/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, February 13, 2014

**** ဝိပဿနာ ****

 Photo: ဝိပဿနာ
----------
ဝိ-ထူးကဲ၍ ပဿနာ-မြင်ခြင်း။ ဝိပဿနာထူးကဲမြင်ခြင်း။  သာမန်လူတို့သည် သာမန်မြင်ကြ၏။ သာမန်မြင်ခြင်းဟူသည် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါဟု မြင်ခြင်းဖြစ်၏။ ထူးကဲမြင်ခြင်းဟူသည် ထိုထက်ကျော်၍ ရုပ် နာမ်ဟုမြင်ခြင်း အကြောင်းအကျိုး ခွဲခြားမြင်ခြင်း အနိစ္စ ဒုက္ခ အနတ္တ သဘောကို ထွင်းဖောက်၍  မြင်ခြင်းဖြစ်၏။ ထူးကဲမြင်ခြင်း ထွင်းဖောက်၍ မြင်ခြင်းဟူသည် အမှန်ကိုအမှန်အတိုင်း အရှိကို အရှိအတိုင်းမြင်ခြင်း ဖြစ်၏။ ထိုသို့မြင်နိုင်ရန်အတွက် သမာဓိရှိဖို့ လိုအပ်၏။ အကြောင်းကား သမာဓိရှိသူသာ အမှန်တရားကို မြင်နိုင်၏ဟု ဘုရားဟောထားခြင်းကြောင့် ဖြစ်၏။ သမာဓိရဖို့အတွက် သတိရှိရမည်။ သတိရှိမှ သမာဓိရှိနိုင်၏။ သတိဟူသည် ရုပ် နာမ်အာရုံ ကမ္မဋ္ဌာန်းအာရုံထဲ၌ စိတ်ကိုနစ်မြုပ်နေအောင် ဆွဲ၍ နှစ်မြုပ်ထားခြင်းဖြစ်၏။ ရုပ်ထဲ၌ အချိန်ကြာမြင့်စွာ နစ်မြုပ်နေသော စိတ်သာလျှင် ရုပ်၏သဘောကို ပိုင်ပိုင်နိုင်နိုင် သိမည်ဖြစ်၏။ စိတ်ထဲ၌ အချိန်ကြာမြင့်စွာ နှစ်မြုပ်နေသော စိတ်သာလျှင် စိတ်၏သဘောကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်မည် ဖြစ်၏။ ထိုရုပ်သဘော စိတ်သဘောတို့ကို ထိုးထွင်း၍ မသိခြင်းကြောင့် အားလုံးဒုက္ခရောက်နေကြခြင်း ဖြစ်၏။

အမှန်တရားကို ဖုံးကွယ်၍မရဟု အဆိုရှိ၏။ သို့ရာတွင် အမှန်တရားကို မြင်နိုင်စွမ်းအားရှိသူတို့အတွက် အမှန်တရားကို ဖုံးကွယ်၍ မရသော်လည်း အမှန်တရားကို မြင်နိုင်စွမ်းအား မရှိသေးသူတို့အား အမှန်တရားကို မမြင်နိုင်အောင် ဖုံးကွယ်၍ ရသေး၏။ လောက၌ အမှန်တရားကို ဖုံးကွယ်နေသူများလည်း ရှိ၏။ ဖုံးကွယ်သောအရာများလည်း ရှိ၏။ ထိုအဖုံးအကွယ်များကို ထွင်းဖောက်၍ မြင်နိုင်စွမ်းအားရှိသော အသိဥာဏ်ပညာ ရရှိရန် လိုအပ်၏။ ထိုဥာဏ်ပညာ ရရှိဖို့အတွက် သမာဓိရှိရမည်။ သမာဓိရှိဖို့အတွက် သတိနှင့်ပြည့်စုံရမည်။ သို့ဖြင့်၍ ဘုရားရှင်က အပ္ပမာဒေန သမ္ပာဒေထ သတိနှင့်ပြည့်စုံကြပါစေ။  ။ သတိနှင့် ပြည့်စုံကြပါစေဟု နောက်ဆုံး ထွက်သက်တိုင်အောင် တတွတ်တွတ် မှာကြားသွားခြင်း ဖြစ်၏။

သတိဟူသည် စိတ်တည်းဟူသော မြို့တော်အတွင်းသို့ အနှောက်အယှက် ကိလေသာရန်သူတွေ မဝင်ရောက်နိုင်အောင် မျက်စိ နား နှာ လျှာ ကိုယ် စိတ်တံခါး ၆ ပေါက်မှ အစောင့်အရှောက်ပေးနေသော တံခါးမှူးဖြစ်၏။ မြင်သည့်အခိုက်မှာ သတိရှိပါစေ။ နားပေါက်မှ ကိလေသာရန်သူ မဝင်ပါစေနှင့်။ ထို့အတူ နံသည့်အခိုက် မွှေးသည့်အခိုက် စားသောက်သည့်အခိုက် ထိတွေ့သည့်အခိုက် တွေ့ကြုံသည့်အခိုက် သတိရှိနေပါစေ။ ကိလေသာရန်သူ မဝင်ပါစေနှင့် အမှန်တရားကို ဖျောက်ဖျက်ပစ်နေသူ အမှန်တရားကို ဖုံးကွယ်နေသူများဟူသည် ကိလေသာရန်သူများသာ ဖြစ်ပါ၏။ ကိလေသာတွေ ပိတ်ဆို့ဖုံးကွယ်ထားသဖြင့် ကိလေသာအမှောင်ထုကြီး ကြီးစိုးကာ အမှန်တရားမှေးမှိန် ပျောက်ကွယ်နေခြင်း ဖြစ်၏။ အမှောင်ထုကို ပြန်လည်တွန်းလှန် ဖြိုဖျက်လွှမ်းမိုးနိုင်သော အသိဥာဏ် အလင်းရောင်ရမှသာ အမှန်တရားကို မျက်ဝါးထင်ထင် တွေ့ရမည်ဖြစ်၏။ အမှန်တရားကို ပိုင်ပိုင်နိုင်နိုင် သိမြင်လျှင် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ကိစ္စပြီးတော့သည်သာ ဖြစ်၏။ 

မအို မနာ မသေခင်အတွင်း ဒါနကို အတတ်နိုင်ဆုံး ပြုရမည်။ ပစ္စည်းဥစ္စာ၏ အနှစ်အသားသည် အလှူဒါနဖြစ်သောကြောင့် ဖြစ်၏။

သီလကို အတတ်နိုင်ဆုံး လုံခြုံအောင် စောင့်ထိန်းရမည်။ ရုပ်ခန္ဓာကိုယ်၏ အနှစ်အသားသည် သီလဖြစ်သောကြောင့် ဖြစ်၏။

သမာဓိရဖို့ သမထဘာဝနာ လုပ်ငန်းကို ကြိုးစားအားထုတ်ရမည်။ နာမ်ခန္ဓာ၏ အနှစ်အသားသည် သမာဓိဖြစ်သောကြောင့် ဖြစ်၏။ 

ဝိပဿနာ ဥာဏ်ရင့်သန်အောင် သတိပဋ္ဌာန်တရား ရှုမှတ်ပွားများရမည်။ အသက်၏ အနှစ်သားသည် ဝိပဿနာ ဥာဏ်ပညာဖြစ်သောကြောင့် ဖြစ်၏။ 

သို့မဟုတ် ဒါနမေ့ သီလမေ့ ဘာဝနာမေ့နှင့် ငါးဖြာအာရုံ ကာမဂုဏ်တို့နှင့်သာ အချိန်ကုန်နေပါမူ နောင်အခါ နောင်တကောင်းစွာ ရလိမ့်မည်။

အထူးသတိထား ဆင်ခြင်ဖို့ လိုအပ်၏။

( အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်)
ဝိပဿနာ

No comments:

Post a Comment