Pages

Monday, February 24, 2014

**** မိမိ၏ဒါနကို ဤပေတံနှင့် တိုင်းကြည့်ပါ ****

 Photo: မိမိ၏ဒါနကို ဤပေတံနှင့် တိုင်းကြည့်ပါ
*********************
" အတ္တနှင့်မာန လွှမ်းမိုးသော
စိတ်ဖြင့် ပြုလုပ်သော ကံဟူသမျှသည် မိမိတို့၏ အမြင်အရကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းမကောင်း။ မီးကိုအေားသည်ဟု ထင်မှတ်ပြီး ကိုင်သောအခါ တကယ်မအေးဘဲ ပူသည်ကိုသာ ခံစားရသကဲ့သို့ ဖြစ်၏။ ထို့ကြောင့် တကယ်တမ်း ကောင်းသောကံဟူသည် လောဘကို ပါးအောင် အတ္တနှင့်မာနကို ပါးအောင်လုပ်နိုင်သော ကံသာဖြစ်၏။ ယင်းကံသည်သာ တကယ်တမ်း ကောင်းကျိုးကို ဖြစ်စေပါ၏။"

" ထို့ကြောင့် မိမိ၏ အမြင် မိမိ၏ အသိ မိမိ၏ ကံသည် တကယ်တမ်း ကုသိုလ်ဟုတ်သည်။ မဟုတ်သည်ကို သိလိုပါက မိမိသန္တာန်၌ လောဘ ဒေါသ မောဟတို့ ပါး မပါးဖြင့် စီစစ်ကြည့်ရ၏။ လောဘ ဒေါသ မောဟတို့ ပါးလျှင် ကုသိုလ်ဟုတ်၏။ မပါးလျှင် မဟုတ်သေး။ 

တစ်နည်းအားဖြင့် ဆိုရလျှင် အထင်မှန်ဖြင့် ကုသိုလ်ကို စစ်၍မရ။ တကယ်အမှန်ဖြင့်သာ ကုသိုလ်ကို စစ်ရ၏။ 

တကယ်မှန်ဟူသည်ကား မိမိ၏သန္တာန်၌ လောဘ ဒေါသ မောဟ စသော အကုသိုလ်များပါးပြီး မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာစသော ကုသိုလ်များပွားခြင်း ဖြစ်၏။

ဤသို့စီစစ်ရ၏,

ဆရာကြီး-ဦးရွှေအောင်
မိမိ၏ဒါနကို ဤပေတံနှင့် တိုင်းကြည့်ပါ
/////////////////////////////////////////

No comments:

Post a Comment