Pages

Thursday, January 16, 2014

*** ပိတ်ပင် တားဆီးတတ်သောတရား ငါးပါး ***

ပိတ်ပင် တားဆီးတတ်သောတရား ငါးပါး
******************************  
အဘယ်တို့သည် ဈာန် မဂ် ဖိုလ်တရားတို့ကို
ပိတ်ပင် တားဆီးတတ်သော {နီဝရဏ} တရားငါးပါးတို့ မည်သနည်း။

၁။ {ကာမစ္ဆန္ဒနီဝရဏ}

ကာမတို့၌ လိုချင်တောင်းတမူဟူသော ပိတ်ပင်တားဆီးမှု ၊


 

၂။ {ဗျာပါဒနီဝရဏ}
အမျက်ထွက်မှုဟူသော ပိတ်ပင်တားဆီးမှု ၊
 

၃။ {ထိနမိဒ္ဓနီဝရဏ}
(စိတ် စေတသိက်တို့၏) မခံ့မှု ငိုက်မည်းမှု ဟူသော ပိတ်ပင် တားဆီးမှု  

၎။ {ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ}
ပျံ့လွင့်မှု နောင်တ တဖန် ပူပန်မှု ဟူသော ပိတ်ပင်တားဆီးမှု ၊
 

၅။ {၀ိစိကိစ္ဆာနီဝရဏ}
တွေးတောယုံမှားမှုဟူသော ပိတ်ပင်တားဆီးမှု ။

ဤသည်တို့သည် (ဈာန် မဂ် ဖိုလ်တရားတို့ကို)

ပိတ်ပင်တားဆီးတတ်သော {နီဝရဏ} တရားငါးပါး တို့တည်း။

၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။ 


 

No comments:

Post a Comment