Pages
▼
*** “ ရေချိုးပေးပါ ” ***
“ ရေချိုးပေးပါ ”
==========
* အမိဝမ်းမှ ကျွတ်လွတ်စတွင်
ငါ့ရုပ်ခန္ဓာ၊ မသန့်ပါ၍
ဦးစွာပထမ၊ ရေချိုးရ၏။
* ထိုမှတစ်ဆင့်
ကြီးရင့်၍လာ၊ ဤချိန်ခါထိ
ငါသည် ရေချိုးနေရဆဲ။
* ဤမျှမပြီး၊ ဇရာစီး၍
ခရီးလမ်းဆုံး၊ အသက်သုဉ်းလျှင်
နောက်ဆုံး ရေချိုးရဦးမည်။
* သြော်......
ငါ့ရုပ်ခန္ဓာ၊ အဖြေရှာ၍
သေချာစေ့ငု၊ သတိပြုမှ
အသုဘကြီး ပါတကား။ ။
{အသျှင်ပ၀ရ(ရန်ကင်းတောင်) }
No comments:
Post a Comment