Pages

Wednesday, February 12, 2014

**** စိတ်ဆိုးတဲ့အခါတိုင်း စိတ်ကောင်းရောက်အောင်ကြိုးစား ****



စိတ်ဆိုးတဲ့အခါတိုင်း -
ကြည်နူးစရာတွေပျောက်သွားတယ်။ပျော်ရွင်စရာတွေကုန်ဆုံးသွားတယ်။
ကိုယ့်အပေါ်တစ်ဖက်သတ်အပြစ်ပဲမြင်နေတယ်လို့ ထင်လာတယ်။သူမှန်တယ် ငါမှန်တယ်လို့
ငြင်းခုံရတဲ့အတွက်စိတ်ရှုပ်ထွေးရတယ်။

ကြည်နူးစရာစကားလုံးတွေမကြားရတော့ဘူး။ မျက်နှာ
တင်းတင်းနဲ့မာကျောတဲ့ စကားသံတွေပဲ ကြားနေရတယ်။တိတ်ဆိတ်ငြိမ်သက်နေပေမယ့် စိတ်ထဲမှာမအေးချမ်းဘူး။ထွေးပွေ့ထားရာကနေကျောခြင်းကပ်သွားကြ
တယ်။ တွေး
လိုက်တိုင်း ရင်မောရတယ်။ မပြောသင့်တဲ့စကားလုံးတွေ၊
မစဉ်းစားသင့်တဲ့ အတွေးတွေ၊ မလုပ်သင့်တဲ့အပြုအမှုတွေ
မထင်မှတ်ပဲ လုပ်မိသွားတတ်တယ်။

ဆိုးနေတဲ့စိတ်ကို ကောင်းအောင်ပြန်ကြိုးစားပါ။ ဆိုးနေတဲ့
စိတ်ဆိုတာ ကောင်းနေရာကနေဆိုး သွားတာမဟုတ်လား။ အခုလည်းဆိုးနေတဲ့စိတ်ကို ပြန်ကောင်းအောင်လုပ်နိုင်ပါတယ်။
သင့်ပေါ်မှာပဲမူတည်တယ်။ ဘယ်လိုလုပ် ရမှာပါလဲ။စိတ်ကောင်းနေတုန်းက အခြေအနေကို ပြန်စဉ်းစားပါ။

ကိုယ်စိတ်ဆိုးနေတဲ့လူရဲ့ကောင်းကွက်ကို တဖြည်းဖြည်း
ရှာယူပါ။ကောင်းကွက်ဆိုတာရှာတတ်ရင် အများကြီးထွက်လာပါလိမ့်မယ်။ ကျေးဇူးတရားကို အစဖေါ်ပြီးစဉ်းစားပါ။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံတဲ့နေရာမှာ ကျေးဇူးမကင်းကြပါဘူး။
ကျေးဇူးတရားကို အစဖေါ်လို့ရပြီဆိုရင် ကောင်းကွက်ကို ရှာဖို့
လမ်းစရပြီလို့ဆိုနိုင်ပါတယ်

ဘာဖြစ်လို့လည်းဆိုတော့ သင့်နှလုံးသားကအဲဒီအချိန်မှ
ကောင်းကွက်ကိုချည်း လက်ခံဖို့ကြိုးစားနေလို့ပါပဲ။ အဲဒီအချိန်ရောက်ရင် သင်စိတ်ဆိုးလို့မရတော့ပါဘူး။ စိတ်ဆိုးနေကြတဲ့လူတွေအားလုံး စိတ်ဆိုးပြေကြပါစေ။

- အရှင်ဝိလာသဂ္ဂ(ဗောဓိမြိုင်သစ္စာရွေပြည်ဓမ္မရိပ်သာဆရာတော်)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 
http://satekuupuyar.blogspot.com မှတဆင့်တင်ပြသည်။

No comments:

Post a Comment