Pages

Friday, February 14, 2014

*** ဘုရားအလောင်းတော်ခန္တီပါရမီဖြည့်ကျင့်ပုံ ****



ဘုရားအလောင်းတော်ခန္တီပါရမီဖြည့်ကျင့်ပုံ
*********************************
ငါ့အပေါ်၌လူမိုက်တို့ ပြုလုပ်လာသောစော်ကား
မူကိုငါကပြန်၍ တုန့်ပြန်မူပြုလျှင် ငါလဲထိုသူကဲ့သို့


မိုက်မဲသူသာ ဖြစ်ပေမည်ဟု ကြံစည်၍ ဒေါသမ
ထွက်စိတ်ပျက်အားငယ်မူမရှိပဲ

စိတ်အေးအေးနှင့် မိမိကအလျှော့ပေး အနစ်နာခံ
လိုက်ခြင်းကို ခန္တီပါရမီ ဖြည့်သည်ဟုခေါ်သည်

ဘုရားအလောင်းတော်သည် အများအကျိုးသယ်
ပိုးဆောင်ရွှက်ရာ၌ ခေါ်င်းဆောင်ရသော ဘ၀တိုင်း
သည်းခံခြင်း ခန္တီပါရမီကို ဖြည့်ကျင့်ခဲ့သည်

မျောက်မင်းဘ၀ တခုသည်ကား ခန္တီပါရမီ ဖြည့်ကျင့်မူနှင့် စပ်၍မှတ်သားဖွယ်ရာ
ကောင်းလှသည်

ဘုရားအလောင်းတော်သည် တခါက အားကောင်း
သောမျောက်မင်းဖြစ်၏ ဒေ၀ဒတ်လောင်း
ပုဏ္ဍားတဦးသည် သစ်ပင်တက်ရာ၌ သစ်ကိုင်း
ကျိုး၍ ချောက်ထဲကျသွား၏

ငိုယိုမြည်တမ်းနေသော ထိုပုဏ္ဍားကို မျောက်မင်း
တွေ့၍ချောက်ထဲမှ ကယ်တင်လေသည်

ထို့နောက်မောပန်းသဖြင့် ထိုပုဏ္ဍား၏ ပေါင်ပေါ်
ခေါင်းအုံးကာ အိပ်ပျော်သွားခိုက် ပုဏ္ဍားမိုက်သည်
ကျေးဇူးတရားကို မထောက်ထားပဲ မျောက်မင်း
အသားကို စားလို၍ ဦးခေါင်းကိုကျောက်ခဲဖြင့်
ထုရိုက်လေသည်

မျောက်မင်းလန့်နိုးကာ ချက်ချင်းသစ်ပင်ပေါ်သို့
ခုန်တက်ပြေးရ၏ ထိုရန်သူ ပုဏ္ဍားမိုက် တောထဲ
မှာမျက်စိလည်လမ်းမှားကာ သေရှာမည်ကိုလဲ
စိုးရိမ်၏

အောက်သို့လဲ မဆင်းဝံ့ သစ်ပင်ချင်းခုန်ကူးကာ
ဦးခေါင်းမှကျသော သွေးစက်များကို ခြေရာခံ၍
လိုက်ပါရန်မှာကြားလျှက် လူသွားလမ်းအရောက်
လမ်းပြပို့ဆောင်ပေးခဲ့လေသည်

တုနှိုင်းဖွယ်ရာမမှီတဲ့ သူတော်ကောင်းတို့၏
သည်းခံခွင့်လွှတ်နိုင်သော ခန္တီပါရမီပါတကား

ဗုဒ္ဓဘာသာတရားတော်အခြေခံအဆင့်စာအုပ်မှ

No comments:

Post a Comment