Pages

Friday, January 3, 2014

****** မိဘဂုဏ်ရည် *****

အလှူခံ ပုဂ္ဂိုလ်ထူး၊

လက်ဦးတဲ့ မြတ်ဆရာ၊


ထက်ကောင်းကင် ဗြဟ္မာမျိုး


တိုးလို့မှတ်ပါ။

ထိုသူတွေ ဘယ်မှာရှိငြား၊

တခြားမောင်မရှာလေနဲ့၊

နောင်အခါ ပူဇော်ရမယ်
မိဘနှစ်ပါး။ 
 
 (မဟာဂန္ဓာရုံဆရာတော်)
ဗြဟ္မာတိ မာတာပိတရော, ပုဗ္ဗာစရိယာတိ ဝုစ္စရေ။
အာဟုနေယျာ စ ပုတ္တာနံ, ပဇာယ အနုကမ္ပကာ။ (အံ-၁၊ ၁၃၁) 
မိဘကို ဗြဟ္မာလို့လဲ ခေါ်နိုင်တယ်။
လက်ဦးဆရာလို့လဲ ခေါ်နိုင်တယ်။
အလှူခံပုဂ္ဂိုလ်ထူးကြီးလို့လဲ ခေါ်နိုင်တယ်။
မိဘတွေက သားသမီးကို ငဲညှာသနားထောက်ထား စာနာတတ်ကြတယ်။

အမေနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုပါသည်။
 

No comments:

Post a Comment