Pages

Thursday, February 20, 2014

“ ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်း ”

Photo: “ ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်း ”
••••••••••••••••••••••••••••••••••••
အရှင်ဘုရား၊ ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်း၊ 
အလှူလုပ်ရန် သားငါး ကြိုတင်မှာထားခြင်း၊ 
မိမိအတွက် သတ်၍ ချက်ပေးသော အသားဟင်းများကို 
သိလျက်နှင့် စားခြင်းတို့ကြောင့် ပါဏာတိပါတကံ 
ထိုက်ပါသလား။

(ဖြေ)
ဒုစရိုက် မကောင်းမှုပြုရာ၌
(၁) ကိုယ်တိုင်ပြုခြင်း။
(၂) သူတပါးကို ခိုင်းခြင်း။
(၃) သူတပါး ပြုချင်လာအောင် အကျိုးကျေးဇူးဂုဏ်ကို ပြောခြင်း။
(၄) သူတပါးပြုသည်ကို သဘောတူခြင်း။
ဤသို့ ၄-ပါးရှိ၏။
ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်းသည် 
ထို ၄-ပါးတွင် မပါဝင်သောကြောင့် ပါဏာတိပါတကံ မထိုက်ပါ။

အလှူလုပ်ရန် ကြိုတင်၍မှာခြင်းကား ပို၍ သတ်လိုက်ပါ-ဟု 
စေခိုင်းရာလည်း ရောက်၏။ ငွေပေးမည်ဖြစ်သောကြောင့် ပို၍ သတ်ချင်လာအောင် ဂုဏ်ကျေးဇူးကို ပြောရာလည်း ရောက်၏။
ထို့ကြောင့် ပါဏာတိပါတကံ ထိုက်သည်။
(ဤအလုပ်မျိုးကို အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊ 
အလှူရှင်၏ လူယုံတော်ဖြစ်စေ လုပ်တတ်ကြလေသည်။ 
ဝမ်းနည်းဖွယ် ကောင်းလေစွ)။

မိမိအတွက် သတ်၍ ချက်ပေးသည်ကို သိလျက် စားခြင်း၌ လူဝတ်ကြောင်များအတွက် ထိုသို့ပြုသည်ကို သဘောတူလျှင် ပါဏာတိပါတကံ အဖြစ်သို့ မရောက်သော်လည်း 
သဘောတူခြင်းကြောင့် ပါဏာတိပါတ ဒုစရိုက် (မကောင်းမှု) ဖြစ်၏။

 ရဟန်းတော်များကား ထိုသို့သိလျက်စားလျှင် အာပတ်လည်းသင့်သည်။ မသိ၍ စားလျှင် မည်သူမျှ အပြစ်မရှိ။ 
(ကံထိုက်လျှင် အပါယ်ကျခွင့်ရှိ၏။ 
ကံမထိုက်ဘဲ မကောင်းမှု ဒုစရိုက်ဖြစ်ရုံကား 
အပါယ်ကျ လောက်အောင် အပြစ်မကြီးဟု 
သာမညအားဖြင့် ခွဲခြားရသည်။)

- [ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment