Pages

Thursday, February 27, 2014

"ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၇)

 Photo: "ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၇)
********************************

               တစ်ခါတုန်းက မက္ကဆီကိုက ဗုဒ္ဓဘာသာဖြစ်ကာစ၊
မက္ကဆီကိုနိုင်ငံဆိုတာ အားလုံးသိတြဲ့အတိုင်းပဲ ခရစ်ယာန်များတဲ့နိုင်ငံပဲ၊
အဲဒီမက္ကဆီကိုက ဗုဒ္ဓဘာသာဖြစ်စ လူ(၃၀)လောက် ဘုန်းကြီးတို့ဆီရောက်လာတယ်၊

ရောက်လာတဲ့အခါကျတော့ မန္တလေးက မဟာမြတ်မုနိဘုရားကြီး ၀င်ဖူးပြီးတော့ စစ်ကိုင်းရောက်လာတယ်၊
ခွင့်တောင်းတယ်၊ ဆရာတော်နဲ့တွေ့တုန်း မေးစရာရှိတာလေး မေးချင်ပါတယ်လို့၊ မေးပါလို့ဆိုပြီးတော့၊

အဲဒီလိုမေးတဲ့အထဲမယ် အမျိုးသမီးတစ်ယောက်က ဘာမေးတုံးဆိုရင်
"ဘုရားကြီး ၀င်ပြီးဖူးတဲ့အခါမှာ အမျိုးသမီးမ၀င်ရ ဆိုတဲ့ ဆိုင်းဘုတ် တွေ့လာတယ်တဲ့၊ ဗုဒ္ဓဘာသာက အဲဒီလို ခွဲခြားဆက်ဆံသလား"တဲ့၊
မကျေမနပ်မေးတယ်နော်၊

ရွှေတိဂုံဘုရားရဲ့ အလယ်ပစ္စယံ အမျိုးသမီးမတက်ရ ရှိတယ်မဟုတ်လားနော်၊

ကျိုက်ထီးရိုးကျတော့ တံတားကို အမျိုးသမီးမကူးရ ရှိတယ်လေ၊

အဲဒါ Guide တွေ ခဏခဏ ပြဿနာ တက်တယ်၊
နိုင်ငံခြားအမျိုးသမီးတွေကလည်း အင်မတန် စွာတာလေ မရဘူး၊ သူက ယောက်ျားရှေ့က နေချင်တာ၊
အဲတော့ ယောက်ျားတွေချည်း တစွက်စွက်ဝင်သွားပြီး တို့တော့ မ၀င်ရဘူးဆိုတော့ ဒါက တို့ကို သက်သက်နှိမ်တယ်လို့ စိတ်ထဲမှာ ဒီလို အောက်မေ့တယ်၊
အဲဒါ ဗုဒ္ဓဘာသာလားတဲ့ မေးတယ်၊

                ဘုန်းကြီးက သူတို့အကြောင်းတွေ သိထားတော့ 

"This is not Buddhism"
ဒါက ဗုဒ္ဓဘာသာအယူအဆ မဟုတ်ဘူး၊
ဗုဒ္ဓ၀ါဒ မဟုတ်ဘူး၊

"This is a tradition"
မြန်မာတို့ရဲ့ ဓလေ့ထုံးစံခေါ်တယ်လို့၊
ဒါ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့၊

ဒါ မြန်မာလူမျိုးတွေရဲ့ "tradition "လို့ ပြောတော့ ကျေနပ်သွားတယ်၊

သူတို့ကို guide လုပ်တဲ့လူတွေကို ပြောရတယ်၊ မင်းတို့ ရှည်ရှည်ဝေးဝေးတွေ လျှောက်မပြောနဲ့
guide လုပ်တဲ့လူက အမျိုးသမီးတွေ ဘုရားရှေ့မှာ မတော်လို့လို့၊ ထမီတွေနဲ့ ဘာဖြစ်လို့ ညာဖြစ်လို့ အဲဒီလိုတွေ မပြောနဲ့လို့၊

မင်း သူတို့ဆီမှာ ထမီ ခေါင်းပေါင်းပြီး ရေချိုးတဲ့ ယောက်ျားတောင် ရှိသေးတယ်လို့၊ တကယ်တွေ့ခဲ့တာ၊
သီဟိုဠ်မှာဆိုရင် သူတစ်လှည့် ကိုယ်တစ်လှည့် ၀တ်နေတာ၊ ထမီရယ် လုံချည်ရယ် ရှိတာမဟုတ်ဘဲ၊ ဘာမှမထူးဘူး၊

ခေါင်းအုံးပေါ်လည်း ခြေထောက်တင်တာပဲ၊ အဲဒီလူတွေ၊
အဲတော့ ခြေထောက်က နိမ့်ကျပြီး ခေါင်းက မြတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ၊ ခန္ဓာကိုယ်တစ်ခုလုံးဟာ တူတူပဲပေါ့။

                   သို့သော် ဗမာတွေ အယူအဆနော်၊ ခေါင်းရင်းဆိုရင် အမွန်အမြတ် ထားတယ်လေ၊ ခေါင်းရင်းကို ခြေထောက်ထားရင် အလွန် စိတ်ဆိုးမယ်၊ ဒါက tradition ပဲပေါ့၊ 

ခေါင်းမကိုင်နဲ့၊ ခေါင်းကိုင်ရင် မကြိုက်ဘူး၊
ထိုင်းလေးတွေဆိုရင် ခေါင်းသွားကိုင်ရင် ရန်သူပဲ၊

အဲဒါ သီဟိုဠ်တွေက ဘာရယ်မဟုတ်ဘူး၊ လူကိုချစ်လို့ရှိရင် ခေါင်းကိုင်တယ်၊

အဲဒီလိုမျိုးတွေ တစ်ဦးနဲ့ တစ်ဦး tradition တွေက မတူဘူး၊

ပြီးတော့ သီဟိုဠ်တို့ Chinese တို့က တစ်ခုခုပြရင် လက်နဲ့ မပြဘူး ခြေထောက်နဲ့ ပြတယ်၊
(ဗမာကျတော့ ဒါ အင်မတန် ရိုင်းတယ်) ဒါ သူတို့ tradition ပဲလို့ ကိုယ်က နားလည်လို့ရှိရင် ပြဿနာမဖြစ်ဘူး၊
"ဟာ ဒီကောင် ရိုင်းလှချည်လား"ဆို ရန်ဖြစ်ကြ၊ သူကလည်း ဘာရိုင်းမှန်း မသိဘူး၊
ရိုင်းလှချည်လားဆို၊ သူ့ကိုယ်သူလည်း ဘာရိုင်းမှန်းမှမသိတာ၊
သူလုပ်နေကျပဲ၊ ခြေထောက်နဲ့ ပြတယ်လေ၊ ဒါ သူ့ခြေထောက်အားလို့ ခြေထောက်နဲ့ ပြတာပေါ့၊ ကိုယ်အားတာ ကိုယ်လုပ်တာ၊ လက်နဲ့ခြေထောက် တူတူ ပိုင်တာပဲ၊ အဲဒီလို၊

သို့သော် tradition အရ ဒါတွေ ရိုင်းစိုင်းတယ်လို့ ယူဆတယ်၊
ယဉ်ကျေးတယ်လို့ ယူဆကြတယ်၊
အဲဒီလိုယူဆတာ။

                    သီဟိုဠ်ကျွန်း သွားကြည့်ရင် တရားနာပြီဆိုလို့ရှိရင် အမျိုးသမီးတွေက ဒူးတုပ်ပြီး မထိုင်နိုင်ဘူး၊ ဘာလုပ်တုန်း၊
ဘုန်းကြီးဘက် ခြေထောက်လေးတွေဆင်းပြီး ထိုင်ကြတယ်၊
အမျိုးသားတွေက ဒူးထောင်ပေါင်ကား ထိုင်ကြတယ်၊
အဲတော့ အမျိုးသမီးတွေထိုင်တာ ကြည့်လိုက်လို့ရှိရင် ဘုန်းကြီးဘက်ကို ခြေဆင်းထိုင်ကြတယ်၊
လက်အုပ်တော့ ချီထားတယ်၊
ခြေစုံလက်စုံမိုးတယ်ဆိုတာ အဲဒါခေါ်တာ၊
ဒါ ဗုဒ္ဓဂယာ သွားတဲ့လူတွေ သီဟိုဠ်အဖွဲ့ ဘုရားဖူးလာတယ်ဆိုရင် တွေ့လိမ့်မယ်၊ ဒီအတိုင်းပဲ တွေ့ရတတ်တာပဲနော်၊ ခြေစုံလက်စုံမိုး၊ ဒါ သူတို့ tradition ပဲ၊ သွားပြောလို့ မရဘူးလေ၊
သူတို့မှာ ခြေထောက်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်ဘူး၊

ဗမာကတော့ ခြေထောက်ကို အလွန်ယုတ်ညံ့တယ်၊ ယုတ်ညံ့သည့်အတွက်ကြောင့် လူကြီး သူကြီးရှေ့ဆိုရင် ခြေထောက်ဖော် မထိုင်ရဘူး၊
နောက်ပစ်ထားရတယ်နော်၊

သူတို့ကျတော့ ခြေထောက်နဲ့ခေါင်း တူတူပဲ၊
ဘာမှမထူးဘူး။

                   အေး မြတ်စွာဘုရားရဲ့ အဆုံးအမ အမှန်တွေဟာ ဒီ tradition တွေကနေ ခွဲထွက်ဖို့ လိုအပ်တယ်၊

tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေး ၀င်ရောက်နေတာ၊

ဗုဒ္ဓရဲ့အဆုံးအမ အစစ်က ခုနကပြောတဲ့ အတိုင်းပဲ၊

ဘယ်အချိန်လုပ်လုပ် ကောင်းတာလုပ်ရင် ကောင်းတဲ့ နက္ခတ်ပဲ၊

ကောာင်းကင်က ကြယ်တွေက ကိုယ့်ကို
ဘာမှ မတတ်နိုင်ဘူး၊
ကောင်းကင်နက္ခတ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊

ကိုယ်လုပ်သင့် မလုပ်သင့် ကိုယ့်ဟာကိုယ်ပဲ နားလည်ရမယ်၊

အကုသိုလ် မဖြစ်အောင် လုပ်ရမယ်၊

ကုသိုလ်ဖြစ်အောင် သတိဆောင်ရမယ်၊

ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမ အခြေခံပဲ။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)

…………………………………………………………

(ဆက်လက် ကူးယူ ပူဇော်ပါရစေ၊
လွတ်လပ်စွာ share နိုင်ပါတယ်၊
ကျေးဇူးတင်ပါတယ်ရှင်)
"ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"(၇)
********************************
တစ်ခါတုန်းက မက္ကဆီကိုက ဗုဒ္ဓဘာသာဖြစ်ကာစ၊
မက္ကဆီကိုနိုင်ငံဆိုတာ အားလုံးသိတြဲ့အတိုင်းပဲ ခရစ်ယာန်များတဲ့နိုင်ငံပဲ၊


အဲဒီမက္ကဆီကိုက ဗုဒ္ဓဘာသာဖြစ်စ လူ(၃၀)လောက် ဘုန်းကြီးတို့ဆီရောက်လာတယ်၊

ရောက်လာတဲ့အခါကျတော့ မန္တလေးက မဟာမြတ်မုနိဘုရားကြီး ၀င်ဖူးပြီးတော့ စစ်ကိုင်းရောက်လာတယ်၊
ခွင့်တောင်းတယ်၊ ဆရာတော်နဲ့တွေ့တုန်း မေးစရာရှိတာလေး မေးချင်ပါတယ်လို့၊

 မေးပါလို့ဆိုပြီးတော့၊

အဲဒီလိုမေးတဲ့အထဲမယ် အမျိုးသမီးတစ်ယောက်က ဘာမေးတုံးဆိုရင်
"ဘုရားကြီး ၀င်ပြီးဖူးတဲ့အခါမှာ အမျိုးသမီးမ၀င်ရ ဆိုတဲ့ ဆိုင်းဘုတ် တွေ့လာတယ်တဲ့၊ ဗုဒ္ဓဘာသာက အဲဒီလို ခွဲခြားဆက်ဆံသလား"တဲ့၊
မကျေမနပ်မေးတယ်နော်၊

ရွှေတိဂုံဘုရားရဲ့ အလယ်ပစ္စယံ အမျိုးသမီးမတက်ရ ရှိတယ်မဟုတ်လားနော်၊

ကျိုက်ထီးရိုးကျတော့ တံတားကို အမျိုးသမီးမကူးရ ရှိတယ်လေ၊

အဲဒါ Guide တွေ ခဏခဏ ပြဿနာ တက်တယ်၊
နိုင်ငံခြားအမျိုးသမီးတွေကလည်း အင်မတန် စွာတာလေ မရဘူး၊ သူက ယောက်ျားရှေ့က နေချင်တာ၊
အဲတော့ ယောက်ျားတွေချည်း တစွက်စွက်ဝင်သွားပြီး တို့တော့ မ၀င်ရဘူးဆိုတော့ ဒါက တို့ကို သက်သက်နှိမ်တယ်လို့ စိတ်ထဲမှာ ဒီလို အောက်မေ့တယ်၊
အဲဒါ ဗုဒ္ဓဘာသာလားတဲ့ မေးတယ်၊

ဘုန်းကြီးက သူတို့အကြောင်းတွေ သိထားတော့

"This is not Buddhism"
ဒါက ဗုဒ္ဓဘာသာအယူအဆ မဟုတ်ဘူး၊
ဗုဒ္ဓ၀ါဒ မဟုတ်ဘူး၊

"This is a tradition"
မြန်မာတို့ရဲ့ ဓလေ့ထုံးစံခေါ်တယ်လို့၊
ဒါ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့၊

ဒါ မြန်မာလူမျိုးတွေရဲ့ "tradition "လို့ ပြောတော့ ကျေနပ်သွားတယ်၊

သူတို့ကို guide လုပ်တဲ့လူတွေကို ပြောရတယ်၊ မင်းတို့ ရှည်ရှည်ဝေးဝေးတွေ လျှောက်မပြောနဲ့
guide လုပ်တဲ့လူက အမျိုးသမီးတွေ ဘုရားရှေ့မှာ မတော်လို့လို့၊ ထမီတွေနဲ့ ဘာဖြစ်လို့ ညာဖြစ်လို့ အဲဒီလိုတွေ မပြောနဲ့လို့၊

မင်း သူတို့ဆီမှာ ထမီ ခေါင်းပေါင်းပြီး ရေချိုးတဲ့ ယောက်ျားတောင် ရှိသေးတယ်လို့၊ တကယ်တွေ့ခဲ့တာ၊
သီဟိုဠ်မှာဆိုရင် သူတစ်လှည့် ကိုယ်တစ်လှည့် ၀တ်နေတာ၊ ထမီရယ် လုံချည်ရယ် ရှိတာမဟုတ်ဘဲ၊ ဘာမှမထူးဘူး၊

ခေါင်းအုံးပေါ်လည်း ခြေထောက်တင်တာပဲ၊ အဲဒီလူတွေ၊
အဲတော့ ခြေထောက်က နိမ့်ကျပြီး ခေါင်းက မြတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ၊ ခန္ဓာကိုယ်တစ်ခုလုံးဟာ တူတူပဲပေါ့။

သို့သော် ဗမာတွေ အယူအဆနော်၊ ခေါင်းရင်းဆိုရင် အမွန်အမြတ် ထားတယ်လေ၊ ခေါင်းရင်းကို ခြေထောက်ထားရင် အလွန် စိတ်ဆိုးမယ်၊ ဒါက tradition ပဲပေါ့၊

ခေါင်းမကိုင်နဲ့၊ ခေါင်းကိုင်ရင် မကြိုက်ဘူး၊
ထိုင်းလေးတွေဆိုရင် ခေါင်းသွားကိုင်ရင် ရန်သူပဲ၊

အဲဒါ သီဟိုဠ်တွေက ဘာရယ်မဟုတ်ဘူး၊ လူကိုချစ်လို့ရှိရင် ခေါင်းကိုင်တယ်၊

အဲဒီလိုမျိုးတွေ တစ်ဦးနဲ့ တစ်ဦး tradition တွေက မတူဘူး၊

ပြီးတော့ သီဟိုဠ်တို့ Chinese တို့က တစ်ခုခုပြရင် လက်နဲ့ မပြဘူး ခြေထောက်နဲ့ ပြတယ်၊
(ဗမာကျတော့ ဒါ အင်မတန် ရိုင်းတယ်) ဒါ သူတို့ tradition ပဲလို့ ကိုယ်က နားလည်လို့ရှိရင် ပြဿနာမဖြစ်ဘူး၊
"ဟာ ဒီကောင် ရိုင်းလှချည်လား"ဆို ရန်ဖြစ်ကြ၊ သူကလည်း ဘာရိုင်းမှန်း မသိဘူး၊
ရိုင်းလှချည်လားဆို၊ သူ့ကိုယ်သူလည်း ဘာရိုင်းမှန်းမှမသိတာ၊
သူလုပ်နေကျပဲ၊ ခြေထောက်နဲ့ ပြတယ်လေ၊ ဒါ သူ့ခြေထောက်အားလို့ ခြေထောက်နဲ့ ပြတာပေါ့၊ ကိုယ်အားတာ ကိုယ်လုပ်တာ၊ လက်နဲ့ခြေထောက် တူတူ ပိုင်တာပဲ၊ အဲဒီလို၊

သို့သော် tradition အရ ဒါတွေ ရိုင်းစိုင်းတယ်လို့ ယူဆတယ်၊
ယဉ်ကျေးတယ်လို့ ယူဆကြတယ်၊
အဲဒီလိုယူဆတာ။

သီဟိုဠ်ကျွန်း သွားကြည့်ရင် တရားနာပြီဆိုလို့ရှိရင် အမျိုးသမီးတွေက ဒူးတုပ်ပြီး မထိုင်နိုင်ဘူး၊ ဘာလုပ်တုန်း၊
ဘုန်းကြီးဘက် ခြေထောက်လေးတွေဆင်းပြီး ထိုင်ကြတယ်၊
အမျိုးသားတွေက ဒူးထောင်ပေါင်ကား ထိုင်ကြတယ်၊
အဲတော့ အမျိုးသမီးတွေထိုင်တာ ကြည့်လိုက်လို့ရှိရင် ဘုန်းကြီးဘက်ကို ခြေဆင်းထိုင်ကြတယ်၊
လက်အုပ်တော့ ချီထားတယ်၊
ခြေစုံလက်စုံမိုးတယ်ဆိုတာ အဲဒါခေါ်တာ၊
ဒါ ဗုဒ္ဓဂယာ သွားတဲ့လူတွေ သီဟိုဠ်အဖွဲ့ ဘုရားဖူးလာတယ်ဆိုရင် တွေ့လိမ့်မယ်၊ ဒီအတိုင်းပဲ တွေ့ရတတ်တာပဲနော်၊ ခြေစုံလက်စုံမိုး၊ ဒါ သူတို့ tradition ပဲ၊ သွားပြောလို့ မရဘူးလေ၊
သူတို့မှာ ခြေထောက်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်ဘူး၊

ဗမာကတော့ ခြေထောက်ကို အလွန်ယုတ်ညံ့တယ်၊ ယုတ်ညံ့သည့်အတွက်ကြောင့် လူကြီး သူကြီးရှေ့ဆိုရင် ခြေထောက်ဖော် မထိုင်ရဘူး၊
နောက်ပစ်ထားရတယ်နော်၊

သူတို့ကျတော့ ခြေထောက်နဲ့ခေါင်း တူတူပဲ၊
ဘာမှမထူးဘူး။

အေး မြတ်စွာဘုရားရဲ့ အဆုံးအမ အမှန်တွေဟာ ဒီ tradition တွေကနေ ခွဲထွက်ဖို့ လိုအပ်တယ်၊

tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေး ၀င်ရောက်နေတာ၊

ဗုဒ္ဓရဲ့အဆုံးအမ အစစ်က ခုနကပြောတဲ့ အတိုင်းပဲ၊

ဘယ်အချိန်လုပ်လုပ် ကောင်းတာလုပ်ရင် ကောင်းတဲ့ နက္ခတ်ပဲ၊

ကောာင်းကင်က ကြယ်တွေက ကိုယ့်ကို
ဘာမှ မတတ်နိုင်ဘူး၊
ကောင်းကင်နက္ခတ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊

ကိုယ်လုပ်သင့် မလုပ်သင့် ကိုယ့်ဟာကိုယ်ပဲ နားလည်ရမယ်၊

အကုသိုလ် မဖြစ်အောင် လုပ်ရမယ်၊

ကုသိုလ်ဖြစ်အောင် သတိဆောင်ရမယ်၊

ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမ အခြေခံပဲ။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)

No comments:

Post a Comment