/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, February 4, 2014

**** မီးခြစ်တစ်လုံးက ပေးတဲ့အသိတစ်လုံးဆီမှ “ငါ” ရှာလိုက်ရာ ****

မီးခြစ်တစ်လုံးက ပေးတဲ့အသိတစ်လုံးဆီမှ “ငါ” ရှာလိုက်ရာ
*******************************************
တို့ သဘာဝလောကမှာ လောကဓာတ်တစ်ခုလုံး မသိတတ်တဲ့ သဘောတရား ရုပ်တရား နဲ့ သိတတ်တဲ့သဘောတရား နာမ်တရား နှစ်ပါးတာရှိတယ်ဆိုတော့ ဒီအပြင်ဘာမှမရှိတော့ဘူးပေါ့နော်။ ဒီလို မိမိတို့ အသိမှာ မရှိနေတဲ့အရာကို အရှိထင်မှတ်နေပြန်တဲ့ မိစ္ဆာဒိဋ္ဌိ အယူထက် ကြောက်စရာကောင်းတဲ့ ရန်သူ ဟူသည်မရှိ ဟု
ဗုဒ္ဓဟောတော်မူခဲ့တယ်။ သို့ ကလောက်တောင် ကြောက်ဖို့ ကောင်းတဲ့ ဒီရန်သူက သံသရာမှ မလွတ်နိင်အောင် မရုန်းနိင်အောင် သူက ကိုယ့်ရဲ့ ခန္ဓာစဉ်ကို ခြယ်လှယ်နေတယ် သူခိုင်းတိုင်းလုပ် သူစေရာသွား သူရဲ့ ကကြိုးကွက် ကကွက်ထဲက ကိုယ်က ဇာတ်ရုပ် သူကြိုက်ရာလိုက်လုပ်နေပေမယ့် သူက ကိုယ့်အကြိုက် ပြန်လုပ်ပေးတယ်ဆိုတာမရှိပါဘူး။ မဂ်လမ်းဥာဏ်လမ်းမဖွင့်အောင် သူက ရှေ့ က ကာဆီး ကားဆီးနဲ့ ။ သူကိုအပြီးပယ်သတ်ဖို့ ရာ တစ်ခုတည်းသောလမ်းမှာ မဂ္ဂင်လမ်း ၀ိပဿနာတရားသာလျှင်တတ်နိင်တယ်နော်။
ဝိပဿနာတရားဆိုတာက ဥာဏ်အလုပ်။ အလုပ်မှာမပြီး အသိမှာပြီး၏။ မိမိ အိမ်အလုပ် စီးပွားရေးအစရှိသည့် နေ့ စဉ်ကိစ္စ၀အထွေထွေတွေကိုပစ်ပြီး ရှာဖွေမှ တွေ့ ရတဲ့ တရားလည်းမဟုတ်။ တခြားမှာလည်းသွားရှာစရာမလို ဒီရုပ်တရား နာမ်တရား က မိမိသဏ္ဍာန်မှာပဲရှိ၏။ ဘယ်လိုတည်ရှိနေလဲဆိုတော့ သဘောတရားသက်သက်မျှသာ။ ထို သဘောတရားတွေကို မိမိကိုယ်မှာဖြစ်တဲ့တရားဆိုတော့ ထို သဘောတရားတကယ့်ရှိမရှိ ဝေဖန်ပိုင်းခြားတတ်စေရန် အခြေခံအားဖြင့် အစစ်အမှန်ဖြစ်နေတဲ့ ပရမတ် တရား ရုပ်တရား နာမ်တရားတွေကိုရရှိနေတဲ့ဘ၀အဖြစ် မရှူံးရအောင်လေ့လာသင်ကြား ဆွေးနွေး မှတ်သား ပွားများ အပ်လှပါတယ်နော်။
တရားအသိတစ်လုံးအမြတ်ဆုံးဆိုတဲ့ ၀ိမုတ္တိရသ သဘောတရားအားဖြင့်ရှိထားတော့ အသိတစ်လုံးရခဲ့သော် အပယ်တံခါးပိတ်စေခြင်းအထောက်အပံ့ငှာ မဂ်လမ်းဥာဏ်လမ်း မဂ္ဂင်လမ်းပေါ်လျှောက်လှမ်းနိင်မည်သာ။
အသိတစ်လုံးကိုပဲ ပရမတ်သဘောတရားပေါ်ဥာဏ်အားဖြင့်သက်ရောက်ဖို့ ဆိုတာ လွယ်လှသည်မဟုတ်။ သိပ်ကိုသိမ်မွေ့ လွန်းလှတဲ့တရား နက်နဲခက်ခဲလွန်းတဲ့တရားဖြစ်နေခြင်းကြောင့်သော်၎င်း တန်ဖိုးကလည်းအလွန်ရှိ။ ဗုဒ္ဓကိုယ်တော်မြတ် (၄၅) ၀ါပတ်လုံးဟောတော်မူတဲ့ဒေသနာတော် ဓမ္မက္ခန္ဓာအားဖြင့် ၈သောင်းလေးထောင် နိကာယ်အားဖြင့် ငါးကျမ်း ပိဋကတ်အားဖြင့် သုံးသွယ် ထိုသို့ များမြောင်တဲ့ ဓမ္မက္ခန္ဓာတွေကို စုလိုက် ဆောင်းလိုက်တဲ့အခါကျတော့ ၀ိမုတ္တိ ရသ ဆိုတဲ့ တစ်ခုတည်းသော သဘောဖြစ်လာတယ်။ဝိမုတ္တိရသဆိုတာ “ကိလေသာမှ ကောင်းစွာမချွတ် ကင်းလွတ်နိင်သောသတ္တိ” ဒါကြောင့်တစ်လုံးသိတာနဲ့ ကွယ် ဘယ်လိုမျိုးခရီးရောက်ပါသလဲလို့ အထင်အမြင်မသေးကောင်းပါဘူး။ တစ်လုံးသိရင်သိသလောက် ခရီးရောက်တယ်ဆိုတဲ့ ၀ိမုတ္တိရသကိစ္စကလည်းရှိတယ်နော်။ တစ်လုံးသိလည်း ကိလေသာမှလွတ်နိင်၏ ဆိုတော့ကြည်ညိုစရာအလွန်ကောင်းတဲ့တရားတော်ပဲနော်။ ဒီတော့ တို့ လူတွေကမိမိတို့ ဖြစ်နေရင်း ဘ၀ အမြတ်ထုတ်နိင်စေရန် ကြိုးစားမှ မှတ်သားမှ နာယူမှ လို့ အဲဒီလိုစိတ်ထဲထားပြီး စွဲစွဲမြဲမြဲယုံကြည်နော်။ တကယ့်လွတ်သွားတယ်ဆိုရင်ဖြင့် အင်မတန်ဝမ်းသာစရာကောင်းလှပါတယ်နော်။

အားရစရာသိပ်ကောင်းပေါ့။
ဓာတ်သဘောအားဖြင့်အရင်ဆင်ခြင်ကြည့်ကြပါစို့ နော်။ ပထ၀ီ အာပေါ တေဇော ၀ါယော လေးပါးသော ဓာတ်တရားက ရုပ်(၂၈)ပါးမှာ အခြေခံဓာတ်ကြီးလေးပါးလို့ ခေါ်ပါတယ်။ အမာခံဓာတ်ကြီးလေးပါး လို့ လည်းခေါ်တယ်။ ပါဠိလိုတော့ မဟာဘူတ ဘူတရုပ်လည်းခေါ်ရဲ့ မဟာဘုတ်လည်းခေါ်ရဲ့ ။ အဲဒီအခြေခံဓာတ်ကြီးလေးပါး ကို လေးပါးစလုံးမဟုတ်ဘဲနဲ့ တစ်ပါးနှစ်ပါးစသည်အားဖြင့် ချိန်တွယ် သုံးသပ်လို့ ပွားများလို့ အားထုတ်လို့ ဒီလိုဆင်ခြင် သုံးသပ်ပွားများ အားထုတ်လို့  အသိဥာဏ် ပြတ်ပြတ်သားသားနဲ့  ယထာဘူတဥာဏ် မဖောက်မပြန် မှန်မှန်ကန်ကန် သိပြီ ရပြီ နားလည်ပြီဆိုရင်တော့ အောက်မဂ်အောက်ဖိုလ်မဆိုထားနဲ့ 
အာသဝေါတရားကုန်ခန်းတဲ့ ရဟန္တာအစစ်ဖြစ်နိင်တယ်လို့ ဒီလိုဆိုထားတယ်နော်။ ဒီလို ပြတ်သားနားလည်အောင် သင်လို့ တတ်မြောက်
လိမ္မာရင်ရဟန္တာ ဖြစ်တာ မဖြစ်တာထားဟဲ့ တစ်မဂ်တစ်ဖိုလ်ဆိုတာကတော့ဖြင့်
သေချာပေါက်ရောက်နိင်တဲ့တရားပဲလို့  စိတ်ထဲမှာ အားထားယုံကြည် ရချင်တဲ့လူရမယ် မရချင် မရထိုက်သေးသူတော့မရဘူးဆိုပေမယ့်

အထောက်အပံ့ကျေးဇူးတော့ဖြစ်ရစေမယ်။
 လေ့လာသင်ကြားမှတ်သားနည်းယူရမှာကတို့ တာဝန်။ ရတာမရတာကလည်း တို့ တာဝန်မဟုတ်ဘူးပေါ့နော်။
အသိတစ်လုံးအမြတ်ဆုံး ဆိုသလို ဓာတ်ကြီးလေးပါးထဲမှ ပထ၀ီဓာတ်တစ်လုံး အကြောင်းကို ဆရာကြီး ဦးကြင်ရွှေနှင့်တရားထောက်ဖြစ်သူ မောင်သန်းဖေတို့ သင်ကြားပို့ 
ချမူပုံစံဖြင့် ပြောဆိုထားသည်ကိုရေးသား
ကာဖြင့် ဓမ္မမိတ်ဆွေများအားမျှဝေပေးချင်တယ်။

***********************************************
ကိုယ်တော်မြတ်က ဒီဓာတ်တရားကြီးလေးပါးထဲမှ တစ်ပါးပါးကို ပြတ်ပြတ်သားသား နားလည်ရင် မဂ်ဥာဏ်ဖိုလ်ဥာဏ်ရနိင်တယ်တဲ့။ ဒါကြောင့် တို့ လူစုကလည်းပဲ ဒီက သင်ကြားပေးတာကို သုတမယဥာဏ်အားဖြင့်မှတ်ကြနော် (မှန်ပါတယ်ဆရာ) ဗုဒ္ဓကိုယ်တော်မြတ်က ပါဠိလို မဂဓဘာသာအားဖြင့် ဟောသွားတော်မူတယ်။ အဲလို ပါဠိလိုမတတ်တဲ့ တို့ လူတွေက မြန်မာလိုပြန်ဆိုထားတဲ့ ဆရာ့ဆရာ တကယ့်ပညာရှိ ပုဂ္ဂိုလ်ကြီးများက ပြန်ဆိုထားတဲ့ အနက်အဓိပ္ပါယ်ယူပြီးတော့ နောက်လူများက ဆင့်ကဲဆင့်ကဲ နဲ့ ပွားလာရတာကိုးနော်။ ( မှန်ပါတယ်ဆရာ) ကောင်းပြီ ဒါဖြင့် ပထ၀ီ ပထ၀ီဓာတ်ကိုပြကြစို့ 
( မှန်ပါတယ်ဆရာ) ပထ၀ီ ပါဠိ လိုဆိုတာကျတော့ တို့ လူတွေက နားမလည်ဘူး။ ဒါကြောင့် အဲဒီပထ၀ီဓာတ်တစ်လုံးကို သေသေချာချာကြည့် ပါဠိလိုက ပထ၀ီ မြန်မာလိုပြောတော့ ဘယ်လိုပြောပါ့ မှတ်ထား သေသေချာချာ( မှန်ပါတယ်ဆရာ)

ပစ္စည်းလေးတစ်ခု ကိုင်ကြည့် တို့ ပြနေကျအတိုင်းပေါ့ကွာနော် ( မှန်ပါတယ်ဆရာ) မင်းလက်ထဲမှာ အခုဓာတ်မီးခြစ်ကလေးတစ်လုံးကိုင်ထား ကိုင်ကြည့် တွေ့ နေတဲ့ အတွေ့ လေး တွေ့ ရဲ့ လား
( တွေ့ ပါတယ်ဆရာ) တွေ့ တဲ့အတွေ့ လေးမဟုတ်လား (တွေ့ ပါတယ်ဆရာ)
အေး အဲဒါ ငါနမူနာလေးတစ်ခုပြောတာ တို့ မြန်မာလူမျိုးတွေက ယဉ်ကျေးမူလည်းသိပ်များတော့ တို့ မြန်မာလူမျိုးတွေရဲ့ စကားတွေကလည်း ပရိယာယ်အင်မတန်များတယ်ကွနော်။ (မှန်ပါတယ်ဆရာ) ဒီလို မာတဲ့အရာဝတ္ထုလေးကိုင်ကြည့်တော့ ဘာတွေ့ လဲဆိုတော့ မာတာ တွေ့ တယ် ဒီလိုမဟုတ်လား(မှန်ပါတယ်ဆရာ) ပျော့တာလေးကိုင်ကြည့်တော့

 ပျော့တာတွေ့ တယ် ဒီလိုမဟုတ်လား(မှန်ပါတယ်ဆရာ) ကြမ်းတာလေးကိုင်ကြည့်တော့ကြမ်းတယ် ချောတာလေးကိုင်
ကြည့်တော့ချောတယ် (မှန်ပါတယ်ဆရာ) နူးညံ့တာလေးကိုင်ကြည့်တော့ နူးညံ့တယ်။ ညက်နေတဲ့ အိနေတာလေးကိုင်ကြည့်တော့ ညက်နေတယ် အိနေတယ်ဒီလိုပြောတယ်မဟုတ်လား(မှန်ပါတယ်ဆရာ)
အမှန်ကပေါင်းလိုက်တော့အတွေ့ သဘောချည်းမဟုတ်လား

(အတွေ့ သဘောချည်း သက်သက်ပါပဲဆရာ)
အေး အတွေ့ သဘောချည်းပဲ၊ တို့ ကြည့်ကိုင်ကြည့်တော့ တွေ့ တဲ့သဘောလေးတွေကိုပြောနေတာ၊ မြန်မာစကားအနေအားဖြင့် ပရိယာယ်က အင်မတန်များတယ်။ တစ်ခုကိုင်ကြည့်တော့ကြမ်းလိုက်တာ။ တစ်ခုကိုင်ကြည့်တော့ ချောလိုက်တာ နူးညံ့လိုက်တာ မွှတ်နေတာ ညက်နေတာ အိနေတယ် ဒီလိုမဟုတ်လား (မှန်ပါတယ်ဆရာ) ဒါတို့ အရပ်သုံးမြန်မာစကားတွေ အများကြီးပေါ့ကွနော် အဲဒီစကားပရိယာယ်လေးတွေ မှတ်ထားနော်။ (မှန်ပါတယ်ဆရာ)

သြော် ပထ၀ီဓာတ်ဟာ ပါဠိလိုဟောသွား တို့ မြန်မာလိုပြန်တော့ မာတဲ့သဘောသည် ပထ၀ီ ပျော့တဲ့သဘောသည်ပထ၀ီ ချောတဲ့သဘောသည်ပထ၀ီ ကြမ်းတဲ့သဘောသည်ပထ၀ီ အိနေတဲ့သဘောသည်ပထ၀ီ သြော် လက်စသတ်တော့ ပထ၀ီဓာတ်ရဲ့ နာမည်တွေပါပဲလား ဒီလိုမဟုတ်လား(မှန်ပါတယ်ဆရာ) စကားလုံး အဓိပ္ပါယ်တွေ ကွဲမသွားဘူးလား (ကွဲသွားပါတယ်ဆရာ) အဲဒါ ဘယ်နှယ်ကွဲကွဲ ဒါပထ၀ီတစ်လုံးတည်းရတယ်။ ဒါပထ၀ီရဲ့ အဓိပ္ပါယ်နော်( မှန်ပါတယ်ဆရာ)
အေး အဲဒီ စကားလုံးအသုံးလေးတွေ မှတ်မိပြီးတော့ကာ ပထ၀ီဓာတ်ကို ထပ်ပြီးတော့ ရှင်းရလိမ့်မယ်လို့ အဲဒီပထ၀ီဓာတ်တစ်လုံးကို ပေါက်ဖို့ 

အရေးကြီးပါတယ်နော်။ သာမညတော့မအောက်မေ့နဲ့ သာမာဓိလည်းကောင်းကောင်းထားပါ လွယ်တယ်လို့ မမှတ်ပါနဲ့ ။ ငါအခုပြောသွားတာ အလွယ်သားပဲ မာတာ ပျော့တာ ချောတာ ကြမ်းတာ အဲဒါတွေက ပထ၀ီဆိုတော့ မလွယ်ဘူးလားကွဲ့ (လွယ်ပါတယ်ဆရာ) အဲဒါ အမှန်ကတော့ တို့ လူစုလမ်းခင်းပေးထားတာ ပထ၀ီရဲ့ အဓိပ္ပါယ်ကို ဖော်မလို့ အဲဒါသိရင် ပထ၀ီသိတာပဲဆိုပြီး ထသွားလို့ ဖြစ်ပါမလား( မဖြစ်ပါဘူးဆရာ) ဒီနေရာတင် ရပ်ထားလို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူးဆရာ) ပထ၀ီစခန်းကိုလည်းရောက်မှာမဟုတ်ဘူး ပထ၀ီအစစ်လည်း မြင်ရမှာမဟုတ်ဘူး ပရမတ် သားဓာတ်သားကြီး မြင်ရဖို့ အလွန်မှ ခဲယဉ်းတယ်လို့ မလွယ်ပါဘူး။ (မှန်ပါတယ်ဆရာ) ဒါကြောင့် အဲဒီအစစ်ကိုမြင်ရအောင် တရားစစ် တရားမှန်ကို သိကြရအောင် သမာဓိကောင်းကောင်းထား(မှန်ပါတယ်ဆရာ)
ကဲ မင်းလက်ထဲ ငါက ကြေးနဲ့ လုပ်ထားတဲ့ ဓာတ်မီးခြစ်တစ်လုံးပေးထားမယ်နော် (မှန်ပါတယ်ဆရာ) မင်းကကိုင်ထား ငါက မေးမယ် သမာဓိကောင်းကောင်းထား အဲဒီဓာတ်မီးခြစ်ကလေး ကိုင်ကြည့် ကိုင်ကြည့်ထိပြီလား(ထိပါပြီဆရာ) ဓာတ်မီးခြစ်ကလေးကိုင်ကြည့်တော့ မာသလား ပျော့သလား ငါက မေးတော့ မင်းဘယ်နှယ့်ပြောမလဲ( မာပါတယ်ဆရာ) မှတ်ထားနော် ဘယ်သူမေးမေး ဒီအတိုင်းပြောမယ်မဟုတ်လား( မှန်ပါတယ်ဆရာ) အဲဒီဓာတ်မီးခြစ်ကလေး က မာတယ်ဆိုတော့ ကောင်းပြီ ဒါဖြင့် မာတာဟာ ဓာတ်မီးခြစ်လားလို့ မေးတော့ ဘယ်နှယ့်ပြောမလဲ ( မာတာ ဓာတ်မီးခြစ်ပါဆရာ) ဘာဖြစ်လို့ လက်ထဲဓာတ်မီးခြစ်ကိုင်ထားတာကိုးကွနော်
(မှန်ပါတယ်ဆရာ) မီးခြစ်က မာတယ် ဟုတ်ကဲ့လား
( မှန်ပါတယ်ဆရာ) ဘယ်သူက မာသလဲ မီးခြစ်က မာတယ် လူတိုင်းပြောမယ် တစ်ရာမှာ တစ်ရာလုံးပြောမယ် ( မှန်ပါတယ်ဆရာ) သမာဓိကောင်းကောင်းထားနော် တွေးလည်းတွေးပေးကြပါ။

မီးခြစ်က မာတယ်ဆိုတော့ မီးခြစ်များပျောက်သွားရင် အမာဓာတ်လည်းပျောက်သွားမှာပေါ့နော် (မှန်ပါတယ်ဆရာ) မီးခြစ်က မာတာကိုးကွနော်(မှန်ပါတယ်ဆရာ)
အေး မှတ်ထား မီးခြစ်က မာတယ်လို့ မင်းပြောတယ်။ မင်းပြောတဲ့အတိုင်း မီးခြစ်ကသာမာရိုးမှန်ရင် မီးခြစ်ပျောက်ရင် မာတာပျောက်မယ်ဟုတ်ကဲ့လား (မှန်ပါတယ်ဆရာ) ဒါဖြင့် ကိုင်း မီးခြစ်ဖျက်ကြစို့ နော် (မှန်ပါတယ်ဆရာ) မီးခြစ်ပေပေါ်တင်ထုကွာ အဲဒီကြေးမီးခြစ်ကလေးထုတော့ ဘာဖြစ်သွားလဲ( ပျောက်သွားပါတယ်ဆရာ) ဟောဗျာ လွင့်သွားပြီ ဟေ့ တူအထုမကောင်းတာနဲ့ လွင့်သွားပြီ
လိုက်ကောက် လိုက်ကောက် မိုက်တဲ့အကောင်ပဲပျောက်သွားပြီတဲ့( ကြေးပြားလေးဖြစ်

သွားပါတယ်ဆရာ) အေး အဲဒီလိုလုပ်စမ်းပါဟ။ မီးခြစ်ပေပေါ်တင်ထုရင် ဘယ်နှစ်ခါများပျောက်ဖူးလဲဟင်( မပျောက်ဖူးပါဘူး ဆရာ) မပျောက်ဘူးတာ ဘာကြောင့် မင်းဒီကျမှ ပျောက်နေတာတုန်းကွ ခက်လိုက်တာများ။ ပေပေါ်တင်ထုရင် ဘယ်နှယ်ဖြစ်သွားမတုန်း( ပြားသွားပါတယ်ဆရာ) အဲဒီလိုလုပ်စမ်းပါဟ ကြေးမီးခြစ်ကလေးဆိုတော့
ပြားမသွားဘူးလား ( ပြားသွားပါတယ်ဆရာ) အဲဒီကြေးပြားလေး လက်ဝါးပေါ်တင်ထားတာဘာတုန်းလို့ 
လူမြင်တိုင်းလိုက်မေးဘယ်နှယ့်ပြောမလဲ ( ကြေးပြားလို့ ပြောမှာပါဆရာ) မီးခြစ်လို့ ပြောမည့်သူများရှိသေးလား (မရှိပါဘူးဆရာ) ဘာဖြစ်လို့ (မီးခြစ်ပျောက်သွားလို့ ပါဆရာ)သြော် မီးခြစ်ပျောက်သွားပြီ နားလည်လား (နားလည်ပါတယ်ဆရာ) ဒါဖြင့် မင်းလက်ပေါ်က ကြေးပြား ကိုကိုင်ကြည့်မာသလားပျော့သလား( မာပါတယ်ဆရာ) ဒါနဲ့ စောစောက မီးခြစ်ကလေး မပျောက်ခင် ငါမေးတုန်းက မင်းမီးခြစ်က မာတယ်လို့ ပြောတယ် မပြောဘူးလား(ပြောပါတယ်ဆရာ) အခုကြေးပြားဖြစ်နေတယ် ဟုတ်လား (ကြေးပြားဖြစ်နေပါတယ်ဆရာ) ဟော ကြေးပြားလို့ ခေါ်

တာဖြစ်သွားပြီပေါ့ မြင်တဲ့လူတိုင်းကလည်း ကြေးပြား ကြေးပြားနဲ့ ပြောနေတယ်။
( ပြောနေပါတယ်ဆရာ) အဲဒီကြေးပြားခေါ်တာ ဘာတရားလဲ( ပညတ်တရားပါဆရာ) မီးခြစ်လည်းပညတ် ကြေးပြားလည်းပညတ်ပေါ့ ဟုတ်လား( ပညတ်ပါဆရာ) ကြေးက ပြားတယ် လုံးတယ်လို့ ရှိပါ့မလားလို့  အမှန်ကတော့ သူ့ သဏ္ဍာန် ပုံစံလေးက တူနဲ့ ထုထားတော့ ပြားနေတယ်။ သဏ္ဍာန ဆိုတဲ့ ပုံစံသဏ္ဍာန်လေးကြည့်ပြီးတော့ ဒါကြေးပြားဟေ့ ခေါ်တယ်နော်(မှန်ပါတယ်ဆရာ ) ဒါပညတ်မဟုတ်လား (ပညတ်ပါဆရာ) ကောင်းပြီ အဲဒီပညတ်ထဲကနေ ပရမတ်ထုတ်ပြမယ်။ သမာဓိလည်းကောင်းကောင်းထား။ အဲဒီကြေးပြားကို မင်းကိုင်ကြည့်တော့ ဘယ်သူမာတာတုန်း ကြေးက မာတာပေါ့ ဟုတ်လား (မှန်ပါတယ်ဆရာ) ဒါဖြင့်ကောင်းပါပြီ ကြေးပြားမာတာမှန်ရင် ကြေးပြားပျောက်ရင်မာ
တာပျောက်ရမှာပေါ့နော်(မှန်ပါတယ်ဆရာ)
အဲဒီကြေးပြားလေးကို ထုရိုက်ပြီးတော့ လုံထဲထည့် အရည်ကျိုနော် အရည်ကျိုပြီးတော့ 
ရွှေချောင်းလောင်းတဲ့အခန်း ပုံစံလေးထဲ လောင်းချလိုက် ဘာလေးဖြစ်သွားလဲ
( ကြေးချောင်းလေးဖြစ်သွားပါတယ်ဆရာ) အဲကြေးချောင်းလေး လို့ ခေါ်ပြန်ပေါ့(မှန်ပါတယ်ဆရာ) ဒီတော့ အဲဒီကြေးချောင်းကို လူမြင်တိုင်း သွားမေး ကြေးပြားပြောတဲ့လူရှိသေးလား (မရှိတော့ပါဘူးဆရာ)
အဲဒီကြေးချောင်းမာသလားပျော့သလား ကိုင်ကြည့် (မာပါတယ်ဆရာ)
ဟိုခဏ မင်းပြောတော့ ကြေးပြားမာတာဆို ကြေးပြားပျောက်ရင် မာတာပျောက်ရမှာ ပေါ့ မာတာပျောက်ရဲ့ လား (မပျောက်ပါဘူးဆရာ) ဒါဖြင့် အဲဒီကြေးချောင်းကို ထုရိုက်ပြီးတော့ လုံထဲထည့် အရည်ကျိုနော်။ အဂ္ဂိရတ်ဆရာများလို လုံခြောက်ကလေးထဲ ဆီလေးခံလောင်းချ မှောက်ယူလိုက် ဘာလေးဖြစ်သွား( ကြေးလုံးလေးဖြစ်သွားပါတယ်ဆရာ)

 ကြေးလုံးလေး ကြေးခဲလေး ဟုတ်လား ( မှန်ပါတယ်ဆရာ) အေး အခဲလေးပေါ့နော် (မှန်ပါတယ်ဆရာ) မြင်တဲ့လူတိုင်းကို ထပ်ပြဦး ကြေးချောင်းပြောတဲ့လူရှိသေးလား(မရှိတော့ပါဘူးဆရာ) အဲဒ်ီကြေးခဲ ကိုင်ကြည့်တော့ မာသလား ပျော့သလား(မာပါတယ်ဆရာ) ဟော အမာဓာတ်ကြီးက ရှိနေတယ်ပေါ့။ ဟုတ်လား(မှန်ပါတယ်ဆရာ) ကြေးခဲ လေး အချောင်းရိုက် အချောင်းရိုက်ပြီးတော့ ကွင်းကလေးလုပ်နော်(မှန်ပါတယ်ဆရာ) လက်စွပ်လိုကွင်းကလေးလုပ် လက်ကောက်လိုကွင်းကလေးလုပ် ကွင်းကလေးဖြစ်သွားပြီ လား (မှန်ပါတယ်ဆရာ) မင်းလက်ဝါးပေါ်တင်ပြီးတော့  လူမြင်တိုင်းမေးစမ်းကွာ ဘာလို့ ပြောမလဲ(ကြေးကွင်းလေးလို့ ပြောမှာပါဆရာ) 
 ကြေးခဲပြောမည့်လူရှိသေးလား(မရှိပါဘူးဆရာ) ဘာဖြစ်လို့ မရှိလဲ ( ကြေးခဲလေး ပျောက်သွားလို့ ပါဆရာ) ကြေးခဲလေးက
 ဘာတရားလဲ( ပညတ်တရားပါဆရာ) လုံးလုံးမရှိတဲ့တရားဟုတ်လား (မှန်ပါတယ်ဆရာ) အေး အဲဒီမရှိတဲ့ပညတ်တရားထဲကနေပြီးတော့ တကယ့်ရှိတဲ့ ပရမတ်တရားကို ထုတ်ပြနေတာနော်(မှန်ပါတယ်ဆရာ)
သမာဓိကောင်းကောင်းထား တောင်ငေးမြောက်ငေးမနေနဲ့ နော် အာရုံစိုက် ဒါဖြင့် ကြေးကွင်းလေး ကိုဖျောက်ကြစို့ ကြေးကွင်းလေး တံစဉ်းချနော်(မှန်ပါတယ်ဆရာ) ကြေးကွင်းလေး တံစဉ်းစာချ တစ်ကွင်းစာ အမှုန့် လေးတွေ ဖြစ်သွားပြီဟုတ်လား (အမှုန့် လေးတွေ ဖြစ်သွားပါတယ်ဆရာ) မင်းလက်ဝါးပေါ်တင် လူတွေ့ တိုင်းမေး ဘာပြောကြမလဲ( ကြေးမှုန့် လို့ ပြောမှာပါဆရာ) ကြေးကွင်းပြောမယ့်
လူရှိသေးလား
( မရှိတော့ပါဘူးဆရာ) ဒါဖြင့် ကြေးမှုန့် လေးကို လက်နဲ့ တိုကြည့်တော့ မာလားပျော့သလား (မာပါတယ်ဆရာ) ကြေးကွင်းတော့ပျောက်သွားပေမယ့် မာတာလေးပျောက်ရဲ့ လား (မပျောက်ပါဘူးဆရာ) ဟောဒါဖြင့် ကြေးကွင်းလေး က မာတာ ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူးဆရာ) ဟော ကြေးကွင်းတစ်ခြား မာသဘောလေးကတခြား ဖြစ်မနေဘူးလား ဒီလိုမဟုတ်လား(မှန်ပါတယ်ဆရာ) ကြေးကွင်းလေးက ဘာတရားတုန်း(ပညတ်တရားပါဆရာ) 


မာတဲ့သဘောလေးကကော(ပရမတ်တရားပါဆရာ) အေး ပရမတ် မှတ်မိရဲ့ လား( မှတ်မိပါတယ်ဆရာ) ။ အဲဒီကြေးမှန့် တွေကို ကန့် စည့် မင်းလေးပါး နဲ့ သံပုရာရည်နဲ့ နာနာကြိတ် လုံပိတ်ပြီးတော့ ဖွဲမီးတိုက် ပြာဆိုက် အဂ္ဂိရတ်သမားတွေ အဟုတ်မှတ်လို့ လုပ်နေပါဦးမယ်ကွာနော် ပြာဆိုက်ကရာလား
( ပြာဆိုက်သွားပါတယ်ဆရာ) ကြေး ပြာကျသွားတယ်နော် (မှန်ပါတယ်ဆရာ)


ကြေးပြာကျသွားတော့ အဲဒီလုံထဲက ပြာတွေထုတ် လက်ဝါးပေါ်တင် လူမြင်တိုင်းမေးတော့ ဘာပြောလဲ (ပြာတွေလို့ ပြောပါတယ်ဆရာ) ကြေးမှုန့် လို့ ပြောမယ့်လူရှိသေးလား (မရှိတော့ပါဘူးဆရာ) ဒါဖြင့် ပြာကို လက်နဲ့ တို့ ကြည့် ဘယ်နှယ့်နေမလဲ( ငံကျိကျိဖြစ်နေပါတယ်ဆရာ)


 ဟိုက် တော်တော်ဆိုးတဲ့ကောင် ဒီကောင် ဘယ်နှယ့်ကောင်ပါလိမ့် လက်နဲ့ တို့ ကြည့် ဘယ်နှယ့် ငံကျိကျိတုန်းဟ ( နူးညံ့ပါတယ်ဆရာ) အဲဒီလိုလုပ်စမ်းပါဟ အောင်မလေးဟဲ့ ကြားဖူးပါတယ်ကွာ ပြာလက်နဲ့ တို့ ကြည့်တာ ငံကျိကျိနေတယ်တဲ့ နူးညံ့တယ်ဟုတ်လား (နူးညံ့ပါတယ်ဆရာ) အခုတော့ ကြေးမှုန့် ပျောက်သွားပြီး နူးညံ့မူသဘောလေးတွေ ဆိုတာပျောက်ရဲ့ လား မပျောက်ပါဘူးဆရာ မာတာနဲ့ နူညံ့တာ ပရိယာယ်အခေါ်အဝေါ်သာကွာတယ် ပထ၀ီမဟုတ်လား( ပထ၀ီပါဆရာ) ပရမတ်မဟုတ်လား (ပရမတ်ပါဆရာ) ဒါကြောင့် မာတာပထ၀ီ ပျော့တာပထ၀ီ ကြမ်းသာပထ၀ီ ချောတာပထ၀ီ နူးညံ့တာ ပထ၀ီ ညက်နေတာ ပထ၀ီ အိနေတာပထ၀ီလို့ ဒီလိုပြောတာနော်။အဲဒီစကားလေးတွေ
 သေသေချာချာ ပြန်စဉ်းစားတော့ သြော်လက်စသတ်တော့ ဒါပထ၀ီဓာတ်လို့ ခေါ်ထားတဲ့အခေါ်အဝေါ်တွေပါပဲလားလို့ ။

ဒါဖြင့် တို့ စခဲ့တဲ့ မီးခြစ်လို့ သမုတ်ထားတာ အဖုံးရယ် ကိုယ်ထည်ရယ် ကျောက်တိုင်ရယ် သံဘီးလေးရယ် စုပေါင်းထားတဲ့ သဏ္ဍာနပညတ် ကနေ ပြာဖြစ်တဲ့ထိ အခေါ်အဝေါ်တွေက အမျိုးမျိုးသာ ပြောင်းသွားတယ် မာတယ် ပျော့တယ် နူးညံ့တယ်ဆိုတဲ့ ထိတွေ့ မူ ပထ၀ီဓာတ်သဘောတွေက ပြောင်းသွားလား (မပြောင်းပါဘူဆရာ) ဘယ်ပြောင်းမလဲ တကယ့်ရှိတဲ့ပရမတ်တရားကိုကွနော်(မှန်ပါတယ်ဆရာ) အဲဒီလို ပညတ်ဖုံးထားတဲ့ ပညတ်လုံးထဲကမှ တကယ့်ထင်ရှားရှိတဲ့ ပရမတ်အစစ်ကိုဆွဲဆွဲပြီးတော့ ထုတ်ပြီးတော့ ပြတာနော်(မှန်ပါတယ်ဆရာ) ဒါဖြင့် ပထ၀ီတွေက များလှချည်လားလို့  မဟုတ်ပါဘူး စကားပရိယာယ်တွေက များနေတာ နားလည်လား(မှန်ပါတယ်ဆရာ) ပထ၀ီတွေက များတာလား(မဟုတ်ပါဘူးဆရာ) ဘာတွေများနေတုန်း (စကားပရိယာယ်တွေကများနေပါတယ်ဆရာ)

မာသဘောဆိုတဲ့ ပထ၀ီဓာတ်ကြီးမြင်ချင်တော့ ဘယ်နှယ့်လုပ်ရပါ့ ဖုံးထားတဲ့ မီးခြစ်ခေါ်တဲ့ ပညတ်လုံးကိုဖယ်လိုက် မဟုတ်ဘူးလား(မှန်ပါတယ်ဆရာ) ဖယ်တော့ မီးခြစ်ကို ပေပေါ်တင်ထုတော့ ကြေးပြားဖြစ်လာတယ် မီးခြစ်ရှိသေးရဲ့ လား (မရှိတော့ပါဘူးဆရာ) 

မရှိဘူးပျောက်သွားတယ်။အဲဒီမီးခြစ်သာပျောက်သွားတယ် 
 ကောက်ပြီးကိုင်ကြည့်တော့ မာမူ လေးက ပျောက်ရဲ့ လား (မပျောက်ပါဘူးဆရာ) အဲဒီမပျောက်တဲ့ မာသဘောလေးက ပထ၀ီဓာတ်နော်(မှန်ပါတယ်ဆရာ) ဒီတော့ မီးခြစ်ကလေးက တခြား မာသဘောလေးက တစ်ခြားစီဖြစ်မနေဘူးလား(မှန်ပါတယ်ဆရာ) ဒါဖြင့် မီးခြစ်က မာတာဟုတ်သေးရဲ့ လား (မဟုတ်တော့ပါဘူး) အောင်မယ် မာတာ မီးခြစ်မဟုတ်ဘူးပေါ့( မဟုတ်ပါဘူးဆရာ) တကယ့်မဟုတ်ဘူးလား 

(တကယ့်မဟုတ်ပါဘူးဆရာ) မင်းသိလို့ ပြောနေတာလား (တကယ်သိပါတယ်ဆရာ) သိတယ် ဟုတ်လား(တကယ်သိပါတယ်ဆရာ) မာတာမီးခြစ်မဟုတ်ဘူးပေါ့
( မဟုတ်ပါဘူးဆရာ) အောင်မယ် တော်တော်တန်းမြင့်နေပါလား မီးခြစ်က မာတာ မဟုတ်ဘူးပေါ့ (မဟုတ်ပါဘူးဆရာ) တကယ့်မီးခြစ်က မာတာမဟုတ်ဘူးဆိုတာ မင်းပြတ်သားရဲ့ လား (ပြတ်သားပါတယ်ဆရာ) မီးခြစ်က မာတာမဟုတ်ရင် ဘယ်သူမာတာလဲ( ပထ၀ီဓာတ်ကမာတာပါဆရာ) သြော် ဟုတ်ပေသားပဲနော်။ မီးခြစ်ကမာတယ်ဆိုရင် မာတာအကုန်မီးခြစ်ဖြစ်ကုန်မှာပေါ့နော်။ (မှန်ပါတယ်ဆရာ) မီးခြစ်က မာတာမဟုတ်ဘူးနော်(မှန်ပါတယ်ဆရာ ) မာတာက ဘယ်သူတုန်း (ပထ၀ီဓာတ်ပါဆရာ)။


အေး ဒီလိုဆိုတော့ ကိုင်း မင်း မီးခြစ်တခြား မာတာတခြား ဖြစ်မသွားဘူးလား (တခြားစီပါဆရာ) မီးခြစ်က တခြား မာသဘောဆိုတဲ့ ပထ၀ီဓာတ်က တခြားမှတ်မိလား (မှတ်မိပါတယ်ဆရာ) ခွဲလို့ ရရဲ့ လား(ရပါပြီဆရာ)

 အေးဒါကြောင့် ပညတ်လုံးက ဖုံးကွယ်ထားတော့ မာသဘောဆိုတဲ့ ပရမတ် ပထ၀ီဓာတ်ကြီးကို မုချဆက်ဆက်အားဖြင့် မမြင်နိင် မသိနိင်ဘူးတဲ့နော်။ (မှန်ပါတယ်ဆရာ) တကယ့် မီးခြစ်ရှိတယ်မှတ်ပြီးတော့ ဒီရှိတယ်ဆိုတဲ့ မီးခြစ်ကို မာတယ်ချည်းထင်နေတာ မာတာ ဒီမီးခြစ်လို့ ဒီလိုထင်နေတာ ပညတ် ပရမတ်မကွဲဘူးတဲ့ ပညတ် ပရမတ် မကွဲလို့ ရှိရင်လည်းပဲ မီးခြစ်ကို စိတ်ထဲဝမ်းထဲ မှာကိုပဲ တကယ့်ရှိတဲ့တရားကြီးလို့ ယူဆရင်ဖြင့် အဲဒါမိစ္ဆာအယူပဲနော်(မှန်ပါတယ်ဆရာ)

ဒါဖြင့် ဘယ်ဝတ္ထုပစ္စည်းဖြစ်ဖြစ် အိမ်ကျောင်းဇရပ် တုံးတိုင် တောတောင် ရေမြေ သမုဒ္ဒရာ အ၀ိညာဏက သက်မဲ့အရာဝတ္ထု သ၀ိညာဏက သက်ရှိ လူနတ် ဗြဟ္မာ့ သတ္တ၀ါစမ်းကြည့်ပေါ့ ကိုယ်တော်မြတ်က ပထ၀ီဓာတ်ကိုသိချင်ရင် စမ်းကြည့်စမ်းကြည့်ပေါ့နော်(မှန်ပါတယ်ဆရာ) 

ထိကြည့်ရင် ထိကြည့်လိုက်တာပေါ့ ဒီလိုမဟုတ်လား(မှန်ပါတယ်ဆရာ) ထိကြည့်လိုက်ရင်သိတယ်မဟုတ်လား(မှန်ပါတယ်ဆရာ) မာရင်မာ ပျော့ရင်ပျော့ ကြမ်းရင်ကြမ်း ချောရင်ချော ဒီလိုသိလာတယ်။ ဒါပထ၀ီဓာတ်ပဲ ငါစူးစမ်းရှာဖွေကြည့်လိုက်တော့ ငါတွေ့ နေတယ် ဘာတွေ့ တယ် ပထ၀ီဓာတ်မှန်းသိတာပဲလို့ နော် မျက်စိနဲ့ တစ်နေကုန် မီးခြစ်ကလေးချကြည့် ပထ၀ီဓာတ်ရှိမှန်းသိနိင်ပါ့မလား 

မထိကြည့်ပဲနဲ့ သွားကြည့်လို့ ရှိမှန်းသိပါ့မလား (မသိနိင်ပါဘူးဆရာ) မင်းမျက်စိမှိတ်ပြီး ကြေးပြားလေးစမ်းကြည့် ဘာတွေ့ လဲ( မာတာတွေ့ ပါတယ်ဆရာ) ဘယ်လိုစမ်းစမ်းတွေ့ တာပေါ့ ဒါဆို (မှန်ပါတယ်ဆရာ) သြော်သူကထင်ရှားရှိနေတာပေါ့ မရှိဘူးလို့ များ ငြင်းနိင်သေးရဲ့ လား (မငြင်းနိင်ပါဘူးဆရာ)

ဒါကြောင့် ပြသွားတာ မီးခြစ်က တခြား မာတာကတစ်ခြား ကြေးပြားက တစ်ခြား မာတာကတစ်ခြား ကြေးချောင်းတစ်ခြား မာတာကတခြား ကြေးခဲကတစ်ခြား မာတာကတစ်ခြား ကြေးကွင်းက တစ်ခြား မာတာကတခြား ဒီလိုပဲ ပညတ်ခေါ်ထားတဲ့အခေါ်အဝေါ်လုံးလုံးပျောက်သွားပေါ့ နဂိုတည်းက ရှိနေတဲ့တရားလည်းမဟုတ် တကယ့်ထင်ရှားရှိတဲ့ ပထ၀ီဓာတ်တော့ပျောက်မသွားဘူးနော်။ လက်စသတ်တော့ အခုငါစမ်းကြည့်လို့ တွေ့ နေတဲ့မာမူ မာသဘော မာသတ္တိလေးကတော့ တကယ့်ရှိနေတာပါပဲ မရှိရင် တို့ ကြည့် တွေ့ ကိုတွေ့ မှာမဟုတ်ဘူး ဒီလိုမဟုတ်လား (မှန်ပါတယ်ဆရာ)

ဒီမီးခြစ်သဘောတရားကနေ မိမိကိုယ်ပေါ်ပြန်ပြီးတော့ ဆင်ခြင်ဖို့ နားလည်ဖို့ ပြင်ဖို့ ဒါဥပမာတင်စားပြီးတော့ ပြနေတာခေါ်တယ် တရားမဟုတ်သေးပါဘူး ကိုယ်ပေါ်တင်မှ တရားစစ်ကိုးနော်။ အေး ဒါပေမယ့် အဲဒီဥပမာကို ပြတ်ပြတ်သားသားနားလည်လာရင် ဒီဥပမာနဲ့ ကိုယ်ပေါ်ပြန်ပြီးတော့ ဥပမေယျဆိုပြီးတော့ တင်လိုက်တဲ့အခါ ကျတော့ တရားက သိသွားရော ဒီမှ တရားနော်။(မှန်ပါတယ်ဆရာ) တရားက အင်မတန်အသိခက်တယ်။ (မှန်ပါတယ်ဆရာ)

*************************************************
ကိုယ်ခန္ဓာဥတုဇရုပ်တုံးကြီးကိုထိလိုက်တော့ တွေ့ ထိလိုက်တဲ့
သဘောသာသာပထ၀ီဓာတ်သဘောထင်ရှားစွာရှိနေတာကို ဝေဖန်နိင်မှ ပထ၀ီဓာတ်က အတုံးအလုံးအမှုန့် အမွှားပင်မရှိပဲ သဘောတရားမျှသာရှိနေတယ်။ ဒီပရမတ်တရားမှာ ပုဂ္ဂိုလ် လူ သတ္တ၀ါ အတုံး အလုံး အကောင်အထည် ဗြဟ္မာ့ နတ်လို့  တို့ လူတွေ ခေါ်ဝေါ်သမုတ်ထားတဲ့ ပညတ်တရားတွေ လုံးလုံးမရှိနေတာပေါ့နော်။ ဒီပရမတ်တရားတွေပေါ်မိမိသဏ္ဍာန်ပြန်ဝေဖန် ကြည့်တော့ ငါရှာလိုက်ရာ ငါဆိုတာဘယ်မှာရှာလို့ တွေ့ နိင်မလဲ….
ဖတ်ရူသူဓမ္မမိတ်ဆွေ များရှင်။
စာများအတော်အတန်များများရှည်သွားခြင်းအပေါ်မေတ္တာရည်လျှက် သည်းခံပေးစေလိုပါ၏။ သုတအားဖြင့်သော်၎င်း ဥာဏ်အားဖြင့်သော်၎င်း ဆင်ခြင်ပွားများနိင်ကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။


မှတ်ချက်။ ။ ၀ိပဿနာနည်းပြ ဆရာကြီး ဦးကြင်ရွှေ ၏ ရုပ်ဓာတ် နာမ်ဓာတ် တရားတော် ပထမတွဲ ပခုက္ကူဝိပဿနသင်တန်းဟောစဉ်(၂) စာအုပ်မှ ကျမ်းကိုး၍ ရေးသားပူဇော်ထားပါသည်။

အင်ကြင်းကဗျာ

ဗုဒ္ဓကမ္ဘာ ဆိုဒ်မှ ကူးယူမျှဝေသည်။

No comments:

Post a Comment