Pages

Thursday, January 23, 2014

** ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းအကျိုး။ **


       
 ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးအမျှအတမ်း ပေးဝေတာကို
 မြတ်စွာဘုရားက “ဉာတိဓမ္မ”ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ၀တ္တရားအဖြစ်ဖြင့် ဟောထားတာဖြစ်လို့ လုပ်သင့်လုပ်
ထိုက်တဲ့ကိစ္စ၊ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။



၁။ ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်။
 

၂။ မိမိရည်စူးတဲ့ပုဂ္ဂိုလ်က အမျှရနိုင်တဲ့ ဘုံဘ၀မှာ ရောက်နေရင် ကုသိုလ်ကောင်းမှုရဲ့ အကျိုး
ကျေးဇူးကို ခံစားရပါမယ်။
 

၃။ သံဃာတော်အရှင်မြတ်များ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားကို လှူဒါန်းထောက်ပံ့ပြီး
မည်ပါတယ်။
 

၎။ မိမိတို့ ကိုယ်တိုင်ကလည်း ကုသိုလ်ကောင်းမှုတွေ ဆည်းပူးအားထုတ်ပြီး ဖြစ်ပါတယ်။

         အဲဒီ အကျိုး ၄ မျိုးကို ရရှိနိုင်စေတဲ့ ကုသိုလ်ကောင်းမှုဖြစ်လို့ မြတ်စွာဘုရားက အကျိုး
ရှိတဲ့လုပ်ငန်းလို့ ဟောကြားထားတာ ဖြစ်ပါတယ်။ ။


{ ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၌
   အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော “အထင်မှား အမြင်မှား” တရားတော်မှ  ကောက်နုတ်ရေးသားပူဇော်ပါသည်။ }


 ဓမ္မနဒီ ဆိုဒ်မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment