Pages

Wednesday, January 8, 2014

****** အဖေ *****

 

အဖေ(အဝေး တစ်နေရာရောက် သား/ သမီးများမှ အဖေ သို့)

"ပြည်ပတစ်နေရာက ငါ့သား/ငါ့သမီး ပြန်လာရင် ငါ့နဲ့မှ တွေ့ရပါတော့မလားလို့ phone ထဲကနေ ပြောခဲ့တဲ့ ဖေဖေ”

အဖေရယ်... ဘာသာရေး ကိုအလေးအနက် ထားတဲ့  အဖေ

ဘယ်တော့ ပဲကြည့်ကြည့် လေးနက် တည်ကြည်တဲ့ မျက်နှာထားနဲ့  အဖေ...

ထမင်းဝိုင်းမှာ မိသားစု မစုံရင် မျက်နှာမှုန်တတ်တဲ့ အဖေ....


ဆေးလိပ်၊၊အရက်၊လောင်းကစား။မိန်းမ လုံးဝကင်းတဲ့


သား/ သမီး တို့ရဲ့စံပြအလင်းတန်း အဖေ....


ဘယ်လောက်ဒေါသ ဖြစ်ဖြစ် ဆဲရေးတိုင်းထွာမှုကို

တစ်ကြိမ်တစ်ခါမှ မပြုခဲ့ဘူးတဲ့ အဖေ....


သားသမီးကို ဘယ်သောအခါမှ လက်မပါဘဲ


အေးငြိမ်း ချိုသာစွာ ဆုံးမခဲ့သော အဖေ....

သားသမီးတို့ မသိနားလည်သမျှကို

အချက်ကျကျ လှလှပပ ဖြေပြခဲ့သော အဖေ....


အဖေ ဟာ ကျွန်တော်တို့ရဲ့ မီးရူးတန်ဆောင်ပါ..လမ်းပြကြယ်ပါ...ပန်းတိုင်ထက်က အလံ တစ်ရွက်ပါ...


စွယ်စုံ ကျမ်းကြီး တစ်အုပ်ပါ...ကျွန်တော် တို့ မိသားတစ်စုလုံးရဲ့ နှလုံးသားပါ..ဦးနှောက်ပါ အဖေ ရယ်.....


"အသက်ခြောက်ဆယ်ကျော် အဘိုးကြီးက ပျိုမြစ်နုနယ်တဲ့၊ကျောင်းသား အလုပ်သမား သားသမီးများကို

 အပူမိ ညောင်းညာမှာစိုးပြီး တန်းစီ အိပ်ခိုင်းရင်း ..ပုံပြင်လေးတွေပြောပြ ပီး ဘယ်ညာလက်အစုံ မအားရအောင် သားသမီးရဲ့
 ခြေဖဝါးတွေကို မေတ္တာအပြည့်နဲ့ နှိပ်နယ် အညောင်းအညာပြေစေတဲ့ မြင်ကွင်းမျိုး ခင်ဗျားတို့ မြင်ဖူးကြသလား......ခုမမြင်နိုင်တော့ပါဘူး.
..(၁၀)စုနှစ် တစ်ခု လွန်ခဲ့ပါပြီလေ......

သား/သမီး များကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အဖေ....


သား/သမီးများကို လူမှုဘ၀ နယ်ပယ်မှာ သွားလာနေထိုင်တက်အောင် သွန်သင်ပြခဲ့တဲ့ အဖေ....


တစ်သက်စာအတွက် Dictionary အသုံးပြုစေတတ်သော အဖေ....


အချက်အလက် ကျကျ စာစီစာကုံး ရေးသားတတ်စေခဲ့သော အဖေ....


သဒ္ဒါမှန်တဲ့ အဖေ... ကဗျာမဆန်တဲ့ အဖေ....


ဘယ်မှာလဲ...အဖေ့အတွက် မိသားစု ထမင်းဝိုင်း....?


ဘယ်မှာလဲ...အဖေ့အတွက် မိသားစု စကားဝိုင်း....?


ဘယ်မှာလဲ...အဖေ့ရဲ့ အသွေးအသားက ပေါက်ဖွားလာတဲ့


အနာဂတ်ရဲ့ မိဘများအတွက် အားအင်....?


ဘယ်မှာလဲ...အဖေ့အတွက်...? အဖေ့အတွက်...?အဖေ့အတွက်.................?


မြေကြီးမရှိရင် ကောင်းကင်လို့ ခေါ်ပါဦးမလား....?


နေမရှိရင် လဖြစ်လာပါဦးမလား....?


ရေမှုန်ရေမွှားမပါပဲ သက်တန့်ဖြစ်လာနိုင်ပါ့မလား....?


အဖေ...အဖေဒီလို ခံစားနေရသလားဟင်....?


မျက်စိမှုန်၊နားလေး၊ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အဖေ့အတွက်


သား/ သမီးတို့ အရောက်ပြန်လာခဲ့ပါ့မယ်....


အဖေမမြင်နိုင် ၊ ဝေဝေ ဝါးဝါးသာ ကြားနိုင်တဲ့


အဖေကြိုက်တဲ့ နိုင်ငံတကာ သတင်းကို သား/သမီးတို့အကျယ်ကြီး လာဖတ်ပြမယ်..ပြောပြမယ်လေ....


အဖေ ဖြစ်ချင်တဲ့ ထမင်းဝိုင်း လူမစုံသေးတောင်မှ


သား ၊ ညီလေးတွေ ၊ အမေနဲ့ အဖေ့ရင်ကို နွေးစေမယ်လေ....


အဖေ့ လိုအပ်ချက် ၊ အဖေ့ လိုအင်ဆန္ဒတို့အတွက်


သား/သမီးတို့တစ်ခဏလောက် အဖေ့ရှေ့မှာ မားမား မတ်မတ်ရပ်ရင်း


ထောက်ပံ့ ဖြည့်စွမ်းပေးပရစေ အဖေ.....


အဖေ ကြိုက်တဲ့ ဟင်းချိုချက်ရင်း...အဖေ ကြိုက်တဲ့ ငါးကို အရိုးနွင်ရင်း


ငယ်ငယ်က အဖေ ထမင်းခွံ့ခဲ့သလို သားတို့/ သမီးတို့ ပြန်ခွံ့ပါရစေ အဖေ....


ဖိတ်တစ်ဝက် ၊ စင်တစ်ဝက် နဲ့ အဖေ ထမင်းစားခဲ့ရတဲ့ဘဝကို


အဖေမွေးတဲ့ အဖေ့ရဲ့သားရဲ့ လက်အစုံနဲ့ သေသေ သပ်သပ်


အဖေ ကျေနပ်ပါရစေမယ်..အဖေရယ်......


အဖေ မွေးတဲ့ အဖေ့ရဲ့သား ခန္တာကိုယ်နဲ့


အဖေ့ကို တွဲထူဖေးမ ပါရစေ အဖေရယ်....



အဖေ မွေးတဲ့ အဖေ့ရဲ့သား အဖေ့ရဲ့သမီး အဖေသင်ပေးတဲ့ ပညာတွေနဲ့ အဖေ့ကို


အလုပ်အကျွေးပြုပါရစေဦး အဖေရယ်....


အဖေရယ်၊အမေရယ်၊သားရယ်၊ညီလေးတွေ ရယ်


သံသရာပါမယ့် မြင့်မြတ်တဲ့ အလှူဒါနလေး တစ်ခု အတူတူပြုပါရစေဦး အဖေရယ်..............


အဖေ့ ကျေးဇူး သဲ တစ်ပွင့်မျှ မကျေနိုင်သေးတဲ့


သားကို
သမီးကို

ငါ့သား  ငါ့သမီး  ပြန်လာရင် ငါနဲ့မှ တွေ့ရပါတော့မလားဆိုတဲ့


စကားမျိုးနဲ့တော့ .................. အဖေ .... အဖေ ...... အဖေရယ်.................။



မှတ်ချက်။   ။ကိုယ်တိုင်ရေးသားခြင်းမဟုတ်ပါ။ အွန်လိုင်းမှ ဖတ်ရသမျှ ပြန်ဝေငှ။

No comments:

Post a Comment