/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
Saturday, February 8, 2014
"ပိဋကတ်သုံးပုံကို သူရဿတီ တကယ်စောင့်သလား ?"
ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးဟု 
ဂုဏ်ယူကြွေးကြော်လေ့ရှိတဲ့ မြန် မာနိုင်ငံတော် 
မှာ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် လုံးဝဆန်ကျင်သော 
အယူမှား၊အသိမှား၊အမြင်မှားတွေ မြောက်များစွာ ရှိပါတယ်။ ထိုအမှားများထဲတွင် “သူရဿတီနတ်သမီးသည် 
ပိဋကတ်သုံးပုံစောင့်တဲ့သူဖြစ်တယ်” ဆိုသော အမှားဟာ 
အဆိုးဝါးဆုံးပင်ဖြစ်၏။ ဗုဒ္ဓ၀ါဒသည် “၀ိဘဇ္ဇ၀ါဒ”ဖြစ်ပါတယ်၊ 
ဝိဘဇ္ဇဆိုသ ည်မှာ  ဖြစ်နိုင်တယ်၊မဖြစ်နိုင်ဘူး၊ဟုတ်တယ်၊မဟုတ်ဘူး 
စသည်ဖြင့် မိမိ၏အသိဉာဏ်ပညာဖြင့် ဝေဘ 
န်ဆုံးဖြတ်လေ့လာရတဲ့ဝါဒဖြစ်၏။ 
ထိုဗုဒ္ဓဘာသာ ၀ိဘဇ္ဇ၀ါဒီဆိုသော ဂုဏ်ကိုပင်မထောက်ထား ဘဲ မြှူဆွယ်လိမ်လည်နေကြတဲ့ ဓါတ်ဆရာ၊နတ်ဆရာ၊ဓါတ်၊ဗေဒင်အမည်ခံ လူလိမ်တစ်စု၏ စားပေါက်ချောင်အောင် ဖန်တီးထားကြတဲ့ လုပ်ဇာတ်များကို အဟုတ်အဟုတ်ထင်နေကြ၏။
ဝိဘဇ္ဖ၀ါဒီ ခေါ်ဝေဘန်သုံးသတ်မှုကို လက်ကိုင်ထား၍ လေ့ လာဝေဘန်ကြမည်ဆိုလျှ င် ထေရ၀ါဒဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်နေသော ဘာသာရေးအမှောက်ပယောဂများ၏ အဖြေ ကိုရှာဖြေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ယခုလည်း သူရဿတီပြဿနာကို ၀ိဘဇ္ဇဖြင့်ဝေဘန်သုံးသတ် အဖြေရှာကြည့်ပါက မိမိကိုယ်တိုင်ပင် အဖြေထုတ်အမှန်တွေ့နိုင်မည်ဖြစ်၏။
ယခုလက်ရှိတွင် ပိဋကတ်စာပေများကို သင်အံလေ့ကျက် ဟောကြားဆိုဆုံးမလမ်းပြပေးပြီး ပရိယတ္တိသာသနာတော် သို့မဟုတ် ပိဋကတ်တော်များကို မည်သူတွေ စောင့်ရှောက်နေကြပါသန ည်း။ ဘုရားသားတော် သံဃာတော်များသာဖြစ်ပါ၏။ ဘုရားရှင်လက်ထက်တော်ကာလကစ၍ ယခုတိုင်ကျအောင် များပြားလှသောဆင်းရဲမျိုးစုံကို ဂရုပြုတော်မမူကြဘဲ ဆင်းရဲပင်ပန်းခံကာဖြင့် ပိဋကတ်တော်များကို အခက်အခဲမျိုးစုံကြားမှ စောင့်ထိန်းလာကြသည်မှာ ထိုဆရာတော်များပ င်ဖြစ်၏၊ သီဟိုဠ်ကျွန်းတွင် ကျေးကုလားတို့၏သူဘုန်ဘေးကြီးသင့်၍ အစားအစာပင်ပန်းဆ င်းရဲရှားပါးကြပ်တည်းနေချိန်မှာပင် စာအံ့၊စာကျက်မပြုလုပ်ပါက ပိဋကတ်တော်များ မေ့ပျောက် သွားမည်စိုးသဖြင့် ၀မ်းမီးအပူသက်သာစေရန် ၀မ်းဗိုက်ပေါ်တွင် သဲများတင်၍ ပိဋကတ်တော်များ ကို သံဃာတော်များမှ ကာကွယ်ကျက်မှတ်ခဲ့ရကြောင်းကို သာသနာဝင်ကျမ်းများတွင် ကြည်ညိုဖွယ်ရာ တွေ့ရှိရ၏။
ယခုထက်တိုင် မြန်မာပြည်အနှံ့ ပရိယတ္တိစာသင်တိုက်များတွင် ကလေးအရွယ် လူမမည် သာမဏေလေးများမှစ၍ သက်တော်ဝါတော်ကြီးရင့်တော်မူသော ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများအထိ မိကွဲ၊ဖကွဲဖြင့် နည်းမျိုးစုံဖြင့် သက်ဆုံးတိုင် ပိဋကတ်တော်များကို လေ့ကျက် ပို့ချ၊ ဟောပြနေကြသည့် သံဃာတော်များကိုပင်အားမနာ သူရဿတီက ပိဋကတ်သုံးပုံစောင့်သည် ဆိုသော အယူမှားအထင်မှားစကားမှာ မိမိတို့ဘာသာသာသနာတော်ကို ပြန်၍စော်ကားရာကျနေေ ပ၏။
သူရဿတီသည် ပိဋကတ်သုံးပုံစောင့်သည်ဆိုရအောင် သူသည် မည်သည့်ပရိယတ္တိစာသင်တိုက် မှာမှ ပရိယတ္တိစာပေများကို သင်ကြားခဲ့ခြင်းမရှိ၊ မည်သည့်စာသင်တိုက်မှ မည်သည့်ပရိ ယတ္တိဆိုင်ရာ အတန်းများကို အောင်မြင်ခဲ့ခြင်းမရှိပါဘဲ သူများညာတိုင်း အယုံလွယ်အညာ ခံနေကြသည်မှာ ဗုဒ္ဓဘာသာ ၀ိဘဇ္ဇ၀ါဒီဆိုသော နာမည်ကိုအတော်အားနာစရာကောင်းလှ၏။
အာသဝေါကင်းကွာ ရဟန္တာအရှင်သူမြတ်များသည်ပင် ရဟန္တာတိုင်း ပိဋကတ်တော်များကို နားလည်တတ်ကျွမ်းကြသည်မဟုတ်၊”ပဋိသမ္ဘိဒါပတ္တရဟန္တာ”တို့သာ ပိဋကတ်တော်များကို တတ် ကျွမ်းတော်မူကြ၍ “သုက္ခ၀ိပဿက ရဟန္တာ”တို့မှာမူ အာသဝေါကင်းကွာ ၀ိပဿနာဉာဏ်တော်ရရှိ ပါသော်လည်း ပိဋကတ်တော်များကို တတ်ကျွမ်းနားလည်းခြင်းမရှိပေ။ ထို့သို့ ရဟန္တာမထေရ်မြတ် များပင် ရဟန္တာတိုင်း ပိဋကတ်တော် မတတ်ကျွမ်းကြလျှင် သူရဿတီကား အဘယ်သို့ ပိဋကတ်ေ တ်ာများကို စောင့်ထိန်းနိုင်ပါမည်လော?
သူရဿတီထက် အဆင့်မြင့်ကြသော သိကြား၊ဗြဟ္မာ၊နတ်ဒေ၀ါများပင်လျှင်၊ ဘုရားရှင်နှင့် ဆရာတော်သံဃာတော်အရှင်မြတ်တို့ထံ တရားတော်များကို မေးမြန်းလျှောက်ထားနားကြရကြောင်း ကျမ်းဂန်များတွင် အတိအလင်းဖော်ပြထား၏။ သူ့ထက်မြင့်သော နတ်ဗြဟ္မာသိကြားများပင် ပိဋကတ်တော်များကို မသိလျှင်၊ အိန္ဒိယကုလားတွေ မစင်စွန့်တဲ့ မြစ်ကမ်းနဘေးမှာေ နရတဲ့ ခေါင်းမူးခြုံကုလားမ သူရဿတီမှာ မည်သို့ပိဋကတ်သုံးပုံစောင့်ရှောက်နိုင်မည်နည်း?? 
သူရဿတီသည်လည်း အမှန်တကယ် နတ်သ္မီးပေလော ? သို့တည်းမဟုတ် “လူသားေ တွကို ဘုရားသခင် (God) ကဖန်ဆင်းခြင်းမဟုတ်၊ ဘုရားသခင်ကိုသာ လူသားတို့က ဖန်ဆင်းခြင်းဖြ စ်တယ် ”ဆိုသော အနောက်တိုင်းပညာရှင်တစ်ဦး၏ အဆိုအမိန့်ကဲ့သို့ ရှေးဦးအိန္ဒိယသားတို့ကဘဲ သူရဿတီကို စိတ်ကူပုံဖော်၍ ဖန်တီးခဲ့သလော ? ဆိုတာကို အားလုံးဖေ၀ဘန်ဆန်းစစ်နိုင်ကြစေ ဘို့ ဖော်ပြပေးပါမည်။ 
သူရဿတီဆိုသည်မှာ အိန္ဒိယနိုင်ငံ ကမ်ဗလ်နယ် (ယခု-အာဒ်ဓ်ရီ)ရှိဟိမ၀န္တာတောင်ကြီး၏ ဆိဝါလိတ် နှင့် ဆိရ်မုတ်ဟုခေါ်သည့်တောင်တန်းများအနီးမှ စီးဆင်းနေသည့် မြစ်တခု၏အမည်ဖြစ် ၏၊ အိန္ဒိယတို့သည်၎င်းသူရဿီမြစ်ကို”ဆရဆ်ဝတီ”ဟုခေါ်ဆို၏ ခေါ်ဆို၏ သူရဿတီဆိုသည်မှာ ထိုဆရဆ်ဝတီဟူသော အိန္ဒိယအမည်ကို သူရဿတီဟု မြန်မာလေသံဖြင့် အလွယ်ခေါ်ဆိုကြ ခြင်းဖြစ်၏။
သူရဿတီ (ဆရဆ်ဝတီ)ဟူသော အဓိပ္ပါယ်မှာ (Watery) ရေရှိသည့်အရာ (မြစ်)ဟုအဓိ ပ္ပါယ်ရပါသည်။ ရှေးဦးအာရိယာန်လူမျိုးတို့သည် အိန္ဒိယပြည်၏အနောက်မြောက် ပန်ဂျပ်ပြည် နယ်တစ်ဝိုက်တွင် အခြေချနေထိုင်ကြစဉ် ထိုဆရဆ်ဝတီမြစ်မှ ရေကိုအဓိကအာားထားပြု၍ ထွန်ယ က်စိုက်ပျိုးကြ၏။ မြေဆီမြေလွှာကလည်းကောင်း ရာသီဦးတုကလည်း မှန်ကန်သဖြင့် ကောက်ပဲ၊ သီးနှံတို့သည် ဖြစ်ထွန်းအောင်မြင်ကြ၏။ အသိပညာကမဖွင့်ဖြိုး၊ ကိုးကွယ်စရာကလည်း မည်မည် ရရမရှိသေးသည့် ကာလမို့ ထုံးစံအတိုင်း လူသားတို့သည် အားထားကိုးကွယ်စရာကို မိမိတို့အေ တွးဖြင့် ဖန်ရှင်းလိုက်ကြသဖြင့်။ ဆရဆ်ဝတီဆိုသည့်မြစ်သည် နတ်သမီးအဖြစ်သို့ နေခြင်းညခြင်း ကြီးပွား၍ သွားလေတော့၏။
ဆရဆ်ဝတီမြစ်၏ရေစီးသည် ကြမ်းကြမ်းတမ်းတမ်းမစီးဆင်းဘဲ ဖြေးညင်းစွားစီးဆင်းခြင်း ကိုထောက်၍ ထိုမြစ်ကိုအပိုင်စားရသည့်နတ်သည် နတ်သားမဖြစ်နိုင် နတ်သမီးသာဖြစ်နိုင်သည်ဟု ဆိုကာ ဆရဆ်ဝတီမှာ နတ်သားမဖြစ်ဘဲ နတ်သမီးဖြစ်သွားရရှာ၏။ ထို့အပြင် ထိုဆရဆ်ဝတီမြစ် သည် တောင်ထွတ်တောင်စွယ်အကွေ့အ၀ိုက်များကြားမှ စီးဆီးလာသဖြင့် မြစ်ရေ၏ အသံသည် သာယာနာပျော်ဖွယ်ရှိသဖြင့် ဆရဆ်ဝတီနတ်သမီးသည် တေးသီချင်းများ ဂီတများကိုစောင့်သည် ဟု စိတ်ကူးဖြင့်ပုံဖော်၍ ကိုးကွယ်လာကြ၏။
ဒေ၀ခေတ်သို့ရောက်သည့်အခါတွင်မူ အလွန်အမင်းဂုဏ်တင်ပြောဆိုရေးသားလာကြ၍ ဆ်ရဆ၀တီနတ်သမီးမှာ များစွာတန်ခိုးကြီးထွားလာ၏။ ဟိန္ဒူတို့သည် ၄င်းတို့အထွဋ်အ မြတ်ထားရာ “ဗေဒင်သုံးပုံ”ကို ဆရဆ်ဝတီနတ်သမီးစောင့်သည်ဟု အဆင့်တိုးပူဇော်လာကြ၏။ ထို့သို့ဆရဆ်ဝတီကို အမွန်းတင်ရေးသားပြောဆိုကြသည်မှာ တစ်ဦးနှင့်တစ်ဦးတူညီမှုမရှိဘဲ ကိုယ့်သဘောနှင့်  ကိုယ် သန်ရာသန်ရေးသားချီးကျူးအမွန်းတင်နေကြသည်ကိုတွေ့ရှိရလေ၏။ 
ဝါဂ်ျဆနေဟိတကျမ်း၌ ဗြဟ္မာမင်း၏ ကြင်ယာမယားဟုဆို၍ တဖန်၊အသ္မိန်းအမည်ရှိသည့် နတ်ညီနောင်တို့၏ ဇနီးမယားဟု၎င်း၊ တဖန် တိုက်ထိုရိယဗြဟ္မဏကျမ်းတွင် ကမ္ဘာကြီးကိုဖန် ဆင်းထားသည့် ပဇာပတိဗြဟ္မာကြီး၏ ဇနီးအဖြစ်လည်းကောင်း၊ ဣန္ဒြသိကြား၏ ဇနီးဟူ၍လည်းကောင်း ရေးသားထားပြန်၏။
ထိုဆရဆ်ဝတီနတ်သမီးအကြောင်းအရာတို့သည် ပါးစပ်ပြော ပုံပြင်တို့မှ တစ်စတစ်စယုံကြ ည်မှု၊ဂုဏ်တင်မှုလွန်ကဲလာကြခြင်းဖြစ်၏။ အချို့ကျမ်းတို့၌ မဟာမုနိရသေ့ကြီးနှင့် သမုဒ္ဒရာ နတ်သမီးတို့မှ မွေးဖွားသူဖြစ်ပြီး၊ သမုဒ္ဒရာမှ ဟိမ၀န္တာတောင်ထွတ်တစ်ခုသို့ ဟင်္သာစီး၍သွား ရာလမ်းတစ်လျှောက်တွင် ဟင်္သာကိုယ်ပေါ်မှ ကျလာသော ရေပေါက်တို့သည် မြစ်ဖြစ်သွားကြောင်း စသည်ဖြင့် အိပ်ရာဝင်ပုံပြင်အနေဖြင့် တစ်ယောက်တစ်မျိုး ပြောဆိုကြ၏။
ဗြဟ္မဏပူရာဏ်ကျမ်းတွင် ဗြဟ္မာကြီး၏သမီးဟုဖော်ပြပြီး
 နောက်ပိုင်းတွင် ထိုသမီးကို ပင် ဗြဟ္မာကြီးက ပြန်လည်သိမ်းပိုက်လိုက်ကြောင်းဖော်ပြထားလေ၏။ ပဒ်မပူရဏ်ကျမ်းအရဆိုရသော ဆရဆ်ဝတီသည် ဒက္ခဆိုသူ၏ဇနီးဟူ၍လည်းကောင်းရေးသားထား၏။ထို့ကြောင့် ဆရဆ၀တီ သည် သမီးအဖြစ်မှ ဇနီးအဖြစ်သို့ တဖန်သိကြားဇနီး ဒက္ခမယားစသည်ဖြင့် တကယ်မရှိသ ည့်နတ်သမီးခမြာ ဘ၀မျိုးစုံကျင်လည်သွားရရှာလေ၏။
၎င်းဆရဆ်ဝတီ ခေါ်သူရဿတီနတ်သမီးသည် အိန္ဒိယတိုင်းသားတို့နှင့်အတူ မြန်မာပြည် သို့ ရောက်ရှိလာပြီး၊ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်
 မြန်မာပြည်၌ကား ဆရဆ်ဝတီသည် ဟိန္ဒူတို့၏ ဗေဒင်သုံးပုံစောင့်သည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များလက်မခံနိုင်သောကြောင်းသိ သဖြင့် ဗေဒင်အစား ပိဋ ကတ်သုံးပုံကို ဆရဆ်ဝတီလက်တွင်းသို့ ထည့်ပေးလိုက်ကြ၍ ဗေဒင်စောင့်ဆရ ဆ်ဝတနတ် သမီး အဖြစ်မှသည် ပိဋကတ်သုံးပံစောင့် သူရဿတီနတ်သမီးအဖြစ်သို့ရောက်ရှိသွားပြီး ပညာနွမ်း ပါးဝေ ဘန်ဆန်းစစ်ဉာဏ်မွဲပြာကျနေသည့် ဗုဒ္ဓဘာသာဘာသာအမည်ခံလူတစုနှင့် ဓါတ်၊နတ်အယောင်ပြ လူ့ကလိမ်ဆရာတို့၏ ကောင်းမှုကြောင့် အိန္ဒိယတို့၏ စိတ်ကူးယဉ်ဇာတ်ကောင် ဆာရီခြုံကု လားမဘ ၀မှ ပတ်စပို့ ဗီဇာမလိုဘဲ ပြည်တွင်ဖြစ် ၃၇-မင်း နတ်စာရင်းဝင်သွားလေတော့၏။
သူရဿတီဂါထာဆိုသည်မှာလည်း ပါဠိနားလည်သည့် ဘုန်းကြီးလူထွက် ဓါတ်ဆရာတုများ၏ လက်ချက်ပင်ဖြစ်သည်။ မည်သည့်ဘာသာစကားမဆို သဒ္ဒါနည်းနှင့် ဝေါဟာရသိထားပါက မိမိလိုချင်ရာ ၀ါကျကို ရေးနိုင်၊စီနိုင်သကဲ့သို့ ယခုလည်းထိုသို့ ရေးသားစီထားခြင်းသာဖြစ်၏။ ပါဠိပုဒ်မြင်တိုင်း ဘုရားဟောဟု တထစ်ချမသတ်မှတ်ထားသင့်ပေ။ ပါဠိနားလည်တတ်ကျွမ်းပါက သမီးရည်းစားလ ည်းရေးလို့ရသလို အကြွေးတောင်းစာကိုလည်း ရေးလို့ရ၏။
ဒီလောက်ဆိုလျှင် ပိဋကတ်တော်တို့အား မည်သူများစောင့်ရှောက်နေကြသည်ကို ရှင်းလင်းစွားသိမြင်ကြမည်ဟု ထင်မြင်မိပါသည်။ ထိုအမှန်မရှိသည့် သူရဿတီကို အမှန်တကယ်ရှိ ထင်နေလျှင် မိစ္ဆာဒိဋ္ဌိဖြစ်မှန်းမသိဖြစ်သွား၍ ရတနာမြတ်သုံးပါးထက် ပို၍အားကိုးရာဖြစ်သည်ဟု မှတ်ထင်၍ ကိုးကွယ်ဆည်းကပ်ပါက သရဏဂုံပျက်၍ ဗုဒ္ဓဘာသာဟု အမည်ခံထားပါသော်လည်း ဗုဒ္ဓဘာသာဝင် စစ်စစ်မဖြစ်တော့ဘဲ အမည်ခံဗုဒ္ဓဘာသာသာဖြစ်သွားနိုင်သောကြောင့် ငွေလည်း ရှုံး၊အချိန်းလည်းကုန်၊ဘာသာလည်းမှုန်၍ ၊အပါယ်ဘေးမကျရလေအောင်၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၀ိဘဇ္ဇ၀ါဒီများပီပီ အရာရာကို
 “သဒ္ဓါနောက်တွင် ပညာယှဉ်၍ "
(၀ိဘဇ္ဇဉာဏ်ရောင်၊ ထွန်းလင်းပြောင်၍၊ အမှားအမှန်း၊ခွဲဝေဘန်နိုင်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ 
No comments:
Post a Comment