Pages

Thursday, January 9, 2014

“မိတ်ဆွေကောင်းဟူသည်”

 

“မိတ်ဆွေကောင်းဟူသည်”
★★★★★★★★★★★★★
 

လောကတွင် စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိန် မရှိရင်နေပါစေ မိတ်စစ်မိတ်ကောင်း ရရှိခဲ့လျှင် ပြည့်စုံရာ၏။


''ဥပကာရ မိတ်ဆွေ''
+++++++++++++

ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေဖြစ်၍ လက္ခဏာရပ်များမှာ-
၁။ မူးယစ်နေခြင်းဖြင့် မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
 

၂။ မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
 

၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
 

၎။ ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာပါက အကူညီတောင်းခံသည်ထက် နှစ်ဆသော အထောက်အပံ့ကို ပေးတတ်၏။

''သမာဏ သုခဒုက္ခမိတ်ဆွေ''

+++++++++++++++++
ချမ်းသာအတူ၊ ဆင်းရဲလည်း အတူဖြစ်သော စိတ်ကောင်းနှလုံးရှိသည့် မိတ်ဆွေဖြစ်၍ လက္ခဏာရပ်တို့မှာ-
 

၁။ လျှိုဝှက်တတ်သော စကားကို ပြောကြားတတ်၏။
 

၂။ မိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လုံခြုံအောင် လျှို့ဝှက်ခြင်း။
 

၃။ ဘေးရန်ရှိသောအခါ စွန့်လွှတ်၍ မသွားတတ်ခြင်း။
 

၎။ အရေးကိစ္စကြုံလျှင် မိတ်ဆွေအတွက် အသက်ကိုလည်း စွန့်လွှတ်တတ်၏။

''အတ္တက္ခာရီ မိတ်ဆွေ''

+++++++++++++++
အကျိုးစီးပွါးကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေဖြစ်၍ လက္ခဏာရပ်တို့မှာ-
 

၁။ မကောင်းမှုမှ တားမြစ်တတ်၏။
 

၂။ ကောင်းမှု၌ တိုက်တွန်းနှိုးဆော် တတ်၏။
 

၃။ မကြားဖူးသော အကြားအမြင် ဗဟုသုတများကို ပြောကြားတတ်၏။
 

၎။ နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း ကောင်းသော တရားကို ပြောကြားတတ်၏။

''အနုကမ္မက မိတ်ဆွေ''
+++++++++++++++

အကျိုးစီးပွါးကို အစဉ်စောင့်ရှောက်တတ်သည့် စိတ်နှလုံးကောင်းရှိသည့် မိတ်ဆွေဖြစ်၍ လက္ခဏာရပ်တို့မှာ-
 

၁။ မိတ်ဆွေ၏ ဆုတ်ယုတ် ပျက်ဆီးခြင်းကို မနှစ်သက်။
 

၂။ မိတ်ဆွေ၏ အကျိုးစီးပွါး ဖြစ်ထွန်းကြီးပွါးခြင်းကို နှစ်သက်၏။
 

၃။ မိတ်ဆွေအား ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက် တားမြစ်တတ်၏။
 

၎။ ဘမိတ်ဆွေအား ချီးမွမ်းစကား ပြောကြားသူကို ထောက်ခံတတ်၏။

မိတ်စစ် ဆွေစစ်များ ပေါများကြပါစေ။
(သိဂါင်္လောဝါဒသုတ်)
(Mhai Wai - ဘဝစာမျက်နှာ Page မှပြန်လည်မျှဝေပါသည်)

No comments:

Post a Comment