Pages

Tuesday, February 25, 2014

★ အကုသိုလ်ဆိုလျှင်‌ ဘယ်‌အကုသိုလ်‌မှ မ‌ကောင်းပုံ★


 Photo: ★ အကုသိုလ်ဆိုလျှင်‌ ဘယ်‌အကုသိုလ်‌မှ မ‌ကောင်းပုံ★ 

မြတ်‌စွာဘုရားက

 "ဝိဝါဒံ ဘယ‌တော ဒိသွာ အဝိဝါဒဉ္စ ‌ခေမ‌တော" 

`ဝိဝါဒ´ဆိုတာကိုယ်‌ကတစ်‌မျိုး ‌ပြောတယ်‌  သူကတစ်‌မျိုး ‌ပြောတယ်‌။အဲဒီလို သူတစ်‌မျိုး ကိုယ်‌တစ်‌မျိုး‌ပြောလို့မတူညီ‌တော့ဘူးဆိုတာနဲ့ မတူညီတဲ့ အ‌ပြော၂ ခု‌ပေါ် မူတည်‌ပြီး သူ့ဟာမှန်‌တယ်‌ ငါ့ဟာမှန်‌တယ်‌ဆိုပြီး ဖြစ်‌‌ပေါ်မလာဘူးလားအဲဒီလို ဖြစ်‌‌ပေါ်လာတဲ့အခါမှာ တစ်‌ဦးနှင့်‌တစ်‌ဦး  သူမှန်‌တယ်‌ ငါမှန်‌တယ်‌လို့အငြင်းပွား‌နေရင်‌ ဘာဖြစ်လဲဆိုရင်‌ အကုသိုလ်‌တွေ ဖြစ်‌တယ်‌တဲ့။ဒါ‌ကြောင့်‌မို့လို့ ဝိဝါဒမှာ `ဝိ´ဆိုတာ  ထူးခြားပြီး တစ်‌ဦးနှင့်‌တစ်‌ဦး မတူတဲ့ `ဝါဒ´ဆိုတာ ‌ပြောတာအဲဒီ တစ်‌ဦးနဲ့တစ်‌ဦး မတူညီတဲ့ ‌ပြောဆိုချက်‌‌တွေဟာ `ဘယ´‌ကြောက်‌စရာ‌ကောင်းတယ်‌ ဘာပြုလို့‌ကြောက်‌စရာ‌ကောင်းလဲဆိုရင်‌အကုသိုလ်ဖြစ်‌လာနိုင်‌လို့  ဓမ္မနဲ့ပတ်‌သက်‌ပြီးအကုသိုလ် မဖြစ်‌သင်‌ဘူး။ဘာကို အ‌ကြောင်းပြုပြု အကုသိုလ်မဖြစ်‌သင့်‌ဘူး တစ်‌ချို့လူ‌တွေက‌ပြောတယ်‌ ကရုဏာနဲ့‌ပြောတဲ့ ‌ဒေါသ‌စေတနာနဲ့‌ပြောတဲ့ ‌ဒေါသအပြစ်‌မရှိ သ‌ယောင်‌‌ယောင်‌ ‌ပြောတယ်‌၊‌ကောင်းကျိုးလိုလားတဲ့ ‌စေတနာထား‌ပေမဲ့‌ဒေါသဟာ ‌ဒေါသပဲ၊ မ‌ကောင်းဘူး။နှစ်‌ပိုင်းခွဲပြီး မှတ်‌ရမယ်‌ကရုဏာ‌ဒေါသ- ကရုဏာကိုအ‌ခြေခံပြီး‌တော့ ဖြစ်‌‌ပေါ်လာတဲ့‌ဒေါသ၊ ကရုဏာက‌ကောင်းတယ်၊ ‌ဒေါသကမ‌ကောင်းဘူး။အ‌ကောင်းအဆိုး ‌ရောမ‌နေဘူးလား၊‌ဒေါသဆိုတာ ဘယ်‌‌နေရာပဲဖြစ်‌ဖြစ်‌အ‌ကောင်းတရား မဟုတ်‌ဘူး အဆိုးတရား၊‌ဒေါသဆိုတဲ့ အဓိပ္ပါယ်‌က ဖျက်‌ဆီးခြင်းလို့အဓိပ္ပါယ်‌ရတယ်‌၊ ဘာ‌တွေကို ဖျက်‌ဆီးပစ်‌တာလဲဆို‌တော့ ‌ဒေါသဖြစ်‌လာတဲ့ ပုဂ္ဂိုလ်‌ရဲ့ အ‌ခြေအ‌နေ‌တွေဟာ ပျက်‌စီးမသွာဘူးလားနဂိုက ငြိမ်‌သက်‌‌အေးချမ်းတည်‌ငြိမ်‌‌နေတဲ့စိတ်‌ကို ဖျက်‌ဆီးပစ်‌လိုက်‌တတာဟာ ဘယ်‌‌ကောင်းမလဲ၊ ဒါ‌ကြောင့်‌မို့ ‌ဒေါသဆိုတာမ‌ကောင်းဘူး။စိတ်‌ဓာတ်‌ကိုသာ ဖျက်‌ဆီးပစ်‌တာ မဟုတ်ဘူးရုပ်‌ကိုလည်း ဖျက်‌ဆီးတယ်‌ ‌ဒေါသဖြစ်‌‌နေတဲု့ပုဂ္ဂိုလ်‌ရဲ့မျက်‌နှာကိုကြည့်‌‌ပေါ့ ‌ဒေါသဖြစ်‌တဲ့ပုဂ္ဂိုလ်‌ရဲ့မျက်‌နှာသည်‌အရုပ်‌ဆိုးအကျည်းတန်‌သွားတယ်‌ပင်‌ကိုယ်‌က ကြည့်‌‌ပျော်‌ရှု‌ပျော်‌ရှိတဲ့ ပုဂ္ဂိုလ်ပင်‌ဖြစ်‌လင့်‌ကစား စိတ်‌ဆိုး‌နေတဲ့ မျက်‌နှာကကြည့်‌‌ပျော်‌ရှု‌ပျော်‌ရှိပါ့မလားမရှိဘူးဆို‌တော့ ‌ဒေါသဟာ ရုပ်‌ကိုလည်းပျက်‌စီး‌စေတယ်‌ ဒီထက်‌ ပိုဆိုးရင်‌ရုပ်‌ပျက်‌ဆင်းပျက်‌ ဖြစ်‌တယ်‌၊ ‌ပြောတဲ့စကားကလဲ မကြားဝံ့မနာသာဖြစ်‌တယ်‌လုပ်‌တဲ့အလုပ်‌ကလဲ ‌ကြောက်‌စရာ‌ကောင်းတယ်ဒါ‌ကြောင့်‌မို့ အကုသိုလ်‌ဆိုတာဘယ်‌အကုသိုလ်‌မှ မ‌ကောင်းဘူး။

ပါ‌မောက္ခချုပ်‌ဆရာ‌တော်‌
‌ဒေါက်‌တာနန္ဒမာလာဘိဝံသ‌
★ အကုသိုလ်ဆိုလျှင်‌ ဘယ်‌အကုသိုလ်‌မှ မ‌ကောင်းပုံ★
မြတ်‌စွာဘုရားက
"ဝိဝါဒံ ဘယ‌တော ဒိသွာ အဝိဝါဒဉ္စ ‌ခေမ‌တော"
`ဝိဝါဒ´ဆိုတာကိုယ်‌ကတစ်‌မျိုး ‌ပြောတယ်‌ သူကတစ်‌မျိုး ‌ပြောတယ်‌။အဲဒီလို သူတစ်‌မျိုး ကိုယ်‌တစ်‌မျိုး‌ပြောလို့မတူညီ‌တော့ဘူးဆိုတာနဲ့ မတူညီတဲ့ အ‌ပြော၂ ခု‌ပေါ် မူတည်‌ပြီး သူ့ဟာမှန်‌တယ်‌ ငါ့ဟာမှန်‌တယ်‌ဆိုပြီး ဖြစ်‌‌ပေါ်မလာဘူးလားအဲဒီလို ဖြစ်‌‌ပေါ်လာတဲ့
အခါမှာ တစ်‌ဦးနှင့်‌တစ်‌ဦး သူမှန်‌တယ်‌ ငါမှန်‌တယ်‌လို့အငြင်းပွား‌နေရင်‌ ဘာဖြစ်လဲဆိုရင်‌ အကုသိုလ်‌တွေ ဖြစ်‌တယ်‌တဲ့။
 
ဒါ‌ကြောင့်‌မို့လို့ ဝိဝါဒမှာ `ဝိ´ဆိုတာ ထူးခြားပြီး တစ်‌ဦးနှင့်‌တစ်‌ဦး မတူတဲ့ `ဝါဒ´ဆိုတာ ‌ပြောတာအဲဒီ တစ်‌ဦးနဲ့တစ်‌ဦး မတူညီတဲ့ ‌ပြောဆိုချက်‌‌တွေဟာ `ဘယ´‌ကြောက်‌စရာ‌ကောင်းတယ်‌ ဘာပြုလို့‌ကြောက်‌စရာ‌ကောင်းလဲဆိုရင်‌အကုသိုလ်ဖြစ်‌လာနိုင်‌လို့ ဓမ္မနဲ့ပတ်‌သက်‌ပြီးအကုသိုလ် မဖြစ်‌သင်‌ဘူး။ဘာကို အ‌ကြောင်းပြုပြု အကုသိုလ်မဖြစ်‌သင့်‌ဘူး တစ်‌ချို့လူ‌တွေက‌ပြောတယ်‌ ကရုဏာနဲ့‌ပြောတဲ့ ‌ဒေါသ‌စေတနာနဲ့‌ပြောတဲ့ ‌ဒေါသအပြစ်‌မရှိ သ‌ယောင်‌‌ယောင်‌ ‌ပြောတယ်‌၊‌ကောင်းကျိုးလိုလားတဲ့ ‌စေတနာထား‌ပေ
မဲ့‌ဒေါသဟာ ‌ဒေါသပဲ၊ မ‌ကောင်းဘူး။နှစ်‌ပိုင်းခွဲပြီး မှတ်‌ရမယ်‌ကရုဏာ‌ဒေါသ- ကရုဏာကိုအ‌ခြေခံပြီး‌တော့ ဖြစ်‌‌ပေါ်လာတဲ့‌ဒေါသ၊ ကရုဏာက‌ကောင်းတယ်၊ ‌ဒေါသကမ‌ကောင်းဘူး။
 
အ‌ကောင်းအဆိုး
 ‌ရောမ‌နေဘူးလား၊‌ဒေါသဆိုတာ ဘယ်‌‌နေရာပဲဖြစ်‌ဖြစ်‌အ‌ကောင်းတရား မဟုတ်‌ဘူး အဆိုးတရား၊‌ဒေါသဆိုတဲ့ အဓိပ္ပါယ်‌က ဖျက်‌ဆီးခြင်းလို့အဓိပ္ပါယ်‌ရတယ်‌၊ ဘာ‌တွေကို ဖျက်‌ဆီးပစ်‌တာလဲဆို‌တော့ ‌ဒေါသဖြစ်‌လာတဲ့ ပုဂ္ဂိုလ်‌ရဲ့ အ‌ခြေအ‌နေ‌တွေဟာ ပျက်‌စီးမသွာဘူးလားနဂိုက ငြိမ်‌သက်‌‌အေးချမ်းတည်‌ငြိမ်‌‌နေတဲ့စိတ်‌ကို ဖျက်‌ဆီးပစ်‌လိုက်‌တတာဟာ ဘယ်‌‌ကောင်းမလဲ၊ ဒါ‌ကြောင့်‌မို့ ‌ဒေါသဆိုတာမ‌ကောင်းဘူး။
 
စိတ်‌ဓာတ်‌ကိုသာ ဖျက်‌ဆီးပစ်‌တာ မဟုတ်ဘူးရုပ်‌ကိုလည်း ဖျက်‌ဆီးတယ်‌ ‌ဒေါသဖြစ်‌‌နေတဲု့ပုဂ္ဂိုလ်‌ရဲ့မျက်‌နှာကိုကြည့်‌‌ပေါ့ 
 ‌ဒေါသဖြစ်‌တဲ့ပုဂ္ဂိုလ်‌ရဲ့မျက်‌နှာသည်‌အရုပ်‌ဆိုးအကျည်းတန်‌သွား
တယ်‌ပင်‌ကိုယ်‌က ကြည့်‌‌ပျော်‌ရှု‌ပျော်‌ရှိတဲ့ ပုဂ္ဂိုလ်ပင်‌ဖြစ်‌လင့်‌ကစား စိတ်‌ဆိုး‌နေတဲ့မျက်‌နှာကကြည့်‌‌ပျော်‌ရှု‌ပျော်‌ရှိပါ့မလားမရှိဘူးဆို‌တော့
 ‌ဒေါသဟာ ရုပ်‌ကိုလည်းပျက်‌စီး‌စေတယ်‌ ဒီထက်‌ ပိုဆိုးရင်‌ရုပ်‌ပျက်‌ဆင်းပျက်‌ ဖြစ်‌တယ်‌၊ ‌ပြောတဲ့စကားကလဲ မကြားဝံ့မနာသာဖြစ်‌တယ်‌လုပ်‌တဲ့အလုပ်‌ကလဲ 
 ‌ကြောက်‌စရာ‌ကောင်းတယ်ဒါ‌ကြောင့်‌မို့ အကုသိုလ်‌ဆိုတာဘယ်‌အကုသိုလ်‌မှ မ‌ကောင်းဘူး။

ပါ‌မောက္ခချုပ်‌ဆရာ‌တော်‌
‌ဒေါက်‌တာနန္ဒမာလာဘိဝံသ‌

No comments:

Post a Comment