Pages

Thursday, January 23, 2014

** မတွဲသင့်သောအ ရာများ အပိုင်း( ၁ + ၂ ) ***



 

မတွဲသင့်သောအ ရာများ အပိုင်း( ၁ )
**************************
*****
၁။ လူငယ်သဘာဝအရ ရည်းစားဘဝတွင် အချစ်နဲ့ကာမမရောသင့် ။ ( ပြဿ နာရှုပ်တတ်သည် )


၂။ တာဝန်ထမ်းဆောင်ရာတွင် တာဝန် နှင့် လူမှုရေး မရောသင့် ။
( မျက်နှာပျက်ရတတ်သည် )

၃။ အလုပ်လုပ်ရာတွင် စာအုပ်ထဲကအတိုင်းနှင့် လက်တွေ့မလုပ်သင့် ။
( လုပ်ငန်းမအောင်မြင် ဖြစ်ရတတ်သည် )

၎။ ပေါင်းသင်းဆက်ဆံရာတွင် ခင်မင်မှု နှင့် ငွေကြေးမရောသင့် ။
( ငွေကြေးဆုံးရှုံးရတတ်သည် - မျက်နှာပျက်ရတတ်သည် )

၅။ အိမ်ထောင်ရေးတွင် အိမ်ထောင်ရေး နှင့် ဆွေမျိုးရေးကိစ္စ မရောသင့် ။( ဇာတ်လမ်းရှုပ်တတ်သည် )

၆။ ရုံးကိစ္စဆောင်ရွက်ရာတွင် ရုံးကိစ္စ နှင့် အိမ်တွင်းရေးကိစ္စ မရောသင့် ။( တာဝန်ထိခိုက်တတ်သည် )

၇။ ကိုယ့်ပညာကို အသုံးပြုရာတွင် ပညာ နှင့် မာန မရောသင့် ။
          ( အမှားတွေ့ရတတ်သည် )

၈။ လုပ်ငန်းဆောင်ရွက်ရာတွင် သခင် နှင့် ကျွန် မရောသင့် ။
   ( စော်ကားခံရတတ်သည် - ကမ်းတက်တတ်သည် )

၉။ မွေးမြူ ရေးတွင် လူ နှင့် အဆိပ်ရှိတဲ့သတ္တဝါ မရောသင့် ။
( အန္တရာယ်ဖြစ်တတ်သည် )

၁၀။ လူလူချင်းဆက်ဆံရာတွင် ပညာရှိ နှင့် လူမိုက် မရောသင့် ။
( အကျိုးယုတ်တတ်သည် )

၁၁။ ပေါင်းသင်းဆက်ဆံရေးတွင် သူတော်ကောင်း နှင့် သူယုတ်မာ မပေါင်းသင့် ။( အကျိုးပျက်စီးတတ်သည် )

၁၂။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောင်္ကျား နှင့် အိမ်ထောင်ရှင်မိန်းမ မရောသင့် ။( မှားယွင်းတတ်သည် )

၁၃။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်မိန်းမ နှင့် 
လူပျို မရောသင့် ။( မှားယွင်းတတ်သည် )

၁၄။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောင်္ကျား နှင့် အပျို မရောသင့် ။( မှားယွင်းတတ်သည် )

၁၅။ တရားအားထုတ်ရာတွင် ရဟန်း နှင့် မာတုဂါမ မရောသင့် ။
       ( တရားပျက်တတ်သည် - အပါယ်ရောက်တတ်သည် )

၁၆။ တရားအားထုတ်ရာတွင် ရဟန်း နှင့် ရဟန်းမ( သီလရှင် ) မရောသင့်။( တရားပျက်တတ်သည်- အပါယ်ရောက်တတ်သည် )

၁၇။ တရားအားထုတ်ရာတွင် ရဟန်းမ ( သီလရှင် ) နှင့် ဒကာ မရောသင့် ။( တရားပျက်တတ်သည်-အပါယ်ရောက်တတ်သည် )

၁၈။ တရားအားထုတ်ရာတွင် ဒကာ နှင့် ဒကာမ မရောသင့် ။
( တရားပျက်တတ်သည်- အပါယ်ရောက်တတ်သည် )

၁၉။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာအက နှင့် အနောက်တိုင်းအက မရောသင့် ။( ရိုးရာယဉ်ကျေးမှုပျက်တတ်သည် )

၂၀။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာအတီးအမှုတ် နှင့် အနောက်တိုင်းအတီးအမှုတ်မရောသင့် ။
( ရိုးရာယဉ်ကျေးမှုပျက်တတ်သည် )

၂၁။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာသီချင်း နှင့်               အနောက်တိုင်းသီချင်းတို့ မရောသင့်။
( ရိုးရာယဉ်ကျေးမှုပျက်တတ်သည် )

၂၂။ တရားစီရင်ရာတွင် ဥပဒေ နှင့် ခင်မင်မှုမရောသင့် ။
        ( တာဝန်ထိခိုက်တတ်သည် - မှားတတ်သည် - 
          အကျင့်ပျက်တတ်သည် )

၂၃။ ဘာသာရေးတွင် ဘာသာရေး နှင့် စီးပွားရေး မရောသင့် ။
            ( ဘာသာရေးထိခိုက်တတ်သည် )

 ၂၄။ သမ္မာဒိဋ္ဌိအယူတွင် ရတနာမြတ်သုံးပါး နှင့် ရိုးရာနတ်.ဘိုးတော်.မယ်တော်.
ပျောက်စေဆရာတို့ နှင့်မရောသင့် ။( အယူလွဲတတ်သည် - အပါယ်ရောက်တတ်သည် )

၂၅။ စိတ်ထားကောင်းခြင်းဖြင့် ဆောင်ရွက်ရာတွင် စေတနာ နှင့် အသပြာ မရောသင့် ။( နာမည်ပျက်တတ်သည် )

၂၆။ ကုန်သွယ်ရာတွင် သံကုန်သည် နှင့် မြေအိုးမြေခွက်ကုန်သည် မရောသင့် ။( နှစ်ဦးနှစ်ဖက်အကျိုးယုတ်တတ်သည် )

၂၇။ ကုန်သွယ်ရာတွင် အထည်ကုန်သည် နှင့် မီးသွေးကုန်သည် မရောသင့် ။( နှစ်ဦးနှစ်ဖက်အကျိုးယုတ်တတ်သည် )

၂၈။ အိမ်မှုကိစ္စတွင် ကလေး နှင့် ခွေးကို ရောမထားသင့် ။
       ( အန္တရာယ်ရှိတတ်သည် )

၂၉။ စိတ်ရှိတိုင်း အအိပ်မကြူးသင့် ။
      ( ကျန်းမာရေးထိခိုက်တတ်သည် )

၃၀။ စိတ်ရှိတိုင်း အစားမကြူးသင့်| အရက်ဆေးလိပ်မသောက်သင့်| ကာမဂုဏ်မမှီဝဲသင့် ။( ကျန်းမာရေးထိခိုက်တတ်သည် )

၃၁။ သဘာဝတရားဖြစ်ရပ်မှန် နှင့် ပကာသနတရားလုပ်ဆောင်မှုတို့ ကို မရောသင့် ။( နှစ်ဖက်စလုံးဆုံးရှုံးတတ်သည် )

၃၂။ အချင်းချင်း ဓားလှံတို့ ဖြင့် မကစားသင့် ။
( အန္တရာယ်ဖြစ်တတ်သည် - သေတတ်သည် )

၃၃။ အချင်းချင်း သေနတ်ခဲယမ်းမီးကျောက်တို့ ဖြင့် မကစားသင့် ။
      ( အန္တရာယ်ဖြစ်တတ်သည် - သေတတ်သည် )

၃၄။ စကားပြောရာတွင် အလေးအနက်ပြောရမည့်စကားကို ဟာသစကားနှင့် မရောသင့် ။( လုပ်ငန်းတာဝန်ထိခိုက်တတ်သည်)

၃၅။ စေတနာထားရမည့်ကိစ္စတွင် စေတနာကို အငြိုးတရားဖြင့် မရောသင့် ။( မဖြစ်သင့်တာဖြစ်တတ်သည်| မှားတတ်သည် )

၃၆။ အလှူ ပေးရာတွင် သဒ္ဓါတရားကို တွန့် တိုမှုနှင့် မရောသင့် ။
( တရားပျက်တတ်သည် - အကျိုးမဲ့ဖြစ်ရတတ်သည် )

၃၇။ မေတ္တာတရားထားရာတွင် မေတ္တာတရားကို အာဃာတရားနှင့် မရောသင့် ။( တရားပျက်တတ်သည် )

၃၈။ လုပ်ငန်းဆောင်ရွက်ရာတွင် စိတ်ပါလက်ပါဆောင်ရွက်ရမည့်လုပ်ငန်းကို ပျင်းရိခြင်းနှင့် မရောသင့် ။
( လုပ်ငန်းဆုံးရှုံးရတတ်သည် )

၃၉။ အရေးပေါ်လုပ်ငန်းဆောင်ရွက်
ရာတွင် ချက်ချင်းလုပ်ရမည့် လုပ်ငန်းကို အချိန်ဆွဲခြင်း . အချိန်ရွေးခြင်းတို့ နှင့် မရောသင့် ။
( လုပ်ငန်းကျဆုံးတတ်သည် )

၄၀။ မှန်ကန်စွာသုံးသပ်ရာတွင် ပကတိအစစ်အမှန်ဖြစ်ရပ်ကို အတုအယောင်တို့ နှင့် မရောသင့် ။
( ဘဝတစ်ခုလုံး နစ်နာဆုံးရှုံးရတတ်သည် )

တင်ဦး ( ကသာ ) ၂၀၁၀ - ဧပြီလထုတ် လပြည့်ဝန်းမဂ္ဂဇင်း ၂၆၄ - ၂၆၇ မှ တဆင့်မျှဝေ၍ ဓမ္မဒါနပြုပါသည် ။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေ ။

မရောသင့်တာ မရောမိကြဖို့ သတိ ပညာ နဲ့ရှောင်ကြဉ်နိုင်ကြပါစေသော်


U Dhammar Nan Da ဖေ့ဘုတ်မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment