“ မေတ္တာစွမ်းအား”
“
မေတ္တာစွမ်းအား” ချစ်သားရဟန်းတို့ ... သတ္တ၀ါတို့ကို ဖျက်ဆီးလိုသည့်
ဗျာပါဒ = ဒေါသ စသည့် ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့်
မေတ္တာစေတောဝိမုတ္တ္တိ အမည်ရသည့် မေတ္တာဈာန်ကို မှီဝဲခဲ့သည်ရှိသော်၊ ပွားများခဲ့သည်ရှိသော်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သည်ရှိသော်၊ စီးနင်းလိုက်ပါအပ်သော ယာဉ်ကဲ့သို့ ပြုထားခဲ့သည်ရှိသော်၊ မှီရာဝတ္ထုကဲ့သို့ ပြုထားခဲ့သည်ရှိသော်၊ စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားခဲ့သည်ရှိသော်၊ ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ ဆည်းပူးထားခဲ့သည်ရှိသော်၊ ကောင်းစွာ ပွားမျ...ားအားထုတ်ထား အပ်ခဲ့ပြီးသည်ရှိသော် (၁၁)မျိုးကုန်သော အကျိုးအာနိသံသတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။

အဘယ် (၁၁)မျိုးတို့နည်းဟူမူ ---
၁။ ချမ်းသာစွာ အိပ်စက်ရ၏။
၂။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏။
၃။ အိပ်မက်ဆိုးကို မမြင်မက်ရပေ။
၎။ လူသားတွေက ချစ်မြတ်နိုးအပ်၏။
၅။ နတ်တွေက ချစ်မြတ်နိုးအပ်၏။
၆။ နတ်တို့က စောင့်ရှောက်ပေးကြကုန်၏။
၇။ ထိုမေတ္တာဈာန် ၀င်စားနိုင်သူ၏ သန္တာန်၌ မီးလည်း မလောင်နိုင်၊ အဆိပ်လည်း မသင့်နိုင်၊ လက်နက်လည်း မကျရောက်နိုင်။
၈။ စိတ်သည် လျင်လျင်မြန်မြန် ကောင်းစွာ တည်ကြည်၏။
၉။ မျက်နှာအရောင်အဆင်းသည် ကြည်လင်သန့်ရှင်း၏။
၁၀။ မတွေမဝေ သေရ၏။
၁၁။ မေတ္တာဈာန်ထက် သာလွန်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်း မသိနိုင်ခဲ့သည်ရှိသော် သေသည်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏။
ချစ်သားရဟန်းတို့ ... သတ္တ၀ါတို့ကို ဖျက်ဆီးလိုသည့် ဗျာပါဒ = ဒေါသ စသည့် ဆန့်ကျင်ဘက်ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် မေတ္တာစေတောဝိမုတ္တ္တိ အမည်ရသည့် မေတ္တာဈာန်ကို မှီဝဲခဲ့သည်ရှိသော်၊ ပွားများခဲ့သည်ရှိသော်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သည်ရှိသော်၊ စီးနင်း လိုက်ပါအပ်သော ယာဉ်ကဲ့သို့ ပြုထားခဲ့သည်ရှိသော်၊ မှီရာဝတ္ထုကဲ့သို့ ပြုထား ခဲ့သည်ရှိသော်၊ စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားခဲ့သည်ရှိသော်၊ ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ ဆည်းပူးထားခဲ့သည်ရှိသော်၊ကောင်းစွာ ပွားများ အားထုတ်ထား အပ်ခဲ့ပြီးသည်ရှိသော် ဤ (၁၁)မျိုးကုန်သော အကျိုးအာနိသံသ တို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။
(အံ၊၃၊၅၄၂။) ဤအကျိုးအာနိသင် (၁၁)မျိုးတို့ကား အင်္ဂုတ္တရနိကာယ် ဧကာဒသကနိပါတ် မေတ္တသုတ်၌ လာရှိသည့် စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားအပ်ပြီးသည့် မေတ္တာဈာန်ကို ရရှိထားသည့် သူတော်ကောင်း တစ်ဦး ရရှိနိုင်သည့် အကျိုးအာနိသင်တို့ပင် ဖြစ်ကြပေသည်။
"ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်
( မေတ္တာစွမ်းအား--[ သုဘူတိထေရာပဒါန် မှ ] )" ကောက်နှုတ်တင်ပြသည်။
No comments:
Post a Comment