Pages

Thursday, February 27, 2014

**** အစွဲနှင့် ခန္ဓာကိုယ်ကြီး ****


 
အစွဲနှင့် ခန္ဓာကိုယ်ကြီး

(၁)ကာမုပါဒါန်= အာရုံငါးပါး ကာမဂုဏ်တရားတို့ကို စွဲလန်းမှု။

(၂)ဒိဋ္ဌုပါဒါန်= အယူဝါဒစွဲ။

(၃)သီလဗ္ဗတုပါဒါန်= အလေ့အကျင့် အထုံဝါသနာ ရိုးရာဓလေ့ စတာတွေကို စွဲနေတဲ့အစွဲ။

(၄)အတ္တဝါဒုပါဒါန်= အတ္တ(ငါ) လို့ဆိုစရာ ခန္ဓာကိုယ်ကြီးကို စွဲနေတဲ့အစွဲ။

ကာမဂုဏ်စွဲထက် အယူဝါဒအစွဲကပြင်းတယ်။

အယူဝါဒစွဲထက် ဝါသနာတို့ ဓလေ့ထုံးစံတို့က ပြင်းတယ်။

ဘုရားရှင်လက်ထက်……
ဝိသာခါကျောင်းအမကြီးဖြစ်ပြီ
သောတာပန် အရိယာကြီးလည်းဖြစ်နေပြီး

တစ်နေ့………မြေးကလေးတစ်ယောက်
အသုဘပို့အပြန်မှာဂင်္ဂါမြစ်ထဲ ဦးခေါင်းဆေးပြီး။

ဘုရားကျောင်းတော်ဝင်လာတာနေ့ခင်း နေပူပူကြီးထဲမှာ
ဘုရားရှင်က မေးလို့……အကျိုးအကြောင်း
လျှောက်ထားတော့ ဘုရားရှင်က
" ဝိသာခါနင့်မှာ သားသမီးမြေးတွေ အရေအတွက် များပါဘိနဲ့။ တစ်ယောက်ယောက်သေတိုင်းသာ
ခေါင်းကို ရေနှင့်ဆေးနေရရင် နင့်ခေါင်းက ဆံပင်တွေ ခြောက်ချိန်ရှိအုံးမလား "မိန့်ကြားသတဲ့။

ဓမ္မဘေရီအရှင်ဝီရိယ-တောင်စွန်း

No comments:

Post a Comment