Pages

Saturday, February 8, 2014

**လေးစားဖွယ်ရာ ကျွန်းလင်္ကာ**

 
          ယခုမိမိတို့ စာပေသင်ကြားနေရာ သီရိလင်္ကာနိုင်ငံသည်
ဗုဒ္ဓဘာသာနိုင်ငံတို့အတွက် လေးစားဖွယ်ရာ၊ အတုယူဖွယ်ရာ၊ဂုဏ်ယူဖွယ်ရာကောင်းသော
စံပြနိုင်ငံတစ်နိုင်ငံပင်ဖြစ်ပါတယ်။

အဘယ့်ကြောင့်ဆိုသော် သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ပိုင်း

ထေရ၀ါဒ ဗုဒ္ဓသာသနာတော်အား ကမ္ဘာ့သို့ဖြန်ချီသာသနာပြုရာတွင် ဦးသျှောင်နိုင်ငံဖြစ်သကဲ့သို့၊

အမျိုးဘာသာ၊သာသနာတော်နှင့်ပတ်သက်လျှင်

ဆရာ-ဒကာ၊အစိုးရ၊ပြည်သူ၊နိုင်ငံရေးအဖွဲ့၊ဘာသာရေးအဖွဲ့အစည်း
အားလုံးတို့သည်

အခြားနေရာ၌ မည်မျှပင် သဘောထားကွဲကွဲ အမျိုးဘာသာ သာသနာတော်နှင့် ပတ်သက်လာပါက

လွန်စွာညီညွတ်ကြသည်၊ စည်းလုံးကြသည်။

နိုင်ငံရေးအဖွဲ့ပါတီအသီးသီးတို့သည် အစိုးရအခက်တွေ့ပြီးရောဆိုပြီး အစိုးရကို

အပြစ်မဖို့(၀ါ)သူခိုးဓါးရိုးမကန်းကြပဲ အစိုးရအား

ထောက်ခံပေးသည်၊ကာကွယ်ပေးသည်၊အော်....အားကျ၊လေးစား
အတုယူဖွယ်ပါတကား၊ယခုလဲ

မနက်ဖြန်တွင်ကျရောက်မည့် အစ္စလာမ်ဘာသာဝင် မူဆလင်တို့၏ တိရိစ္ဆာန်တို့အား စ

ာနာသနား၊ညှာတာထောက်ထား၊စဉ်းစားဆင်ကြင်ဝေဖန်
သုံးသတ်ခြင်းအလျဉ်းမရှိပဲ

ရက်စက်စွာခေါင်းဖြတ်ခြင်းတည်းဟူသောရက်ဆိုးကို သီရိလင်္ကာနိုင်ငံ၏ ဘာသာရေးရက်တခုနှင့်

တိုက်ဆိုင်နေသောကြောင့် နိုင်ငံအတွင်ရှိ အစ္စလာမ်ဘာသာဝင် မူဆလင်တို့အား မည်သ

ည့်တိရိစ္ဆာန်ကိုမှ သတ်ဖြတ်ခြင်း၊ညှင်းဆဲခြင်းမပြုလုပ်ရန် အမိန့်ထုတ်ပြန်လိုက်ပါသည်။

ထို့သို့အစိုးရ၏ အမိန့်ထုတ်ခြင်းကို နိုင်ငံရေးပါတီအားလုံးမှ တညီတညွှတ်တည်းထောက်ခံကြသည်။

မူဆလင်တို့လည်း အစိုးရအားမကျေနပ်ဘူးစသည်ဖြင့် လုံးဝမှလေသံမဟရဲ အကြောင်းမှာ

အစိုးရများ၊နိုင်ငံရေး၊ဘာသာရေး၊လူမှုရေးစသော အဖွဲ့အစည်းအားလုံးသည်

အစိုးရနှင့်လက်တွဲကာအမျိုးဘာသာ၊သာသနာအတွက် စည်းလုံးညီညွတ်စွာဖြင့်

တစ်စိတ်တစ်ဝမ်းတည်းရှိကြခြင်းနှင့် အမျိုးဘာသာသာသနာအတွက် ကာကွယ်ရေးဥပဒေများက

အပြည့်အ၀အကာအကွယ်ပေးပြဋ္ဌာန်းထားသောကြောင့်ပင်တည်း။

မူဆလင်တို့က အော်မည်ဆိုပါကလည်း မူဆလင်နိုင်ငံတို့တွင် တခြားဘာသာဝင်များအား

တင်းကျပ်စွာတားမြစ်ထားသော မူဆလင်ဥပဒေများအား ထောက်ပြဝေဘန်လေ့ရှိတာကြောင့်

မည်သည့် မူဆလင်မှ ပြည်တွင်ရော၊ပြည်ပပါ အသံမထွက်ရဲကြပေ။

မိမိတို့၏အမိနိုင်ငံတော်အားလည်း သီရိလင်္ကာနိုင်ငံကဲ့သို့ အမျိုးဘာသာ၊သာသနာတော်နှင့်

ပတ်သက်လာပါက ညီညွတ်စေချင်သည်၊စည်းလုံးစေချင်သည်၊ကာကွယ်မှုပေးစေချင်သည်။

အမျိုးစောင့်၊ဘာသာစောင့်ဥပဒေများအားပြဋ္ဌာန်စေချင်လှပါသည်။

ဒီအတိုင်းသာဆက်သွားနေအည်ဆိုပါက အမိမြန်မာပြည်၏ ရှေ့ရေးကားမတွေးရဲစရာပင်

သီရိလင်္ကာသည် မြန်မာနိုင်ငံမှ `ပဲခူးတိုင်း´တစ်တိုင်းစာလောက်ပဲ အကျယ်အ၀န်ရှိသည်

မြန်မာနိုင်ငံလို ရွှေလည်းမထွက်၊ရေနံ့လည်းမရှိ၊
ကျောက်သံပတ္တမြားလည်းနတ္ထိ၊

သို့သော်……

``အမျိုးဘာသာ၊သာသနာအတွက် ကာကွယ်ရဲသော၊စွန်လွတ်ရဲသော၊အနစ်နာခံရဲသော သတ္တိကား

အပြည့်ပင်ရှိ၏``

(စည်းလုံးကြပါရွှေမြန်မာ၊ ညီညွတ်ကြပါ ဒို့မြန်မာ)

`အမျိုးသားရေးသတိ၊ ဘာသာရေးသတိ၊ ကိုယ်စီရှိနိုင်ကြပါစေ`

No comments:

Post a Comment