ်စရာ မလိုပါ ဘူး။ အကုသိုလ်ပယ်ဖို့ ၀ီရိယရှိနေ တာက သာသနာတော်အတွက် ခွန်အားပါ။


ဥာဏ်ပညာထက်မြက်မှုက တော့ သာသနာတော်အတွက် သွက် လက်ချက်ချာခြင်းပါ။
မိန်းမသားလည်း အကျင့်သီလ ရှိတယ်။ 


အကုသိုလ်လည်း ပယ်ဖို့ လုံ့လ၀ီရိယရှိတယ်။ တရားထူး တရားမြတ်ကို ထိုးထွင်းသိနိုင်မယ့် ဉာဏ်ပညာနဲ့ ပြည့်စုံတယ်ဆိုရင် ဘုရားရှင်နဲ့ ရဟန်္တာသာဝကကြီးတွေ မျက်မှောက်ပြု စံဝင်သွားတဲ့ နိဗ်္ဗာန် ကို ရောက်ရှိမှာပဲလေ။ ရှေ့က ရောက်ရှိသွားကြတဲ့ မိန်းမသား တွေလည်း အများကြီးရှိခဲ့ပြီပဲ။

မြတ်စွာဘုရားရှင် သက်တော် ထင်ရှားရှိစဉ်ကာလကတည်းက မိန်းမသားတွေဟာ ယောက်ျားသား တွေနဲ့ ရင်ဘောင်တန်း တရားအား ထုတ်ခဲ့ကြလို့ ရဟန်္တာဖြစ်သွားတဲ့ ဘိက်္ခုနီမတွေ မရေတွက်နိုင်သလို ဧတဒဂ်ရသွားတဲ့ ဘိက်္ခုနီမတွေ လည်း များစွာပါပဲ။

အခုခေတ်မှာတော့ ဘာသာ ရေးဘက်မှာသာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာတောင် အမျိုးသမီးတွေက အမျိုးသားတွေ ကို ရင်ဘောင်တန်းလာကြပါပြီ။

နိုင်ငံရေးမှာ အမျိုးသမီးသမ္မတ တွေ များစွာပေါ်ထွက်လာပါတယ်။

စီးပွားရေးမှာလည်း ထိပ်တန်း ရောက်နေတဲ့ အမျိုးသမီးတွေ အများကြီးပါ။ လူမှုရေးမှာလည်း အမျိုးသမီးတွေ ဦးဆောင်လုပ်နေပါ တယ်။

အားလုံးဟာ ကိုယ်အင်္ဂါကြီး ငယ်နဲ့လည်း ပြည့်စုံပါတယ်။

 အမှား အမှန် အကြောင်းအကျိုးကို ခွဲခြား သိမြင်တတ်တဲ့၊ တရားတော်တွေကို ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်လည်း ရှိတယ်။ ၀ီရိယစွမ်းအား၊ စိတ်စွမ်း အားတွေနဲ့ မိမိတို့အလိုရှိရာကို ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။ မိန်းမသားတွေမှာ ချို့တဲ့တာ ဘာမှ မရှိပါ။

 ဒါပေမဲ့ ဘာမှမလုပ်ရင်တော့ ဗလာနဲ့ပဲ တစ်ဘ၀အဆုံးသတ်သွား လိမ့်မယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။ သီလ၊ ၀ီရိယ၊ ပညာတွေ နဲ့ ဘ၀ကို အနှစ်ရှိအောင် တည် ဆောက်ထားရမှာပါ။
ဒီတော့ မိန်းမသားမို့ အားနွဲ့ စရာမလိုပါ။


မှီခိုကျမ်းကိုး-
-ဆရာတော် သကျနွယ်(ရွှေပင်လယ်)၏"မိန်းမသားမို့ အားနွဲ့ စရာလား"ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။
နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။

No comments:

Post a Comment