Pages
▼
“တရားရနိုင်တဲ့ဘ၀လား ၊ မရနိုင်တဲ့ ဘ၀လား”
“တရားရနိုင်တဲ့ဘ၀လား ၊ မရနိုင်တဲ့ ဘ၀လား”
*********************************
ဗုဒ္ဓဘာသာဝင် အများစုသည် သဒ္ဒါတရားကတော့ ကောင်း၏။ သို့သော်ပညာပိုင်းတွင်မူ
အားနည်း၏။
ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ ကမ္မသကာတာ သမ္မာဒိဌိအယူကိုပင်
အပြည့်အ၀ မစင်ကြယ်သေး။ သူများပါးစပ်နဲ့ လမ်းဆုံး။ သူများပါးစပ်နဲ့ ဘဝ
သေနေသူကသာများ၏။ ဒါကြောင့်လည်း အမြှောက်တရားနဲ့ အခြောက်တရားတွေကြားမှာ
မလူးသာ မလှုပ်သာဖြစ်နေရတယ်။
ဘာသာဝင်တွေကြားမှာ မကြာခဏကြားရတက်တဲ့ စကား ၊ အများစုကလည်း ဟုတ်မယ်လို့ ယူဆထားကြဟန်တူ၏...။ အခြားတော့ မဟုတ်ပါ...လူတိုင်းနားဝင်နေပြီးသားဖြစ်တဲ့....
“ တရားအလုပ်ဆိုတာ လုပ်တော့ လည်း လုပ်တာပေါ့... နိဗ္ဗာန်ဆိုတာ တစ်ဘ၀တည်းနဲ့
ရတာမှမဟုတ်တာ” ...ဆိုတဲ့ စကားလေးပါ။ နိဗ္ဗာန်ကို တစ်ဘ၀တည်းနဲ့မရဘူးတဲ့ ...။
နိဗ္ဗာန်ကို တစ်ဘ၀တည်းနဲ့မရဘူးဆိုတာ ဘယ်ဘ၀ကို ရည်ရွယ်ပြောဆိုနေကြတာလဲ...။
"တစ်ဘ၀" ဆိုတာ ဘယ်ဘ၀ကိုပြောတာလဲ...။ ကျနော်တို့ရဲ့ ဘ၀တွေကရော အခုမှစတဲ့
ဘ၀တွေလား..?
အနည်းအငယ် စဉ်းစားကြည့်ရအောင်
......အရိယာသူတော်ကောင်းတွေ နိဗ္ဗာန်ကို ရောက်သွားကြတာ ဘယ်ဘ၀ကနေပြီး
ရောက်သွားကြတာလဲ..။ သူတို့တွေ ဘယ်လိုဘ၀အခြေမျိုး မှ နေပြီး နိဗ္ဗာန်ကို
တက်လှမ်းသွားပါလိမ့်....?/အပါယ်လေးပါး
လွတ်ကင်းတဲ့ ဘ၀ ၊ကပ်သုံးပါး လွတ်ကင်းတဲ့ ဘ၀ ၊ ရပ်ပြစ်ရှစ်ပါးက လွတ်ကင်းတဲ့
ဘ၀...စသည့်.. ဘ၀တွေကနေပြီး နိဗ္ဗာန်ကို တက်လှမ်းသွားကြတာ မဟုတ်ပေဘူးလား...။
ဒါဆိုရင် မိမိတို့ ယခုရရှိနေကြတဲ့ မိမိဘ၀အခြေအနေကို ပြန်ကြည့်လိုက်ပါ.
..အခုကျွန်တော်တို့တတွေ အပါယ်လေးပါး ၊ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
........စတာတွေကနေလွတ်မနေဘူးလား
။ လွတ်နေပါတယ်...။ သာသနာထွန်းလင်းနေတုန်းမှို့ မဂ်၊ဖိုလ်နဲ့ ဆက်စပ်တဲ့
တရားတွေကို နာကြားခွင့်လည်း ရမနေဘူးလား။ဒါဆိုရင်... ဒီဘ၀ဟာ
တရားထူး/တရားမြတ် ရနိုင်တဲ့ဘ၀ဆိုတာ မည်သူငြင်းနိုင်မည်လဲ .။
နိဗ္ဗာန်ရောက်အောင်(သို့) နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်အောင်
လျှောက်လှမ်းလို့ရတဲ့ ဘ၀ပါ။ နိဗ္ဗာန်ဆိုတာ တစ်ဘ၀တည်းနဲ့ ရတာမဟုတ်ဘူးဆိုတဲ့
ပေါ့ပျက်ပျက်စကားကို မယုံနဲ့၊ လက်မခံပါနဲ့..။ လက်ခံရင် မိမိတို့အတွက်
အင်မတန်ကိုပဲ နှစ်နာပေလိမ့်မယ်.။.ယခုလို အခွင့်သာတုန်း ၊ အခွင့်သာခိုက်နဲ့
ကြုံတွေ့နေပြီဖြစ်တဲ့ မိမိတို့ရဲ့ ဒီဘ၀လေးမှာ ဒုက္ခချုပ်ငြိမ်းရာ
နိဗ္ဗာန်ပန်းတိုင် ရောက်ရေးအတွက် ဒါန ၊သီလ ၊ ဘာဝနာ တရားများကို
ကျင့်ကြံအားထုတ်နိုင်ပါစေလို့ တိုက်တွန်းလျှက်......။
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:17015
No comments:
Post a Comment