Pages

Saturday, February 1, 2014

*** သုရာမေရယကံ၏ အကျိုးများ ***



မူးယစ်စေတတ်သော အရည်ဆေးဝါးမှန်သမျှကို ကျန်းမာရေးအတွက် မဟုတ်ဘဲ သောက်သုံးသောသူသည် သုရာမေရယကံပျက်၏။ ကာမေသုမိစ္ဆာစာရကံကဲ့သို့ ဤသီလသည် အပြစ်ကြီးသော မိစ္ဆာစာရတစ်မျိုးဖြစ်သည်ဟု ကျမ်းဂန်တို့၌ ပြဆိုထားပါသည်။ ထို့ကြောင့် ဤသီလကို ကျုးလွန်ခြင်းမှာ အပြစ်ကြီးသည်ဟု တစ်ထစ်ချမှတ်ယူ၍ ရပါသည်။
သို့သော် မည်မျှလောက် အပြစ်ရှိသည်ကို ထပ်မံ၍ စစ်ဆေးကြည့်လျှင် ယခုခေတ်၌ အချို့သော ဆေးရည်ဆေးဝါးများတွင် မထင်မရှား အရက်ပါတတ်ပါသည်။ သုရာမေရယသိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌သေရည် အနည်းငယ်မျှ ခတ်၍ချက်ရာဝယ် သေရည်အနံ့မထင်ရှားလျှင် ထိုဟင်းကို သံဃာတော်များပင် သုံးဆောင်ကောင်းသည်ဟု မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါသည်။



ထို့ကြောင့် 
(၁)မထင်မရှား အရက်ပါသောဟင်းများကို စားသောက်မှု၊ 
 
(၂)မလွဲသာ၍ ဆေးဝါးအဖြစ် အနည်းအကျဉ်းသောက်သုံးမှု၊ 
 
(၃)တကယ့်ကို အရက်သီးသန့် သောက်သုံးမှုဟု 
(၃)မျိုးရှိသည်ကို တွေ့ရှိရပါသည်။
ထို့တွင် ပထမဦးဆုံးအချက်သည် အပြစ်မရှိပါ။ ဒုတိယအချက်သည် အရက်စစ်ဖြစ်လျှင် ဤသီလပျက်၏။ သို့သော် အပြစ်ကြီးလှသည် မဟုတ်ပါ။ နောက်ဆုံးအချက်သည် သောက်ပြီး သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင်လုပ်မှု၊ စိတ်အနှောက်အယှက်ဖြစ်အောင်လ
ုပ်မှု၊ ပတ်ဝန်းကျင်နှောက်ယှက်မှု၊ မူးယမ်းပြီး အော်ဟစ်နေမှုစသော အပြစ်တစ်စုံတရာ မလုပ်ဘဲနေပါက ဤသီလပျက်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်ရန် မေ့လျော့မှု၊ စီးပွားပျက်မှု၊ အိမ်ထောင်ရေးပျက်စီးမှုစသော မျက်မှောက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

တစ်ချို့သောသူများက အရက်သောက်ပြီး သူတစ်ပါးကို မနှောက်ယှက်လျှင် အပြစ်မရှိမှုဟု မှတ်ထင်နေကြပါသည်။ အပြစ်ရှိပါသည်။ ထိုအပြစ်များမှာ ကုသိုလ်ကောင်းမှုမလုပ်ဖြစ်သေ
ာအပြစ်၊ ဉာဏ်ထိုင်သောအပြစ်၊ စီးပွားရေးထိခိုက်စေသောအပြစ်၊ အိမ်ထောင်ရေး အဆင်မပြေနိုင်စေသောအပြစ်အစရှိသော အပြစ်တို့ ရရှိပါသည်။
ထို့ပြင် ဤသီလကို ကျုးလွန်ပြီးနေသောသူသည် မျက်မှောက်ဘ၀၌ အထက်၌ဖော်ပြခဲ့သော သူတစ်ပါးမထိခိုက်အောင် နေနိုင်သောသူမှလည်း ထိုသို့သောအပြစ်များရရှိသည်
ကို ထောက်ဆလျှင် သူတစ်ပါးထိခိုက်အောင် ပြုလုပ်သောသူသည် ပို၍ပင် အပြစ်များရရှိမည်ကို မှန်းဆကြည့်လျှင် သိနိုင်ပေလိမ့်မည်။
ထို့ကြောင့် ကျုးလွန်သောသူသည် အသိဉာဏ်ကင်းမဲ့ပြီး မူးမိုင်းနေသောကြောင့် အထက်ပါလေးပါးသောသီလတို့ကို ကျုးလွန်မိရန် လွယ်ကူသည်ဟု ပြောဆိုသောစကားမှာ မှန်ကန်ကြောင်း သိသာထင်ရှားလှပါသည်။

ဤနေရာ၌ စာရေးသူ ကြားဖူးသော ပုံပြင်လေးတစ်ခုကို အမှတ်ရ၍ ရေးသားတင်ပြချင်ပါသည်။ အရက်သမားတစ်ယောက်ကို မိဘများက အရက်မသောက်အောင် ဘယ်လိုမှသွန်သင် ချော့မော့ပြီး ပြောဆိုမရသောကြောင့် ဘုန်းကြီးတစ်ပါးထံ အရက်ပျက်အောင် ကျောင်းမှာထားပြီး ဆုံးမခိုင်းသော်လည်း အရက်သမားသည် အရက်မပျက်ခဲ့ပါပေ။


တစ်နေ့သောအခါ အရက်သမားသည် သူ၏သူငယ်ချင်းများနဲ့ အရက်ဝိုင်းမှာ အမြည်းမျိုးစုံဖြင့် ၀ိုင်းဖွဲ့ကြနေချိန်တွင် အနားမှလမ်းဖြတ်သွားသောအရူးက
ို အရက်သောက်ရန် လှမ်းခေါ်သောအခါ အရူးက “အရင်က အမူးတောင် မပြေသေးဘူး၊ နောက်ထပ် မမူးချင်တော့ပါဘူး“ဟု ပြန်ပြောလိုက်ပါသည်။ “အရူးပြောသည့် အဓိပ္ပါယ်က အရင်ဘ၀က အရက်သောက်ခဲ့တဲ့ ဆိုးကျိုးကြောင့် ယခုဘ၀မှာ အရူးဖြစ်နေရတယ်။ ဒီဘ၀မှာ ထပ်သောက်ရင် နောင်ဘ၀မှာလည်း ထပ်ရူးနေမှာပေါ့လို့ ပြောဆိုခြင်းဖြစ်ပါသည်“။

မိဘဆရာသမားများ ဆုံးမသွန်သင်၍ အရက်မပျက်ခဲ့သော အရက်သမားသည် အရူးသမား ချွတ်လိုက်သောအခါ ထိုအချိန်မှစ၍ အရက်ကို လုံးဝမသောက်ဘဲ အရက်ပျက်သွားခဲ့ပါသည်။

အထက်၌ ဖော်ပြခဲ့သော အပြစ်များသည် မျက်မှောက်ဘ၀၌ ရရှိသောဆိုးကျိုးများသာ ဖြစ်ပါသည်။

ဤသီလကို ကျုးလွန်သောသူများသည် ဖြစ်လေရာဘ၀တို့၌......

 
၁။ သတိကင်းလွတ်ခြင်း။
 
၂။ အရှက်မရှိခြင်း။
 
၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။
 
၎။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။
 
၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။
 
၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊
 
၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ် မပြည့်ခြင်း။
 
၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။
 
၉။ နောင်ဘ၀တို့၌ အရူးဖြစ်ရခြင်း။
 
၁၀။ သေရည်အရက်သောက်မှု များပြီး ကုသိုလ်ကောင်းမှုမလုပ်ဘဲ သေပါကနောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက်ခြင်း။
 
စသောဆိုးကျိုးများကိုခံစားရပါသည်။ စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရပြီးထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော
 ကောင်းကျိုးချမ်းသာများကို ခံစားရပါသည်။

ထို့ကြောင့် အရက်သောက်ခြင်းသည် မျက်မှောက် တမလွန်တို့၌ မကောင်းသောဆိုးကျိုးတို့ကို
သာ ခံစားရ၍ လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါသည်။

ရေးသားသူ- တက္ကသိုလ်နန္ဒ


မေတ္တာဖြင့်ဝေမျှသူ

No comments:

Post a Comment