/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, January 6, 2014

*** ဗုဒ္ဓသာဝင်တိုင်းသိထားသင့်တဲ့အချက် ( ၁၀ ) ချက် ***



 ဗုဒ္ဓသာသနာ ပိုမို ထွန်းပြောင် ၊ တည်တံ့ စေခြင်းအလို့ဌာ တချိန်က ကမ္ဘာ က လေးစားလောက်အောင်အသိအမှတ်ပြုကြတဲ့ ၊ ချီးမွမ်းထောပနာပြုကြတဲ့ မန္တလေးမြို့ မဟာဂန္တရုံကျောင်းတိုက်
နဲ့ ကျောင်းတိုက်အား စည်းစနစ်တကျ ၊ ကမ္ဘာ့ မျက်စိကျလောက်အောင် တည်ထောင်ခဲ့တဲ့ အမရပူရ မဟာဂန္တာရုံဆရာတော် အရှင်ဇနကာဘိဝံသကိုပူဇော်လျက် ဆရာတော်ဘုရားရဲ့ချမှတ်ထားတဲ့ စည်းကမ်းဝိသေသများကို ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်များ အထူး ပူဇော် ၊
လိုက်နာ ကျင့်သုံးနိုင်ရန် အလို့ဌာ ဤစည်းကမ်းဝိသေသ ( ၁၀ ) ချက်ကို ပူဇော် ရေးသား တင်ပြလိုက်ရပါတော့တယ် ။
 

( ၁ )းးး စိတ်ကောင်းရှိဖို့က ပထမ
ရှောင်ရန်စိတ်ထားများ
 

( က ) အကြီးက အငယ်ကိုနိုင် ၊ အငယ်က အကြီးကို မရိုသေ ဆိုတဲ့ စိတ်မျိုး ၊
 

( ခ ) ကိုယ့်ထက်သာသူကို မနာလိုတဲ့ စိတ်မျိုး ၊
 

( ဂ ) ဥာဏ် ၊ ၀ီရိယကောင်းသူကို တိုးတက်မှာစိုးတဲ့ စိတ်မျိုး ၊
 

( ဃ ) အလွန်သိသာ ထင်ရှားတဲ့ တဏှာရာဂ စိတ်မျိုး ၊
 

( င ) ဂုဏ် နဲ့ လာဘ်ကို အလွန် လိုလားတဲ့ လောဘ စိတ်မျိုး ၊
 

( စ ) ပြင်းထန်တဲ့ ဒေါသ စိတ်မျိုး ၊
 

( ဆ ) ပြင်းထန်တဲ့ မာန်မာန စိတ်မျိုး ... စတဲ့ စိတ်ယုတ်မာတွေပါ ။
လိုက်နာကျင့်သုံးအပ်တဲ့ စိတ်ထားများ
 

( က ) ဆရာပီပီ ၊ တပည့်ပီပီ ရိုသေ လေးစားတဲ့ မေတ္တာစိတ်မျိုး ၊
 

( ခ ) သူတပါး ပညာတတ်သည် ။ ချမ်းသာကြွယ်ဝလာစေသည် ( လာဘ်ပေါသည် ) ကို ၀မ်းမြောက်တဲ့
မုဒိတာစိတ်မျိုး ၊
 

( ဂ ) ဘုရား ၊ ဘာသာ ၊ သာသနာ ၊ ကြီးသူတို့ရဲ့ ဝေယျာဝစ္စ ကို စိတ်ပါလက်ပါ ပြုလုပ်လိုတဲ့စိတ်မျိုး ၊
 

( ဃ ) သဒ္ဓါ တရားကောင်းတဲ့ စိတ်မျိုး ၊
 

( င ) ပျော့ပြောင်းနူးညံ့တဲ့ စိတ်မျိုး ၊
 

( စ ) အပါယ်လေးပါး ကြောက်တဲ့ စိတ်မျိုး ၊
 

( ဆ ) မဂ် ဖိုလ် နိဗ္ဗာန်ကို လိုလားတဲ့ စိတ်မျိုး ...စတဲ့ စိတ်သူတော်လေးတွေပါ ။
 

( ၂ )းးး စည်းကမ်း လေးစားဖို့က ဒုတိယ
ရဟန်းသာမဏေ မှန်လျှင် ဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာတော်ကို လိုက်နာမှာသာ အပယ်လေးပါးက လွတ်ပြီး ၊
သာသနာတော် မကွယ်အောင်လဲ စောင့်ရှောက်နိုင်မှာပါ ။ သာသနာတော် တာရှည်တည်တံ့ဖို့ ဖြစ်တဲ့ အသက်ဟာ
ဝိနည်း သာဖြစ်ပါတယ် ။
ထို့အတူ တိုင်းပြည်တစ်ပြည် ၊ မြို့တစ်မြို့ ၊ အိမ်ထောင်တစ်စု ၊ ပုဂ္ဂိုလ် တစ်ဦးစီမှာလဲ စည်းကမ်းဟာ
အသက်ပါဘဲ ။ စည်းကမ်းရှိမှ ၊ လူ့ကျင့်ဝတ် လေးစားမှ အရာရာ တည်တံ့ခိုင်မြဲပြီး ပျက်သုဉ်းခြင်း ကင်းဝေးမှာပါ ။
 

( ၃ )းးး ကျန်းမာဖို့က တတိယ
စိတ်ကောင်းရှိရုံ ၊ စည်းကမ်းလေးစားရုံနဲ့ မပြီးပါဘူး ။ ထိုနှစ်ပါးညီညွှတ်ပြီး ကျန်းမာနေဖို့ကလဲ အရေးကြီး
ပါတယ် ။ နာမကျန်းဖြစ်နေရင် ဘာကိုမှ မလုပ်နိုင်တော့ပါဘူး ။
 

( ၄ )းးး သန့်ရှင်းဖို့က စတုတ္ထ
မကျန်းမာရတဲ့ အကြောင်းတွေထဲမှာ မသန့်ရှင်းမှုကလဲ အကြောင်းတစ်ခုပါဘဲ ။ဥတုနဲ့ လျော်ညီအောင်
ရေမှန်မှန် ချိုးလို့ ၊ တကိုယ်ရေ သန့်ရှင်းစေပြီး ၊ အ၀တ် ၊ အခန်း ၊ အိမ်ကျောင်း ပတ်ဝန်းကျင် ကိုသန်ရှင်း
စေရပါမယ် ။ မိမိနေရာ တစ်ခုလုံး ၊ ခန္တာ တစ်ခုလုံး သင်းပြန့် မွှေးကြိုင်စေပြီး၊ လုပ်ရည် ကိုင်ရည်လဲ တိုးလာမှာ
ဖြစ်ပါတယ် ။
များသောအားဖြင့် သန့်ရှင်းခြင်းရဲ့ အကျိုးကို မသိလို့ သန့်ရှင်းအောင် မကြိုးစားကြတာပါ ။
 

( ၅ )းးး အ၀တ်နဲ့အစားတတ်ဖို့က ပဉ္စမ
ရဟန်းတော်များအနေနဲ့ သင်္ကန်းကို “ ရဟန္တာများရဲ့ တံခွန်အောင်လံ ” လို့ခေါ်ပါတယ် ။
မတို မရှည် ၊ ညီညီ ၀တ်တတ်ဖို့ လိုပါတယ် ။ အရောင်ရင့်ရင့် ဆိုးတဲ့သင်္ကန်းကို သိက္ခာပုဒ်တော်များနဲ့ အညီ
ဝတ်တတ်ဖို့နဲ့ စည်းကမ်းတကျ အသံ တိတ်တိတ်ဆိတ် ဆွမ်းစား တတ်ဖို့လိုပါတယ် ။
လူပုဂ္ဂိုလ်များ အဖို့လဲ အ၀တ်ကို သူ့နေရာနဲ့သူ ၊ သန့်သန့်ရှင်းရှင်း သေသေသပ်သပ် ၀တ်တတ်ဖို့လိုပါတယ် ။
ဥတုနဲ့ လျော်ညီအောင် စနစ်တကျ စားတတ်ဖို့လိုပါတယ် ။
 

( ၆ )းးး အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
အသင်အပြ မရှိရင် ၀ါကြီးသူ ။ ကိုယ့်ထက်ကြီးသူ ၊ ဆရာသမားတို့ရဲ့ အနီးမှာ လေးလေးစားစား နေနည်း ၊
ထိုင်နည်း မသိကြပါဘူး ။ မရကြပါဘူး ။ လက်ဦးဆရာ မိဘမှ အစပြုပြီး ဆရာသမားကောင်းတွေ လိုပါတယ် ။
 

( ၇ )းးး အပြောအဆိုတတ်ဖို့က သတ္တမ
ရဟန်းတော်များ အနေနဲ့ ယခုအခါမှာ လူလူချင်းပြောကြသလို “ မင်းနဲ့ ငါနဲ့ ” ဆိုတာတွေ ပြည့်လျှံလို့
နေပါပြီ ။ရှောင်ကျဉ်ရပါမယ် ။ “တပည့်တော် ၊ အရှင်ဘုရား ၊ ကိုရင် ၊ ဦးဇင်း ၊ ဘုန်းကြီး ” စသဖြင့် ၀ါစဉ်အရ
ယဉ်ယဉ်ကျေးကျေး သုံးရပါမယ် ။
လူပုဂ္ဂိုလ်များအနေနဲ့လဲ “ဟေ့ကောင် ၊ ဟိုကောင် ၊ ဒီကောင် ၊ မင်း ငါ” စတာတွေ အစား “ ဘကြီး ၊ ဦးကြီး ၊
အကိုကြီး ။ ညီလေး ၊ အဒေါ်ကြီး ၊ အဒေါ် ၊ အမကြီး ၊ ညီမလေး ” စသဖြင့် ယဉ်ကျေး ချစ်ခင် နှစ်လိုဖွယ်
ပြောဆိုတတ်ရပါမယ် ။
 

( ၈ )းးး အသွားအလာတတ်ဖို့က အဋ္ဌမ
ယခုအခါ ရဟန်းတော်တွေ ဆွမ်းခံကြွရာမှာ တစ်ပါးနဲ့ တစ်ပါး ရင်ဘောင်တန်းလို့ ၊ စကားတွေပြောလို့ ၊
မျက်စိက ကျီးကန်းတောင်းမှောက်နဲ့ ကိုယ်အမူအယာတွေကလဲ လှုပ်ခါရမ်းပြီး အတော့ကို ကြည့်ရ ရုပ်ဆိုး
နေပါပြီ ။ ကျမ်းစာများနဲ့အညီ ဘုရားရှင် မြို့ထဲ ကြွသည့် အလား ရှေ့နောက်တန်းလို့ ၊ သေသေသပ်သပ်
ဝတ်လို့ ၊ တည်တည်ငြိမ်ငြိမ် စက္ခုကို ချလို့ သိက္ခာရှိရှိ ၊ လူရှင် ရိုသေအောင် သွားလာတတ်ရပါမယ် ။
လူပုဂ္ဂိုလ်များအဖို့လဲ ရဟန်း ၊ သာမဏေ ၊ လူကြီးသူမက အစ ကိုယ့်ထက်ဝါကြီးသူများ အနီးမှာ
သော်၎င်း ၊ အဝေးမှာသော်၎င်း ရိုရိုသေသေ ၊ တည်တည်ငြိမ်ငြိမ် ၊ ရှပ်တီးရှပ်ပြာ မနေဘဲ သွားလာသင့်ပါတယ် ။
 

( ၉ )းးး စည်းကမ်းလိုက်နာဖို့က န၀မ
စည်းကမ်းတွေ လေးစားရုံနဲ့ မပြီးသေးပါဘူး ။ လိုက်နာ ကျင့်သုံး ကြရပါမယ် ။ ရှေး လူကြီးများ ၊
ဆရာသမားများရဲ့ ကောင်းတဲ့ စည်းကမ်း ထုံးစံ ဥပဒေတွေကို နောက်လူများက လိုက်နာဖို့ တာဝန်ရှိပါတယ် ။
သူ့စည်း သူ့ကမ်းနဲ့ မလိုက်နာနိုင်ရင် သူ့နေရာမှာ ရေရှည်နေဖို့ မလွယ်ပါဘူး ။ ဒါကြောင့် စည်းကမ်းလိုက်နာ
တတ်ဖို့ကလဲ အရေးကြီးပါတယ် ။
 

( ၁၀ )းးး စာတတ်ဖို့က ဒသမ
အများ အယူအဆကတော့ စာတတ်ဖို့က ပထမ လို့ယူဆကြဟန်တူပါတယ် ။ ဒါပေမဲ့ စိတ်ကောင်းမရှိဘဲ
စာတတ်လဲ အလကားပါဘဲ ။ စည်းကမ်းမရှိဘဲ စာတတ်လဲ အလကားပါဘဲ ။ထို့အတူ နာမကျန်းဖြစ်နေရင် ၊
ညစ်တီးညစ်ပတ် ဖြစ်နေရင် ၊ ၀တ်ပုံ စားပုံ မတတ်ရင် ၊ အနေအထိုင် မတတ်ရင် ၊ မပြောအဆို မတတ်ရင် ၊
အသွားအလာ မတတ်ရင် ၊ စာတွေ ဘယ်လောက်တော်တော် အလကားပါဘဲ ။ ကိုယ့်အကျိုး သူ့အကျိုး
ဘာတစ်ခုမှ မပြုနိုင်ပါဘူး ။ စိတ်ကောင်းရှိမှု စသဖြင့် အားလုံးပြည့်စုံမှ စာတတ်ရကျိုး နပ်မှာပါ ။
ဒါကြောင့် စာတတ်ဖို့ကို နောက်ဆုံးမှာ ထားတာပါ ။
ကဲ - ဒီလောက်ဆို ဆရာတော်ရဲ့ အတုယူ ၊ လိုက်နာဖွယ် နည်းနာတွေ သိလောက်ပြီ ထင်ပါတယ် ။
ဒါနဲ့ ထပ်ပြောပါဦးမယ် ။ ဆရာတော်ရဲ့ အဆိုအရ “ စာမတတ်လို့ အပါယ်မကျပါဘူး ၊ စိတ်ကောင်းမရှိရင် ၊
ဝိနည်း စည်းကမ်း မလေးစားရင် အပါယ်ကျနိုင်ပါတယ် ။ဒါကြောင့် စာတတ်မှုဟာ စိတ်ကောင်းရှိမှုလောက်
အဖိုးမတန် ၊ အရေးမကြီးပါဘူး ” တဲ့ ။ မှတ်သားဖွယ် အင်မတန် ကောင်းပါတယ် ။
ရဟန်းသာမဏေ ၊ သူတော်စင် အပေါင်းနဲ့ ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်အပေါင်းတို့ လေးသင်္ချေနဲ့
ကမ္ဘာ တစ်သိန်း ပါရမီ အဟုန်နဲ့ နောက်ဆုံးဘ၀မှာ အကောင်းတကာ့ ကောင်းဆုံး စင်္ကြာ ထိုက်လောက်တဲ့
လောကစည်းစိမ်ကို စွန့်ပြီး ၊ ဒုက္ခ ခံ ၊ အပင်ပန်း အဆင်းရဲခံ ခဲ့ပြီး ၊ လူတွေရဲ့ အကျိုး သတ္တ၀ါတွေရဲ့အကျိုး
( ၄၅ ) ၀ါ တိုင်တိုင် မနားမနေ ကြိုးစားအားထုတ်ခဲ့တဲ့ တည်ထောင်ခဲ့တဲ့ ထေရ၀ါဒ ဗုဒ္ဒသာသနာကို အရှည်
တည်တံ့ ပြန့်ပွား နိုင်စေရန်၊ စွမ်းစွမ်းတမံ ရွက်ဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတော့တယ် ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ .... ။


http://letyyutthar.blogspot.com
မှတဆင့်တင်ပြသည်။

No comments:

Post a Comment