Pages

Monday, February 17, 2014

***** ကိုယ့်စိတ်ကိုကိုယ်သိတယ်ဆိုတာ *****

Photo: ကိုယ့်စိတ်ကိုကိုယ်သိတယ်ဆိုတာ
************************
ကိုယ့်စိတ်ကိုကိုယ်သိတယ်ဆိုတာဟာ
လူသားရဲ့ အင်မတန်ထူးခြားတဲ့ အရည်အသွေးတစ်မျိုးဖြစ်တယ်။
   တိရစ္ဆာန်တွေမှာအဲဒီလိုစွမ်းရည်မျိုးမရှိ
ဘူး။အမှန်ပြောရမယ်ဆိုရင်၊ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့အမြင့်မြတ်ဆုံးစွမ်း
ရည်ဖြစ်ပါတယ်။
       ကိုယ့်စိတ်ကို  ကိုယ်သိတယ်ဆိုတာ
ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေ
ထွက်လာဖို့ အဓိကအကြောင်းဖြစ်တယ်။
     ဒီတစ်ခုကိုမှမလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့အခြားအရည်အချင်းတွေ 
ထွက်မလာနိုင်ဘူး။
     ကိုယ့်မှာရှိတဲ့အကောင်းဆုံးစိတ်ထားတွေ
အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့
ဆိုရင် ကိုယ့်စိတ်ကို  ကိုယ်သိပြီးနေတဲ့
အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမဲ့
အလုပ်ဖြစ်တယ်။
      ဒါ့ကြောင့်အချိန်ရသလောက် သတိရ
တိုင်း ကိုယ့်စိတ်ကိုကိုယ် ကြည့်ပြီးတော့
ဘာတွေတွေးနေသလဲ
ဘာတွေခံစားနေသလဲ
အခုလုပ်နေတာ ပြောနေတာတွေဟာ
ဘာကိုတန်ဖိုးထားပြီးလုပ်နေသလဲ
ပြောနေတာလဲဆိုတာကို
မကြာမကြာဆန်းစစ်ကြည့်ဖို့လိုပါတယ်။
    ဘက်လိုက်ထာမပါပဲနဲ့ မိမိကိုယ်ကို
ရိုးရိုးသားသားကြည့်ပြီးတော့ အမှန်အတိုင်း
သိနိုင်တယ် ဆိုတဲ့ဒီအရည်အချင်းက တကယ်  စစ်မှန်တယ်ဆိုတဲ့စေတနာနဲ့ 
လူတွေအပေါ်မှာဆက်ဆံဖို့ လိုအပ်တဲ့
အရည်အချင်းဖြစ်တယ်။
      ကိုယ့်စိတ်ကို  ကိုယ်ရိုးရိုးသားသားမှ
မကြည့်နိုင်ရင်၊ကိုယ့်ကိုကိုယ် ညာပြီဆိုရင်
သူများကိုလည်းညာမယ်ဆိုတာသေချာသ
လောက်ဖြစ်နေပြီ။
    ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ
အကောင်းဆုံးအသိဥာဏ်တွေထွက်လာဖို့
အဓိက အခြေခံ လုပ်ရမဲ့ စိတ်အလေ့အကျင့်
လေးကို  လုပ်ဆောင်ကြပါစို့။    ။
(ဆရာတော် ဦးဇောတိက. ၏ ဘာကိုတန်ဖိုးထားရမလဲ  မှကောက်နှုတ်
ပူဇော်ပါသည်။)  

ကိုယ့်စိတ်ကိုကိုယ်သိတယ်ဆိုတာ
************************

ကိုယ့်စိတ်ကိုကိုယ်သိတယ်ဆိုတာဟာလူသားရဲ့ အင်မတန်ထူးခြားတဲ့
 အရည်အသွေးတစ်မျိုးဖြစ်တယ်။
တိရစ္ဆာန်တွေမှာအဲဒီလိုစွမ်းရည်မျိုးမရှိဘူး။အမှန်ပြောရမယ်ဆိုရင်၊
ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့အမြင့်မြတ်ဆုံးစွမ်း
ရည်ဖြစ်ပါတယ်။

ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေထွက်လာဖို့ အဓိကအကြောင်းဖြစ်တယ်။
ဒီတစ်ခုကိုမှမလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့အခြားအရည်အချင်းတွေ
ထွက်မလာနိုင်ဘူး။

ကိုယ့်မှာရှိတဲ့အကောင်းဆုံးစိတ်ထားတွေ
အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိပြီးနေတဲ့အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမဲ့အလုပ်ဖြစ်တယ်။

ဒါ့ကြောင့်အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကိုကိုယ် ကြည့်ပြီးတော့ဘာတွေတွေးနေသလဲဘာတွေခံစားနေသလဲ
အခုလုပ်နေတာ ပြောနေတာတွေဟာဘာကိုတန်ဖိုးထားပြီးလုပ်နေသလဲ
ပြောနေတာလဲဆိုတာကိုမကြာမကြာဆန်းစစ်ကြည့်ဖို့လိုပါတယ်။

ဘက်လိုက်ထာမပါပဲနဲ့ မိမိကိုယ်ကိုရိုးရိုးသားသားကြည့်ပြီးတော့ အမှန်အတိုင်းသိနိုင်တယ် ဆိုတဲ့ဒီအရည်အချင်းက တကယ် စစ်မှန်တယ်ဆိုတဲ့စေတနာနဲ့
လူတွေအပေါ်မှာဆက်ဆံဖို့ လိုအပ်တဲ့အရည်အချင်းဖြစ်တယ်။

ကိုယ့်စိတ်ကို ကိုယ်ရိုးရိုးသားသားမှမကြည့်နိုင်ရင်၊ကိုယ့်ကိုကိုယ် ညာပြီဆိုရင်သူများကိုလည်းညာမယ်ဆိုတာသေချာသလောက်ဖြစ်နေပြီ။

ကိုယ့်မှာရှိတဲ့အကောင်းဆုံးစိတ်ထားတွေအကောင်းဆုံး
အသိဥာဏ်တွေထွက်လာဖို့
အဓိက အခြေခံ လုပ်ရမဲ့ စိတ်အလေ့အကျင့်လေးကို လုပ်ဆောင်ကြပါစို့။ ။

(ဆရာတော် ဦးဇောတိက. ၏ ဘာကိုတန်ဖိုးထားရမလဲ မှကောက်နှုတ်
ပူဇော်ပါသည်။)

No comments:

Post a Comment