/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, February 9, 2014

"အိုသည့်တိုင်အောင် ကောင်းမြတ်သောတရား"

Photo: "အိုသည့်တိုင်အောင် ကောင်းမြတ်သောတရား"
*************************************
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာသတင်းသုံးတော့ သန်းခေါင်ယံအချိန်မှာ နတ်သား တစ်ယောက်က ပုစ္ဆာလေးချက်ကိုမေးပါတယ်။

၁။အရှင်ဘုရား၊ အိုသည့်တိုင်အောင် ကောင်းမြတ်သောတရားသည် အဘယ်တရားပါနည်းဘုရား။

၂။အရှင်ဘုရား၊ ကိုယ်၌တည်သော် ကောင်းမြတ်သောတရားသည် အဘယ်တရားပါနည်းဘုရား။

၃။အရှင်ဘုရား၊ လူတို့၏ အမြတ်ဆုံး အထွက်ဆုံးဖြစ်သော တရားသည် အဘယ်တရားပါနည်းဘုရား။

၎။အရှင်ဘုရား၊ သူခိုး ဓားပြတွေ မခိုးနိုင် မယူနိုင်တဲ့တရားသည် အဘယ်တရားပါနည်းဘုရား။ ဆိုတဲ့ မေးခွန်းလေးချက်ဖြစ်ပါတယ်။

အဲဒီလိုမေးလျှောက်ထားတဲ့အခါ တစ်ခဏချင်း မြတ်စွာဘုရားက ဖြေကြားတော်မူပါတယ်။

၁။ ဒါယကာနတ်သား အိုသည့်တိုင်ကောင်းမွန်မြင့်မြတ်တဲ့ တရားဟာ သီလတရားပါပဲ။ ဒါကြောင့်လောက မှာ လူတိုင်း လူတိုင်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ဆယ်ပါးသီလကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ်။ ငါးပါး သီလကို နိစ္စသီလလို့ခေါ်တယ်။တစ်နည်းအားဖြင့် အလေးအမြတ်ပြုအပ်တဲ့အတွက်ကြောင့် ဂရုဓမ္မလို့လည်း ခေါ်ကြပါတယ်။ဒါကြောင့် ထိုငါးပါးသီလကို မြဲအောင် စောင့်ထိန်းကြပါမယ်။တကယ်လို့များ တတ်နိုင်မယ် ဆိုရင် ရှစ်ပါးသီလ ဆယ်ပါးသီလ တရားတော်မြတ်ကိုလည်း စောင့်ထိန်းကြရမယ်လို့ ကျန်းဂန်များက ဆိုကြတယ်။သီလတည်မှသာလျှင် အိုသည့်တိုင်အောင် ကောင်းမြတ်တဲ့တရားဖြစ်ပါတယ်။ဒါကြောင့် သီလတရားတော်မြတ်များကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောက်တည်ကြပါလို့တိုက်တွန်းချင်ပါတယ်။

၂။ဒုတိယ အမေးရဲ့ အဖြေကတော့ ……..ဒါယကာနတ်သား ကိုယ်၌ အမြဲတည်သော် ကောင်းမြတ်တဲ့ တရား ဟာ သဒ္ဓါတရားဖြစ်ပါတယ်။သဒ္ဓါဆိုတာ ယုံကြည်မှုကိုဆိုလိုတာပါ။ကံ ကံ၏ အကျိုးတရားကို ယုံကြည်ခြင်း၊ ရတနာသုံးပါး၏ဂုဏ်ကို ယုံကြည်ခြင်းတို့ပါပဲ။သဒ္ဓါတရားဆိုတာဟာ တန်ခိုးနဲ့တောင်မှ တားလို့မရတဲ့ အရာဝတ္ထုဖြစ်နေလေတော့ မိမိတို့၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ ဒီသဒ္ဓါတရား အမြဲကိန်းအောင် နေရင် အလွန်ကောင်းမွန်မြင့်မြတ်ပါတယ်။ ကိုယ်၌ အမြဲတည်သော် ကောင်းမြတ်တဲ့တရားသည် သဒ္ဓါတရားဖြစ် ပါတယ်။ဒါကြောင့်သဒ္ဓါတရားကို လည်းကိုယ်တွင်း သန္တာန်မှာ အမြဲတည်အောင် ကြိုးစားသင့်ပါတယ်။

၃။အဖြေက…လူတို့၏ အမြတ်ဆုံး အထွတ်ဆုံးတရားသည် ပညာတရားဖြစ်ပါတယ်။လောကုတ် လောကီ နှစ်လီတိုးပွား အကျိုးများအောင် ကြံဆောင်ပြုတတ်ပညာမြတ်သည် လူနတ်ဗြဟ္မာသတ္တဝါတို့၏ မှီခို အားထားကိုးကွယ်ရာရတနာဖြစ်ပါတယ်။အဘယ့်ကြောင့် ပညာသည်သာ အမြတ်ဆုံး လူတို့အတွက် အမြတ်ဆုံးဖြစ်တာလဲဆိုတော့ လောကီမှာဖြစ်စေ၊လောကုတ္တရာမှာဖြစ်စေ ပညာရတနာ ကိုယ်ပိုင်ရှိထား သူများမှသာ ချမ်းသာအားလုံးကို ပြည့်စုံနိုင်ကြလေတယ်။သံသရာဝဋ်ဆင်းရဲဒုက္ခ အမျိုးမျိုးတို့မှ ကျွတ်လွတ် စေနိုင်ခြင်း၊ လောကီအထွတ်ဆုံး အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်စေ နိုင်ခြင်းဟာလည်း ဤတရားပင်ဖြစ်တယ်။အရာဌာနတိုင်းတို့၌ အမှားအမှန်ကို သိစွမ်းနိုင်ခြင်းသည်လည်း ဤပညာတရားပင်ဖြစ်ပါတယ်။ပညာတည်းဟူသော မျက်စိအားကောင်းမှသာလျှင် သိနိုင်ပါတယ်။ မည်သူမဆိုပညာမျက်စိချို့တဲ့နေပါက လမ်းကောင်းလမ်းမှန်သို့ မရောက်နိုင်ပါဘူး။လမ်းမှန်သို့မရောက် ပါလျှင် ဒုက္ခအမျိုးမျိုးနှင့်သာရင်ဆိုင်ရမှာသေချာပါတယ်။

(ပညာစက္ခုံ အနုတ္တရံ)ဟု ဟောတော်မူသည့်အတိုင်း ပညာတည်းဟူသော စက္ခုသာလျှင်အမြတ်ဆုံး ဖြစ်ပါတယ်။လောကမှာ နေရောင် လရောင် မီးရောင် ပညာရောင်ဟု အမိုက်မှောင်ကို ပယ်ဖျောက်ပေးနိုင် သော အရောင်ကြီး လေးမျိုးရှိရာ ပညာရောင်သည်သာလျှင် အမြတ်ဆုံးဖြစ်၏ဟု ဟောတော်မူပါတယ်။ ဘာကြောင့် ပညာရောင်ကိုသာလျှင် အမြတ်ဆုံးဟု ဟောတော်မူပါသလဲဆိုရင် လောကမှာ နေရောင် လရောင် မီးရောင်တို့သည် အမိုက်မှောင်ကို ပယ်ဖျောက်နိုင်၏ဟုဆိုသော်လည်း သူ့အခါအခွင့် အားလျော်စွာသာလျှင် ပယ်ဖျောက်နိုင်၍ အရောင်များကို လင်းစေပါတယ်။ပညာရောင်သည်ကား လောက သုံးပါးလုံးပင် အခါမရွေး အချိန်မရွေး ထွန်းလင်းစေနိုင်သည့်အပြင် တစ်သံသရာလုံးက အမိုက်မှောင်အတိ ဖြစ်လာသော အဝိဇ္ဇာတည်းသော မောဟအမှောင်ထုကြီးကိုပင် ပယ်ဖျောက်နိုင်သော အစွမ်းသတ္တိထူး ရှိလှ သောကြောင့် ပညာသည်သာလျှင် အမြတ်ဆုံး အလင်းဆုံးဟု ဟောတော်မူခြင်းဖြစ်ပေတယ်။သို့အတွက် မည်သူမဆို ပညာတည်းဟူသော အရောင်ကိုသာ အမြဲတန်း ထိန်လင်းစေနိုင်အောင် ပြုကြဖို့အရေးကြီး ပါပေသည်။

ထို့ပြင် ကာယဗလ ဘောဂဗလ အမစ္စဗလ ဇာတိဗလ ပညာဗလဟု အားငါးမျိုးရှိရာတွင် ပညာဟူသော အားသည်သာလျှင် အလုံးစုံသော အမှုကိစ္စကိုပြီးစေနိုင်အောင် ဆောင်ရွတ်စေနိုင်ပါတယ်။(မဟောသဓ ဇာတ်တော်ကြီးတွင်) အားလုံးသော ကိစ္စအခက်အခဲ အကျဉ်းအကျပ်တွေ့ကြုံလာလျှင် အလောင်းတော် မဟောသဓပညာရှိက ပညာအားနှင့် စီစဉ်ဆောင်ရွတ်လိုက်သဖြင့် အကျဉ်းအကြပ် အခက်အခဲမှ လွတ်မြောက်ကြ၍ စည်းစိမ်ချမ်းသာများ ခံစားကြရသည်ကိုကြည့်ပါက ပညာအား အစွမ်းကောင်းပုံ ထင်ရှား လှပါတယ်။(ဒါက ထင်ရှားတဲ့ အသိလွယ်ဆုံးဖြစ်တဲ့ မဟောသဓာဝတ္ထုကိုသာ ဟောပါသော်လည်း အခြားသော ပညာဖြင့် ဆောင်ရွတ်လိုက်သဖြင့် အကျိုးစီးပွားများရကြ ချမ်းသာကြရသော ဝတ္ထုသက်သေ တွေ များစွာပင်ရှိပါပေသည်။)

လောကမှာ ပညာမှတစ်ပါးသော အခြားသော ရတနာတွေ များစွာရှိသော်လည်း သတ္တဝါတို့၏မှီခိုအာထားရာ ရတနာအစစ်မဟုတ်ပေ။ရတနာတို့၏ တန်ခိုးတို့သည် လောကီဘက်၌ သိဒ္ဓိအမျိုးမျိုး ပြီးစေနိုင်သော်လည်း သူ့နေရာနှင့်သာပြီးစေနိုင်ပါတယ်။ ပညာရတနာသည်ကား သူ့နေရာနှင့်သာမဟုတ် အလုံးစုံသော အမှုကိစ္စ ဟူသမျှတို့ကို လွယ်ကူစွာနှင့်ပင် ပြီးစေနိုင်သည့် သိဒ္ဓိကြီးပင် ဖြစ်လေတယ်။ ထို့ပြင်လည်း အခြားသော ရတနာမျိုးတို့ကို ရန်သူမျိုး(၅)ပါးတို့ လွယ်ကူစွာ လုယက်ဖျက်ဆီးနိုင်တယ်။ ပညာရတနာကိုကား မည်သည့် ရန်သူမျှ မလုယက် မဖျတ်ဆီးနိုင်ကြပါ။(ပညာရွှေအိုး လူမခိုး) ဟူသော ရှေးစကားပုံပင် ရှိလေသည်။ ပညာ ရတနာနှင့် ပြည့်စုံသူမှာ ခပ်သိမ်းသော စည်းစိမ်ဥစ္စာ ရတနာအမျိုးမျိုးတို့သည် အလိုရှိတိုင်း ပြည့်စုံနိုင်၊လိုရာ ကို လှမ်းယူနိုင်သောကြောင့် လိုတိုင်းရသည့် ပဒေသာပင်ကြီးနှင့်လည်းတူ၏ဟု ပညာရှိများ မိန့်ဆိုထားကြ ပါတယ်။သို့အတွက် အလုံးစုံသော စည်းစိမ်ချမ်းသာ အလိုဟူသမျှတို့ ပြည့်စုံစေတတ်သော အမြတ်ဆုံး ဖြစ်တဲ့ ပညာရတနာကို ရအောင် ဆည်းပူးအားထုတ်ကြရန် တိုက်တွန်းပါတယ်။

၎။အဖြေက……ဒါယကာ နတ်သား ဒါန သီလ စသည့်ဆယ်ဝ မြတ်ပုညကို ခိုးသား ဓားပြတို့သည် နိုင်ထက်ကလူ နှိပ်စက်မူ၍ မလုယူ မဖျတ်စီးနိုင်ပေဟု ဖြေတော်မူပါတယ်။ဤသို့ မြတ်စွာဘုရား ဖြေကြား တော်မူသည့်အတိုင်း ဒါနစသော ကုသိုလ်ကောင်းမှုတို့ကို မည်သူမျှ မလုယက် မဖျက်ဆီးနိုင်ပုံများမှာ…..

ကုသိုလ်၏ သဘောလက္ခဏာများမှာ အပြစ်မရှိခြင်း ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိသည်ဟု ဆိုသောကြောင့် ကုသိုလ်မှန်လျှင် အပြစ်မရှိ၊ကောင်းကျိုးကိုသာ မုချပေးကြောင်း အလွန်ထင်ရှားလှပါတယ်။ ကုသိုလ်သည် အကျဉ်းချုံးအားဖြင့် လောကီကုသိုလ် လောကုတ္တရာကုသိုလ်ဟု နှစ်မျိုးရှိပါတယ်။ထို့ပြင် ကာမာဝစရကုသိုလ်၊ရူပါဝစရကုသိုလ်၊အရူပါဝစရကုသိုလ်၊မဂ်ကုသိုလ်သည်ဟုလည်းရှိပြန်ပါတယ်။မည်သို့ ပင်အမည်များစေကာမူ လောကီကုသိုလ်၊လောကုတ္တရာကုသိုလ် (၂)မျိုးသာရှိတာပါ။လောကီကုသိုလ်ဖြစ် ဖြစ်၊လောကုတ္တရာကုသိုလ်ဖြစ်ဖြစ် နည်းနည်းပြုလျှင် နည်းနည်းအကျိုးခံစားရမည်။များများပြုလျှင် များများ အကျိုးခံစားရမည်သာဖြစ်ပါတယ်။

သံသရာကျင်လည်နေကြရသည့် အခိုက်မှာလည်း လောကီစည်းစိမ်ချမ်းသာ ခံစားနေကြနိုင်သူဟူသမျှဟာ ဒါနစသော ကုသိုလ်များကို ပြုခဲ့ကြသူများသာဖြစ်၍ ယခုကဲ့သို့ ချမ်းသာအမျိုးမျိုးတို့ကိုခံစားနေကြရကြောင်း ထင်ရှားလှပါတယ်။ လောကုတ္တရာဘက်မှာလည်း ထို့အတူပင်။နောက်ဆုံးမှာ ဒုက္ခအမျိုးမျိုးတို့၏ ကုန်ရာဖြစ် သော နိဗ္ဗာန်ချမ်းသာကြီးကို ခံစားရခြင်း အကျိုးထူးမှာလည်း လောကုတ္တရာကုသိုလ်ပြုသူများသာဖြစ် ကြပါ တယ်။မြတ်စွာဘုရားကလည်း သတ္တဝါတို့ချမ်းသာရာ အားကိုးရာအစစ်ဖြစ်တဲ့ ကုသိုလ်များကိုသာ များများ ပြုကြရန် ဒေသနာတော်များစွာပင် ဟောကြားညွှန်ပြဆုံးမတော်မူခဲ့ပေတယ်။

ထို့ပြင် လောက၌ ရွှေ ငွေ စသောအဘိုးတန် ရတနာအမျိုးမျိုးတို့ကို မည်မျှပင် လုံခြုံအောင် သိမ်းဆည်း ထားစေကာမူ ရန်သူမျိုး(၅)ပါး တို့ကြောင့် တစ်နည်းနည်းအားဖြင့် ပျက်စီးကုန်ဆုံးကြရသည်သာ ဖြစ်ပါတယ် ထိုသို့ လုံခြုံမှုမရှိ ပျက်စီးခြင်းကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ခုဒ္ဒကပါဌ် နိဓိကဏ္ဍသုတ်မှာဟောတော် မူခဲ့ပါတယ်။လုံခြုံလှပြီ စိတ်ချရပြီဟု မြှပ်နှံထားသော ပစ္စည်းများသည် မြှပ်နှံရာနေရာမှ ရွေ့လျောပျောက်ဆုံး တတ်တယ်။ပစ္စည်းမြှပ်ရာ နေရာ အမှတ်သညာသော်လည်း မေ့တတ်တယ်။နဂါးများ၊နတ်များလည်း၊ရွှေ့ထား တတ်တယ်။ခိုးယူတတ်တယ်။ မချစ်သည့် အမွေခံဆိုးစသော သူတို့သည်လည်း မမြင်ကွယ်ရာ မကြည့်ရှုနိုင် သောအခါ ဘုန်းကံနည်းပါးသော အခါမှာ တူးဖော်ယူငင်တတ်ကြတယ်။ ဖြေကြားခဲ့သော နည်းများစွာတို့မှ တစ်ပါးပါးဖြင့် မြှပ်နှံသိုမှီးထားသော ဥစ္စာပစ္စည်းများသည် အချည်းအနှီး ပျောက်ပျက်တတ်ပါတယ်။

ဤဟောတော်မူသော ဒေသနာတော်အရ မိမိတို့၏ ပစ္စည်းဥစ္စာများ ရတနာများ မည်မျှပင်လုံခြုံအောင် သိုမှီး မြှပ်နှံထားသော်လည်း ပျက်စီးတတ်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူတာပါ။အဘယ်သို့ မြှပ်နှံမှ လုံခြုံ စိတ်ချရမည်နည်းဟု မေးရန်ရှိလာသည့်အတွက် မြတ်စွာဘုရားက ဆက်လက်ပြီး ယခုဘဝမှစ၍ ဖြစ်လေရာ ဘဝတို့၌ ယူဆောင်သွားနိုင်သော ဒါန သီလ သမာဓိ ပညာ ဟူသော အနုဂါမိက ပစ္စည်းများကို သိုမှီးသိမ်း ဆည်း မြှပ်နှံရမည်ဟု ဟောတော်မူခဲ့ပါတယ်။ အခြားသော လောကီပစ္စည်း အဘိုးတန် ရတနာတွေကို မည်မျှပင် လုံခြုံအောင် သိုမှီးသိမ်းဆည်းထားနိုင်စေကာမူ ယခုဘဝအတွက် ခံစားသုံးဆောင်နိုင်တာပါ။ ဘဝပြောင်းသွားရရင်တော့ ဘာပစ္စည်းတစ်ခုကိုမှ ပါအောင်ယူမသွားနိုင်ကြပါ။သို့အတွက် အနုဂါမိက ပစ္စည်းမည်သည် သူတစ်ပါးနှင့် မဆက်ဆံခြင်း၊ခိုးသူစသည်တို့ မဖျတ်ဆီးနိုင်ခြင်းဟူသော ဂုဏ်နှင့် ပြည့်စုံ ပါတယ်။ယခုလောကအမြင်အားဖြင့် လိုသမျှ တောင့်တသမျှ လောကီ ကျက်သရေ မင်္ဂလာအမျိုးမျိုးတို့နှင့် ပြည့်စုံကြရသည်မှာလည်း အနုဂါမိက ပစ္စည်းမှ ထုတ်ယူသုံးစွဲနေကြရခြင်း၊ခံစားကြရခြင်းဖြစ်သည်ဟု ဆိုရ ပေမည်။

အချုပ်အားဖြင့် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ နိဗ္ဗာန်ချမ်းသာကြီးဟု ဆိုအပ်သော ချမ်းသာခြင်း လေးပါးနှင့် ဧကန်ပြည့်စုံနိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။သို့အတွက် မည်သူမဆို ခိုးသူစသော ရန်သူ မျိုးငါးပါးတို့သည် လုယူဖျတ်ဆီးနှိပ်စက်ခြင်း မပြုနိုင်သည့်ပြင် သွားလေရာ ရောက်လေရာ ဘဝတို့ကို ယူဆောင်သွားနိုင်တဲ့ ဒါန သီလ သမာဓိ ပညာဟူသော ကုသိုလ်ကောင်းမှု အနုဂါမိကပစ္စည်းများကိုသာ သိုမှီးသိမ်းဆည်းပြုကြရန်တိုက်တွန်းလိုက်ရပါသည်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

 "အိုသည့်တိုင်အောင် ကောင်းမြတ်သောတရား"
*************************************

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာသတင်းသုံးတော့ သန်းခေါင်ယံအချိန်မှာ နတ်သား တစ်ယောက်က ပုစ္ဆာလေးချက်ကိုမေးပါတယ်။



၁။အရှင်ဘုရား၊ အိုသည့်တိုင်အောင် ကောင်းမြတ်သောတရားသည် အဘယ်တရားပါနည်းဘုရား။

၂။အရှင်ဘုရား၊ ကိုယ်၌တည်သော် ကောင်းမြတ်သောတရားသည် အဘယ်တရားပါနည်းဘုရား။

၃။အရှင်ဘုရား၊ လူတို့၏ အမြတ်ဆုံး အထွက်ဆုံးဖြစ်သော တရားသည် အဘယ်တရားပါနည်းဘုရား။

၎။အရှင်ဘုရား၊ သူခိုး ဓားပြတွေ မခိုးနိုင် မယူနိုင်တဲ့တရားသည် အဘယ်တရားပါနည်းဘုရား။ ဆိုတဲ့ မေးခွန်းလေးချက်ဖြစ်ပါတယ်။

အဲဒီလိုမေးလျှောက်ထားတဲ့အခါ တစ်ခဏချင်း မြတ်စွာဘုရားက ဖြေကြားတော်မူပါတယ်။

၁။ ဒါယကာနတ်သား အိုသည့်တိုင်ကောင်းမွန်မြင့်မြတ်တဲ့ တရားဟာ သီလတရားပါပဲ။ ဒါကြောင့်လောက မှာ လူတိုင်း လူတိုင်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ဆယ်ပါးသီလကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ်။ ငါးပါး သီလကို နိစ္စသီလလို့ခေါ်တယ်။တစ်နည်းအားဖြင့် အလေးအမြတ်ပြုအပ်တဲ့အတွက်ကြောင့် ဂရုဓမ္မလို့လည်း ခေါ်ကြပါတယ်။ဒါကြောင့် ထိုငါးပါးသီလကို မြဲအောင် စောင့်ထိန်းကြပါမယ်။တကယ်လို့များ တတ်နိုင်မယ် ဆိုရင် ရှစ်ပါးသီလ ဆယ်ပါးသီလ တရားတော်မြတ်ကိုလည်း စောင့်ထိန်းကြရမယ်လို့ ကျန်းဂန်များက ဆိုကြတယ်။သီလတည်မှသာလျှင် အိုသည့်တိုင်အောင် ကောင်းမြတ်တဲ့တရားဖြစ်ပါတယ်။ဒါကြောင့် သီလတရားတော်မြတ်များကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောက်တည်ကြပါလို့တိုက်တွန်းချင်ပါတယ်။

၂။ဒုတိယ အမေးရဲ့ အဖြေကတော့ ……..ဒါယကာနတ်သား ကိုယ်၌ အမြဲတည်သော် ကောင်းမြတ်တဲ့ တရား ဟာ သဒ္ဓါတရားဖြစ်ပါတယ်။သဒ္ဓါဆိုတာ ယုံကြည်မှုကိုဆိုလိုတာပါ။ကံ ကံ၏ အကျိုးတရားကို ယုံကြည်ခြင်း၊ ရတနာသုံးပါး၏ဂုဏ်ကို ယုံကြည်ခြင်းတို့ပါပဲ။သဒ္ဓါတရားဆိုတာဟာ တန်ခိုးနဲ့တောင်မှ တားလို့မရတဲ့ အရာဝတ္ထုဖြစ်နေလေတော့ မိမိတို့၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ ဒီသဒ္ဓါတရား အမြဲကိန်းအောင် နေရင် အလွန်ကောင်းမွန်မြင့်မြတ်ပါတယ်။ ကိုယ်၌ အမြဲတည်သော် ကောင်းမြတ်တဲ့တရားသည် သဒ္ဓါတရားဖြစ် ပါတယ်။ဒါကြောင့်သဒ္ဓါတရားကို လည်းကိုယ်တွင်း သန္တာန်မှာ အမြဲတည်အောင် ကြိုးစားသင့်ပါတယ်။

၃။အဖြေက…လူတို့၏ အမြတ်ဆုံး အထွတ်ဆုံးတရားသည် ပညာတရားဖြစ်ပါတယ်။လောကုတ် လောကီ နှစ်လီတိုးပွား အကျိုးများအောင် ကြံဆောင်ပြုတတ်ပညာမြတ်သည် လူနတ်ဗြဟ္မာသတ္တဝါတို့၏ မှီခို အားထားကိုးကွယ်ရာရတနာဖြစ်ပါတယ်။အဘယ့်ကြောင့် ပညာသည်သာ အမြတ်ဆုံး လူတို့အတွက် အမြတ်ဆုံးဖြစ်တာလဲဆိုတော့ လောကီမှာဖြစ်စေ

၊လောကုတ္တရာမှာဖြစ်စေ ပညာရတနာ ကိုယ်ပိုင်ရှိထား သူများမှသာ ချမ်းသာအားလုံးကို ပြည့်စုံနိုင်ကြလေတယ်။သံသရာဝဋ်ဆင်းရဲဒုက္ခ အမျိုးမျိုးတို့မှ ကျွတ်လွတ် စေနိုင်ခြင်း၊ လောကီအထွတ်ဆုံး အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်စေ နိုင်ခြင်းဟာလည်း ဤတရားပင်ဖြစ်တယ်။

အရာဌာနတိုင်းတို့၌ အမှားအမှန်ကို သိစွမ်းနိုင်ခြင်းသည်လည်း ဤပညာတရားပင်ဖြစ်ပါတယ်။ပညာတည်းဟူသော မျက်စိအားကောင်းမှသာလျှင် သိနိုင်ပါတယ်။ မည်သူမဆိုပညာမျက်စိချို့တဲ့နေပါက လမ်းကောင်းလမ်းမှန်သို့ မရောက်နိုင်ပါဘူး။လမ်းမှန်သို့မရောက် ပါလျှင် ဒုက္ခအမျိုးမျိုးနှင့်သာရင်ဆိုင်ရမှာသေချာပါတယ်။

(ပညာစက္ခုံ အနုတ္တရံ)ဟု ဟောတော်မူသည့်အတိုင်း ပညာတည်းဟူသော စက္ခုသာလျှင်အမြတ်ဆုံး ဖြစ်ပါတယ်။လောကမှာ နေရောင် လရောင် မီးရောင် ပညာရောင်ဟု အမိုက်မှောင်ကို ပယ်ဖျောက်ပေးနိုင် သော အရောင်ကြီး လေးမျိုးရှိရာ ပညာရောင်သည်သာလျှင် အမြတ်ဆုံးဖြစ်၏ဟု ဟောတော်မူပါတယ်။ 


ဘာကြောင့် ပညာရောင်ကိုသာလျှင် အမြတ်ဆုံးဟု ဟောတော်မူပါသလဲဆိုရင် လောကမှာ နေရောင် လရောင် မီးရောင်တို့သည် အမိုက်မှောင်ကို ပယ်ဖျောက်နိုင်၏ဟုဆိုသော်လည်း သူ့အခါအခွင့် အားလျော်စွာသာလျှင် ပယ်ဖျောက်နိုင်၍ အရောင်များကို လင်းစေပါတယ်။

ပညာရောင်သည်ကား လောက သုံးပါးလုံးပင် အခါမရွေး အချိန်မရွေး ထွန်းလင်းစေနိုင်သည့်အပြင် တစ်သံသရာလုံးက အမိုက်မှောင်အတိ ဖြစ်လာသော အဝိဇ္ဇာတည်းသော မောဟအမှောင်ထုကြီးကိုပင် ပယ်ဖျောက်နိုင်သော အစွမ်းသတ္တိထူး ရှိလှ သောကြောင့် ပညာသည်သာလျှင် အမြတ်ဆုံး အလင်းဆုံးဟု ဟောတော်မူခြင်းဖြစ်ပေတယ်။သို့အတွက် မည်သူမဆို ပညာတည်းဟူသော အရောင်ကိုသာ အမြဲတန်း ထိန်လင်းစေနိုင်အောင် ပြုကြဖို့အရေးကြီး ပါပေသည်။

ထို့ပြင် ကာယဗလ ဘောဂဗလ အမစ္စဗလ ဇာတိဗလ ပညာဗလဟု အားငါးမျိုးရှိရာတွင် ပညာဟူသော အားသည်သာလျှင် အလုံးစုံသော အမှုကိစ္စကိုပြီးစေနိုင်အောင် ဆောင်ရွတ်စေနိုင်ပါတယ်။(မဟောသဓ ဇာတ်တော်ကြီးတွင်) အားလုံးသော ကိစ္စအခက်အခဲ အကျဉ်းအကျပ်တွေ့ကြုံလာလျှင် အလောင်းတော် မဟောသဓပညာရှိက ပညာအားနှင့် စီစဉ်ဆောင်ရွတ်လိုက်သဖြင့် အကျဉ်းအကြပ် အခက်အခဲမှ လွတ်မြောက်ကြ၍ စည်းစိမ်ချမ်းသာများ ခံစားကြရသည်ကိုကြည့်ပါက ပညာအား အစွမ်းကောင်းပုံ ထင်ရှား လှပါတယ်။(ဒါက ထင်ရှားတဲ့ အသိလွယ်ဆုံးဖြစ်တဲ့ မဟောသဓာဝတ္ထုကိုသာ ဟောပါသော်လည်း အခြားသော ပညာဖြင့် ဆောင်ရွတ်လိုက်သဖြင့် အကျိုးစီးပွားများရကြ ချမ်းသာကြရသော ဝတ္ထုသက်သေ တွေ များစွာပင်ရှိပါပေသည်။)

လောကမှာ ပညာမှတစ်ပါးသော အခြားသော ရတနာတွေ များစွာရှိသော်လည်း သတ္တဝါတို့၏မှီခိုအာထားရာ ရတနာအစစ်မဟုတ်ပေ။ရတနာတို့၏ တန်ခိုးတို့သည် လောကီဘက်၌ သိဒ္ဓိအမျိုးမျိုး ပြီးစေနိုင်သော်လည်း သူ့နေရာနှင့်သာပြီးစေနိုင်ပါတယ်။ ပညာရတနာသည်ကား သူ့နေရာနှင့်သာမဟုတ် အလုံးစုံသော အမှုကိစ္စ ဟူသမျှတို့ကို လွယ်ကူစွာနှင့်ပင် ပြီးစေနိုင်သည့် သိဒ္ဓိကြီးပင် ဖြစ်လေတယ်။ ထို့ပြင်လည်း အခြားသော ရတနာမျိုးတို့ကို ရန်သူမျိုး(၅)ပါးတို့ လွယ်ကူစွာ လုယက်ဖျက်ဆီးနိုင်တယ်။ 


ပညာရတနာကိုကား မည်သည့် ရန်သူမျှ မလုယက် မဖျတ်ဆီးနိုင်ကြပါ။(ပညာရွှေအိုး လူမခိုး) ဟူသော ရှေးစကားပုံပင် ရှိလေသည်။ ပညာ ရတနာနှင့် ပြည့်စုံသူမှာ ခပ်သိမ်းသော စည်းစိမ်ဥစ္စာ ရတနာအမျိုးမျိုးတို့သည် အလိုရှိတိုင်း ပြည့်စုံနိုင်၊လိုရာ ကို လှမ်းယူနိုင်သောကြောင့် လိုတိုင်းရသည့် ပဒေသာပင်ကြီးနှင့်လည်းတူ၏ဟု ပညာရှိများ မိန့်ဆိုထားကြ ပါတယ်။သို့အတွက် အလုံးစုံသော စည်းစိမ်ချမ်းသာ အလိုဟူသမျှတို့ ပြည့်စုံစေတတ်သော အမြတ်ဆုံး ဖြစ်တဲ့ ပညာရတနာကို ရအောင် ဆည်းပူးအားထုတ်ကြရန် တိုက်တွန်းပါတယ်။

၎။အဖြေက……ဒါယကာ နတ်သား ဒါန သီလ စသည့်ဆယ်ဝ မြတ်ပုညကို ခိုးသား ဓားပြတို့သည် နိုင်ထက်ကလူ နှိပ်စက်မူ၍ မလုယူ မဖျတ်စီးနိုင်ပေဟု ဖြေတော်မူပါတယ်။ဤသို့ မြတ်စွာဘုရား

 ဖြေကြား တော်မူသည့်အတိုင်း ဒါနစသော ကုသိုလ်ကောင်းမှုတို့ကို မည်သူမျှ မလုယက် မဖျက်ဆီးနိုင်ပုံများမှာ…..

ကုသိုလ်၏ သဘောလက္ခဏာများမှာ အပြစ်မရှိခြင်း ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိသည်ဟု ဆိုသောကြောင့် ကုသိုလ်မှန်လျှင် အပြစ်မရှိ၊ကောင်းကျိုးကိုသာ မုချပေးကြောင်း အလွန်ထင်ရှားလှပါတယ်။ ကုသိုလ်သည် အကျဉ်းချုံးအားဖြင့် လောကီကုသိုလ် လောကုတ္တရာကုသိုလ်ဟု

 နှစ်မျိုးရှိပါတယ်။

ထို့ပြင် ကာမာဝစရကုသိုလ်၊ရူပါဝစရကုသိုလ်၊အရူပါဝစရကုသိုလ်၊
မဂ်ကုသိုလ်သည်ဟုလည်းရှိပြန်ပါတယ်။မည်သို့ ပင်အမည်များစေကာမူ လောကီကုသိုလ်၊လောကုတ္တရာကုသိုလ် (၂)မျိုးသာရှိတာပါ။လောကီကုသိုလ်ဖြစ် ဖြစ်၊လောကုတ္တရာ
ကုသိုလ်ဖြစ်ဖြစ် နည်းနည်းပြုလျှင် နည်းနည်းအကျိုးခံစားရမည်။များများပြုလျှင် များများ အကျိုးခံစားရမည်သာဖြစ်ပါတယ်။

သံသရာကျင်လည်နေကြရသည့် အခိုက်မှာလည်း လောကီစည်းစိမ်ချမ်းသာ ခံစားနေကြနိုင်သူဟူသမျှဟာ ဒါနစသော ကုသိုလ်များကို ပြုခဲ့ကြသူများသာဖြစ်၍ ယခုကဲ့သို့ ချမ်းသာအမျိုးမျိုးတို့ကိုခံစားနေကြရကြောင်း ထင်ရှားလှပါတယ်။ လောကုတ္တရာဘက်မှာလည်း ထို့အတူပင်။နောက်ဆုံးမှာ ဒုက္ခအမျိုးမျိုးတို့၏ ကုန်ရာဖြစ် သော နိဗ္ဗာန်ချမ်းသာကြီးကို ခံစားရခြင်း အကျိုးထူးမှာလည်း လောကုတ္တရာကုသိုလ်ပြုသူများသာဖြစ် ကြပါ တယ်။မြတ်စွာဘုရားကလည်း သတ္တဝါတို့ချမ်းသာရာ အားကိုးရာအစစ်ဖြစ်တဲ့ ကုသိုလ်များကိုသာ များများ ပြုကြရန် ဒေသနာတော်များစွာပင် ဟောကြားညွှန်ပြ

ဆုံးမတော်မူခဲ့ပေတယ်။

ထို့ပြင် လောက၌ ရွှေ ငွေ စသောအဘိုးတန် ရတနာအမျိုးမျိုးတို့ကို မည်မျှပင် လုံခြုံအောင် သိမ်းဆည်း ထားစေကာမူ ရန်သူမျိုး(၅)ပါး တို့ကြောင့် တစ်နည်းနည်းအားဖြင့် ပျက်စီးကုန်ဆုံးကြရသည်သာ ဖြစ်ပါတယ် ထိုသို့ လုံခြုံမှုမရှိ ပျက်စီးခြင်းကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ခုဒ္ဒကပါဌ် နိဓိကဏ္ဍသုတ်မှာဟောတော် မူခဲ့ပါတယ်။လုံခြုံလှပြီ စိတ်ချရပြီဟု မြှပ်နှံထားသော ပစ္စည်းများသည် မြှပ်နှံရာနေရာမှ ရွေ့လျောပျောက်ဆုံး တတ်တယ်။ပစ္စည်းမြှပ်ရာ နေရာ အမှတ်သညာသော်လည်း မေ့တတ်တယ်။


နဂါးများ၊နတ်များလည်း
၊ရွှေ့ထား တတ်တယ်။ခိုးယူတတ်တယ်။ မချစ်သည့် အမွေခံဆိုးစသော သူတို့သည်လည်း မမြင်ကွယ်ရာ မကြည့်ရှုနိုင် သောအခါ ဘုန်းကံနည်းပါးသော အခါမှာ တူးဖော်ယူငင်တတ်ကြတယ်။ ဖြေကြားခဲ့သော နည်းများစွာတို့မှ တစ်ပါးပါးဖြင့် မြှပ်နှံသိုမှီးထားသော ဥစ္စာပစ္စည်းများသည် အချည်းအနှီး ပျောက်ပျက်တတ်ပါတယ်။

ဤဟောတော်မူသော ဒေသနာတော်အရ မိမိတို့၏ ပစ္စည်းဥစ္စာများ ရတနာများ မည်မျှပင်လုံခြုံအောင် သိုမှီး မြှပ်နှံထားသော်လည်း ပျက်စီးတတ်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူတာပါ။


အဘယ်သို့ မြှပ်နှံမှ လုံခြုံ စိတ်ချရမည်နည်းဟု မေးရန်ရှိလာသည့်အတွက် မြတ်စွာဘုရားက ဆက်လက်ပြီး ယခုဘဝမှစ၍ ဖြစ်လေရာ ဘဝတို့၌ ယူဆောင်သွားနိုင်သော ဒါန သီလ သမာဓိ ပညာ ဟူသော အနုဂါမိက ပစ္စည်းများကို သိုမှီးသိမ်း ဆည်း မြှပ်နှံရမည်ဟု ဟောတော်မူခဲ့ပါတယ်။ အခြားသော လောကီပစ္စည်း အဘိုးတန် ရတနာတွေကို မည်မျှပင် လုံခြုံအောင် သိုမှီးသိမ်းဆည်းထားနိုင်စေကာမူ ယခုဘဝအတွက် ခံစားသုံးဆောင်နိုင်တာပါ။ 

ဘဝပြောင်းသွားရရင်တော့ ဘာပစ္စည်းတစ်ခုကိုမှ ပါအောင်ယူမသွားနိုင်ကြပါ။သို့အတွက် အနုဂါမိက ပစ္စည်းမည်သည် သူတစ်ပါးနှင့် မဆက်ဆံခြင်း၊ခိုးသူစသည်တို့ မဖျတ်ဆီးနိုင်ခြင်းဟူသော ဂုဏ်နှင့် ပြည့်စုံ ပါတယ်။ယခုလောကအမြင်အားဖြင့် လိုသမျှ တောင့်တသမျှ လောကီ ကျက်သရေ မင်္ဂလာအမျိုးမျိုးတို့နှင့် ပြည့်စုံကြရသည်မှာလည်း အနုဂါမိက ပစ္စည်းမှ ထုတ်ယူသုံးစွဲနေကြရခြင်း၊ခံစားကြရခြင်းဖြစ်သည်ဟု ဆိုရ ပေမည်။

အချုပ်အားဖြင့် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ နိဗ္ဗာန်ချမ်းသာကြီးဟု ဆိုအပ်သော ချမ်းသာခြင်း လေးပါးနှင့် ဧကန်ပြည့်စုံနိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။သို့အတွက် မည်သူမဆို ခိုးသူစသော ရန်သူ မျိုးငါးပါးတို့သည် လုယူဖျတ်ဆီးနှိပ်စက်ခြင်း မပြုနိုင်သည့်ပြင် သွားလေရာ ရောက်လေရာ ဘဝတို့ကို ယူဆောင်သွားနိုင်တဲ့ ဒါန သီလ သမာဓိ ပညာဟူသော ကုသိုလ်ကောင်းမှု အနုဂါမိကပစ္စည်းများကိုသာ သိုမှီးသိမ်းဆည်းပြုကြရန်တိုက်တွန်းလိုက်ရပါသည်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။



အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) ဖေ့ဘုတ်မှ ကူးယူမျှဝေသည်။

No comments:

Post a Comment