Pages
▼
**** မသေမချင်း မှတ်ထားစေချင်တယ် ****
(ရေးသူအမည်ဖော်ပြမထားပါ)
ကမ္ဘာအေးမှာ နေတုန်းက သိမ်တော်ကြီးမှာ ဘုရားဝတ်တက်ရတယ်။ သံဃာပေါင်း (၄၅၀)က
တန်းစီပြီး ကြွချီနေကြတာကို မိမိကိုယ်တိုင် ကြည်ညိုနေမိတယ်။
သိမ်တော်ကြီးဆိုတာ ကမ္ဘာအေးပန်းခြံထဲမှာ ရှိသကိုး။
မြီးကောင်ပေါက်မအရွယ်မိန်းကလေးတွေက ဒီသံဃာတော်များကို ကြည်ညိုရကောင်းမှန်း မသိကြပါဘူး။ သူတို့က "အသဲတွေ အများကြီးပဲ၊ နှမြောလိုက်တာ"ဆိုကြသတဲ့။
အခုလည်း မချစ်ဆိုသူ ဒကာမတစ်ဦးနဲ့ ဘာသာခြားအပေါင်းအပါတို့က
၁။ မြန်မာနိုင်ငံမှာ ဘုန်းကြီးအပါး(၅)သိန်းရှိရာ တစ်ပါးကို (၁၀၀၀)နှုန်းဆွမ်းစားခကို တွက်ကြည့်ပါက တစ်နှစ်ရင် အမေရိကန်ဒေါ်လာ (၁၈၆)သန်းခန့် ကုန်ကျကြောင်း၊
၂။ တကယ်လို့ သံဃာ(၅)သိန်းထဲက (၄)သိန်းလောက် လူထွက်ပြီး တစ်နေ့တစ်ထောင်စားအလုပ်လုပ်ကြရင် ဗုဒ္ဓဘာသာဝင်ပေါင်း (၄)သိန်းကို ကူညီနိုင်မှာဖြစ်သလို ဒေါ်လာ (၁၈၆)သန်းကိုလည်း အကျိုးရှိရှိ အသုံးချနိုင်ကြောင်း၊
၃။ (၅)သိန်းကျော် သံဃာတော်များအတွက် (၁၈၆)သန်းကျော် သုံးစွဲရပေမဲ့
တစ်နှစ်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူ (၅)ဦးခန့်တောင် ရှိမယ်မထင်ကြောင်း၊
၎။ ယနေ့ခေတ် ဗုဒ္ဓဘာသာမှာ လူများပြီး အရည်အချင်းနည်းလို့
နာမည်ကောင်းးမကျော်၊ နာမည်ဆိုးနဲ့သာ ကျော်ကြားပြီး မကြာမီ
ကမ္ဘာ့တံတွေးခွက်မှာ မျှော်ဖို့ မဝေးတော့ကြောင်း
ဗုဒ္ဓဘာသာသံဃာတော်များကို ပုတ်ခတ်ဝေဖန်ထားပါတယ်။ မိမိက အနည်းငယ် ရှင်းပြလိုပါတယ်။
၁။ သံဃာတော်များအတွက် ကုန်ကျစရိတ်
ဗုဒ္ဓဘာသာရဟန်းတော်များအတွက်
ကုန်ကျစရိတ်မှာ နိုင်ငံတော်ဘတ်ဂျက်များ ချမှတ်ပြီး ကုန်ကျရခြင်း မဟုတ်ပါ။
အရိပ်အကဲပြမှ လှူတဲ့ဆွမ်းကိုလည်း မသုံးဆောင်ကောင်းပါ။ သဒ္ဓါအလျောက်
လှူတဲ့ဆွမ်းကိုပဲ စားကောင်းပါတယ်။ မြတ်ဗုဒ္ဓက ဘုရားဖြစ်ပြီး
မိမိမွေးရပ်မြေကို ပြန်ကြွတဲ့အခါ ဖခမည်းတော်က မိမိသားပဲ၊ နန်းတော်ကိုပဲ
ကြွလာပြီး ဆွမ်းစားမယ်လို့ ထင်ပြီး ဆွမ်းစားမဖိတ်ခဲ့ပါ။
မြတ်ဗုဒ္ဓက
သပိတ်ပိုက်ပြီး ကပိလဝတ်နေပြည်တော်မှာ ဆွမ်းခံပါတယ်။ ဒါကို သူ့ဖခမည်းတော်က
သူ့ကို အရှက်ခွဲတယ်လို့ ယူဆပါတယ်။ မြတ်ဗုဒ္ဓက ဆွမ်းခံစားခြင်းမှာ
သန့်ရှင်းမွန်မြတ်တဲ့ အလုပ်တစ်ခုသာ ဖြစ်ပြီး ရှေးရှေးဘုရားတို့ရဲ့
ကျင့်ဝတ်လည်း ဖြစ်ကြောင်း မိန့်တော်မူပါတယ်။
အိမ်ရာတည်ထောင်လူ့ဘောင်ကနေ ခွာပြီး ရဟန်းဘဝကို ယူကြတဲ့ ရဟန်းများဟာ သက်မွေးဝမ်းကျောင်းလုပ်ငန်းအပါအဝင် လူဝတ်ကြောင်လုပ်ငန်းများကိုလည်း
စွန့်လွှတ်ခဲ့ပြီး ဓုရနှစ်ဖြာကိုပဲ ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းကို လုပ်သူများမဟုတ်လို့ အခွန်ကင်းလွတ်သူလည်း ဖြစ်တယ်။
သံဃာတော်များကို ဆွမ်းလောင်းရလို့ ဘယ်အိမ်မှ မွဲသွားတာ မရှိခဲ့ဖူးသလို
ဘယ်နိုင်ငံကမှ ငတ်နာကျခဲ့တာ မရှိပါ။
၂။ သံဃာတော်(၅)သိန်းအနက် (၄)သိန်းက လူထွက်ပြီး တစ်နေ့တစ်ထောင် အလုပ်လုပ်ပြီး ဆင်းရဲသားဗုဒ္ဓဘာသာလူမျိုး(၄)သိန်းကို
ထောက်ပံ့နိုင်တယ်လို့ ယူဆချက်မှာလည်း မပြည့်စုံပါ။ သံဃာအဖွဲ့အစည်းမှာ
ရှိနေလို့ ဒီလူတွေဟာ ဝိနည်းသိက္ခာပုဒ်များကို စောင့်ထိန်းရလို့
ငြိမ်းချမ်းကြောင်း ဖြစ်ပါတယ်။ စစ်သား(၅)သိန်းဟာ ဘာကြောင့် ဆင်းရဲသားတွေကို
မထောက်ပံ့ပါသလဲ။ ဘင်္ဂလီ(၅)သိန်းဟာ ဘာကြောင့် အခြားဘင်္ဂလီ(၅)သိန်းကို
မထောက်ပံ့ကြသလဲ။
ဗုဒ္ဓဘာသာဘုန်းကြီးများကြောင့်
ဆင်းရဲမွဲတေမှုများရတယ်လို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီလူမျိုးတွေ
ဘာကြောင့် (၅)သိန်းမျှ ခိုးဝင်ခဲ့ကြသလဲ။ အဖရိကနိုင်ငံအချို့မှာ ဘာကြောင့်
ငတ်သေနေကြရသလဲ။ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဘုန်းကြီး မရှိပါ။ အခုမှ တစ်ပါးစ
နှစ်ပါးစပဲ ရောက်ပါသေးတယ်။ ဒုတိယတစ်မျိုးအနေနဲ့ စဉ်းစားကြည့်ပါ။
အဆိုပါသံဃာ(၅)သိန်းထဲက (၄)သိန်းက လူထွက်ခဲ့ရင်၊ ဒါမှမဟုတ်
ဗုဒ္ဓဘာသာမရှိခဲ့ဘဲ မွေးကတည်းက သူခိုးဖြစ်နေခဲ့သူ၊ အကြမ်းဖက်သမားဖြစ်မဲ့သူ၊
ဘာသာခြားများကို တွေ့ရင် အသေသတ်မဲ့သူ၊ တစ်ဦးရင် ကလေး(၈)ယောက်လောက်မွေးပြီး
တာဝန်မကျေသူဆိုရင် ဘယ့်နှယ်ရှိမလဲ။ အဲဒီတစ်ဦးကပဲ မိန်းမ(၄)ယောက်ယူပြီး
တစ်ယောက်စီကို ကလေး(၈)ယောက်မွေးခိုင်းရင်ကော ကလေးအရေအတွက် ဘယ်လောက်ရှိသွားမလဲ။
(၁၀)နှစ်အတွင်းမှာ ကလေး 12.8 သန်း တိုးလာမှာဖြစ်လို့ ဒီကလေးတွေကို
တစ်ထောင်စီ ပေးဖို့ ဗုဒ္ဓဘာသာဘုန်းကြီး (၁၂)သန်း (၈)သိန်း လူထွက်ပေးရဦးမယ်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးက အဲဒီလောက်အထိ မတတ်နိုင်ပါ။
၃။
ဗုဒ္ဓသာသနာမှာ ကျင့်ကြံရေးက ပထမ၊ ပြန့်ပွားရေးက ဒုတိယပါ။ ဒီဘုန်းကြီးများဟာ
ဗုဒ္ဓဘာသာပြန့်ပွားရေး လုပ်နေကြတာမဟုတ်ကြောင်း သိစေချင်ပါတယ်။ ဗုဒ္ဓဘာသာကို
ထိန်းသိမ်းနေကြရုံလေးပါ။ ဘာသာခြားများကို စွဲဆောင်ပြီး ဗုဒ္ဓဘာသာထဲ ဝင်ကြစေ
ကြိုးစားအားထုတ်နေကြသူများလည်း
မဟုတ်ကြပါ။ ပိဋကစာပေများကို သင်အံလေ့လာခြင်း၊ ကျင့်ကြံအားထုတ်ခြင်း၊
ပင့်တာရှိရင် တရားဟောကြားခြင်း၊ မင်းပရိသတ်၊ လူပရိသတ်များကို
ဆိုဆုံးမခြင်းများကိုသာ ပြုလုပ်ကြပါတယ်။
တကယ့်လို့
ဘာသာခြားများကို စွဲဆောင်ဖို့ဆိုရင်၊ ဒါမှမဟုတ် တစ်နှစ်(၅)ဦးတောင်
ဗုဒ္ဓဘာသာမဖြစ်လို့ ရှက်စရာလို့ ထင်ရင် မျိုးစောင့်ဥပဒေကို ထောက်ခံ၊ လူထွက်၊
ဘာသာခြားအမျိုးသမီးများကို လက်ထပ်၊ ဗုဒ္ဓဘာသာကို အတင်းပြောင်းခိုင်း
ဒါပဲရှိတော့မပေါ့။ ရခိုင်နယ်စပ်သွားပြီး မှတ်ပုံတင်မရှိသေးသူ
ဘင်္ဂလီအမျိုးသမီးများကို မှတ်ပုံတင်ရစေမယ်ဆိုတဲ့ အာမခံချက်နဲ့
ဖြားယောင်းလို့ရတာပဲလေ။ တစ်ခု သိထားရမှာက ဗုဒ္ဓဘာသာကို မကိုးကွယ်လို့
ဗုဒ္ဓဘာသာအတွက် ဘာမှ ယုတ်လျော့သွားမှာမဟုတ်ဘူး။
မကိုးကွယ်သူများအတွက်သာ အကျိုးယုတ်လျှော့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့ရင်လည်း ဘာမှ မဖြစ်ပါ။ တစ်နေ့ ပျောက်ကွယ်မယ်လို့ ဝန်ခံတာ ဗုဒ္ဓဘာသာတစ်ခုထဲပဲ ရှိပါတယ်။
၎။ ဗုဒ္ဓဘာသာအရေအတွက်က မများပါ။ အများဆုံးက ခရစ်ယာန်ဘာသာပါ။
ဒုတိယအမ်ားဆုံးက အစၥလာမ္ဘာသာပါ။ တတိယအမ်ားဆုံးက ဟိႏၵဴဘာသာပါ။ ဗုဒၶဘာသာကေတာ့
မာမွန်နဲ့ တာအိုဝါဒအောက်မှာတောင် ရောက်နေသလားလို့ပါ။ အရည်အချင်းကျတော့
သတ်မှတ်သူရဲ့ စံနှုန်းအပေါ်မှာ မူတည်ပါတယ်။ ရဟန်းသံဃာအပါးရေကို ကြည့်ပြီး
ပြောရင်းလည်း လူဦးရေသန်း(၆၀)မှာ (၁)ရာခိုင်နှုန်းတောင်မရှိပါ။
အမေရိကန်နိုင်ငံမှာ အမေရိကန်အစိုးရကို မှီခိုနေရသူတွေက သန်း(၃၀၀)ထဲမှာ (၄၈)သန်း ရှိပါတယ်။ ဒါဟာ (၁၀)ရာခိုင်နှုန်းကျော်ပါတယ်။ ဘုန်းဘုန်းက အမေရိကမှာ နေပါတယ်။ အဲဒီ(၄၈)သန်းစာရင်းထဲမှာ မပါပါ။ မနားရပါ။ ဇေတဝန်မြန်မာကျောင်းဘုန်းကြီးများဆိုရင်
ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်အပါအဝင် အားလုံးက
အကူအညီလာတောင်းကြပါတယ်။ မနားရပါ။ တံတွေးခွက်မှာ ပက်လက်မျောမယ်မထင်ပါ။
မိန်းမလေးယောက်ယူနိုင်လို့ ကြွားစရာမလိုပါ။ တိရစ္ဆာန်တွေက ဒီထက်
ယူနိုင်ကြပါတယ်။ မိသားစုကို ရှာကျွေးနိုင်လို့ မာန်တက်စရာမဟုတ်ပါ။
တိရစ္ဆာန်တွေလည်း ရှာကျွေးတတ်ကြတယ်။ လူ့ဘဝဆိုတာ မေထုန်မှု၊ စားမှု၊
အိပ်မှုနဲ့ပဲ ပြီးရမဲ့ဘဝ မဟုတ်ဘူး။ အဲဒီထက် အများကြီး လေးနက်ပါသေးတယ်။
ပြန်ပြောပါဦးမယ်။ မြတ်ဗုဒ္ဓဟာ အခြားဘာသာရေးခေါင်းဆောင်တွေထက်
ချမ်းသာခဲ့ပါတယ်။ စည်းစိမ်ရှိခဲ့ပါတယ်။ တန်ခိုးအာဏာရှိခဲ့ပါတယ်။ မိသားစုဘဝ
ရှိခဲ့ပါတယ်။ ငတ်ပြတ်လို့ တောထွက်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ မသေမချင်း
မှတ်ထားစေချင်ပါတယ်။
(ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်သော-မှ)
ဒီနေရာမှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment