Pages

Saturday, February 1, 2014

*** မုသာဝါဒကံ၏ အကျိုးများ ***




သူတစ်ပါး၏ အကျိုးစီးပွားကို ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုဟူသမျှသည် ဆိုးကျိုးရစေနိုင်သော ကံမြောက်သည့်မုသာဝါဒ ဖြစ်ပါသည်။ နှုတ်ဖြင့်မပြောဘဲ ကိုယ်အမှုအရာဖြင့် လိမ်ညာလျှင်လည်း မုသာဝါဒပင် ဖြစ်ပါသည်။
သူတစ်ပါး၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ တစ်စုံတစ်ယောက် အကျိုးရစေလို၍ ပရိယာယ်သုံး၍ပြောဆိုခြင်း၊ အမှားကိုအမှန် သိစေလို၍ ပြောဆိုခြင်း၊ ဂုဏ်ပြုလို၍ ပြုမှုပြောဆိုခြင်းများမှာလည်း မုသာဝါဒပင် ဖြစ်ပါသည်။

 
သို့သော်လည်း သူတစ်ပါး၏ အကျိုးစီးပွားကို မပျက်စီး မထိခိုက် ဆိုးကျိုးရစေနိုင်လောက်အောင် မပြုလျှင် ကံမမြောက်၍ အပြစ်နည်းပါသည်။ ထိုသို့အပြစ်နည်းသော်လည်း ဤသီလကို လုံခြုံအောင် စောင့်ထိန်းသင့်ပါသည်။ လူသားတို့သည် အများအားဖြင့် “မုသားမပါ လင်္ကာမချော”ဟူသောစကားကို လက်သုံးစကားအဖြစ် ပြောဆိုပြီး မုသာဝါဒကံကို အလွယ်တကူဖြင့် ကျုးလွန်နေကြသည်ကို တွေ့ရှိရပါသည်။ ထိုစကားသည် လိမ်နေကြလူတို့ ပြောဆိုနေသော စကားသာ ဖြစ်ပါသည်။

မြတ်စွာဘုရားသည်ပင် သစ္စာဆိုသည့်အမှန်တရားကို ရရန်အတွက် ပါရမီဖြည့်သောအခါ ဤမုသာဝါဒကို လုံးဝရှောင်ကြဉ်ခဲ့ရပါသည်။

သူတစ်ပါးအကျိုးစီးပွားပျက်စ
ီးအောင် လိမ်ညာပြောဆို လှည့်ပတ်မှုမှန်သမျှကို ပြုလုပ်ခဲ့သောသူသည် သေသောအခါ၌.......
 
၁။ အပါယ်ဘုံသို့ရောက်ရခြင်း။
 
၂။ မျက်စိနားစသော ဣနြေ္ဒများ မကြည်လင်ခြင်း။
 
၃။ စကားမပီခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း။
 
၎။ သွားမညီခြင်း။
 
၅။ ပါးစပ်အနံ့ပုပ်ခြင်း။
 
၆။ အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း။
 
၇။ ကိုယ်ခန္ဓာအချိုမကျခြင်း။
 
၈။ သူတစ်ပါးအပေါ် သြဇာအာဏာမညောင်းခြင်း။
 
၉။ နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြောဆိုတတ်ခြင်း။
 
၁၀။ စိတ်ကြည်လင်မှုမရှိခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။

စောင့်ထိန်းလိုက်နာသောသူသည်
သုဂတိဘုံသို့ ရောက်ရှိရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။

ရေးသားသူ- တက္ကသိုလ်နန္ဒ


မေတ္တာဖြင့်ဝေမျှသူ
 

No comments:

Post a Comment