Pages

Sunday, February 2, 2014

() သဘာဝနှင့်အာသဝ ()

 
() သဘာဝနှင့်အာသဝ ()

* ခန္ဓာတစ်ခုရလာပါက---

အိုပြတာနာပြတာသေပြတာ



အိုကြတာ နာကြတာ သေကြတာ က

သဘာဝ ။

* အိုခြင်းတရားမို့ အိုတာ နာခြင်းတရားမို့

နာတာ သေခြင်းတရားမို့သေတာကို

မအိုချင် မနာချင် မ သေချင်ကြတာက

အာသဝ ။

* သဘာဝဆိုတာ ရုပ်ဆင်းရဲ ကာယိက

ဒုက္ခခေါ်တယ် သူ့လမ်းစဉ်အတိုင်းသူသွား

နေတာ တားမရဘူး။ပယ်မရဘူး။

ဖလှယ်ပေးရမယ် ။ပြုပြင်ပေးရမယ် ။

* အာသဝဆိုတာ စိတ်ကြောင့်ဖြစ်တဲ့ နာမ်

ဆင်းရဲစေတသိကဒုက္ခခေါ်တယ် ။သူက

တော့ပယ် ရတယ်။ပယ်ကိုပယ် ရမယ်။

ပယ် ရမယ်ဆိုတာသူ့သဘာဝအတိုင်းသူ

ဖြစ်ပြ နေတာ ဖြစ်နေတာကို ကိုယ့်စိတ်က

ဟိုဟာမဖြစ်ချင် ဒီဟာမဖြစ်ချင် ဆိုပြီး

တွေးမ ပေးနဲ့ ကြံမ ပေးနဲ့လို့ဆိုလိုတာပါ။

* ဒါကြောင့်ဘုရား ရဟန္တာနှင့်အရိယာ

များမှာကာယိကဒုက္ခကိုတော့ခံစားရဆဲ

စေတသိကဒုက္ခကိုတော့အပြီးအတိုင်

ပယ်မြဲလို့မြတ်စွာဘုရားသခင်ဟောကြား

တော်မူခဲ့ပါတယ်
** သဘာဝတရားကိုသဘာဝအတိုင်း

ထိုးထွင်းမြင် ရင် အာသဝတရားတွေစင်ကြ်

သွားပြီးငြိမ်းအေးမှုကိုစံစားရပါလိမ့်မယ်။

**အနတ္တ(သဘာဝ)မြင် အတ္တစင်

ဤတွင် မဂ် ရ၏။

* သက်တော်ရှည်ဆရာတော်ဘုရားကြီ
=== ဘဒ္ဒန္တ နန္ဒိယ ===
မန္တလေး တောင်ပြင် ငါးစို့တိုက်ငြိမ်းချမ်းရေးကျောင်း

No comments:

Post a Comment