Pages

Tuesday, February 18, 2014

“မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၆)”


 
“မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၆)”
••••••••••••••••••••••••••••••••••••••••••••••••
♦ တဏှာရှိနေရင် အနာဂတ်ဘ၀သွားရမှာပဲ။

♦ အ၀ိဇ္ဇာနဲ့ တဏှာချုပ်အောင် ၀ိပဿနာလုပ်ပါဆိုတာ
ကျေကျေနပ်နပ် သဘောကျလိုက်ပါ။

♦ ဘယ်သူမှ ပြုတာမဟုတ်၊ မိမိ မှားမှုကြောင့် မိမိ ဒုက္ခရောက်တာ ။

♦ အ၀ိဇ္ဇာ မချုပ်သရွေ့ ခန္ဓာ မချုပ်ပါ။

♦ မလှူတတ်၊ မတန်းတတ်လို့ရှိရင် ဒုက္ခသစ္စာ တောင့်တတယ်၊
ဒုက္ခသစ္စာ တောင့်တတယ် ဆိုတာ
ယခုရနေတဲ့ ခန္ဓာငါးပါးက သက်သေခံနေတယ်။

♦ ကုသိုလ်သင်္ခါရ လုပ်မိရင် လူ၊ နတ် ခန္ဓာရပါလိမ့်မယ်။

♦ ရောင်းရေး ၀ယ်ရေးနဲ့ လိမ်လား၊ ကောက်လား၊
ညာလား ဆိုတဲ့ “အကုသိုလ် သင်္ခါရ”လုပ်မယ်
ဆိုတော့ “အပါယ်လေးပါး ခန္ဓာ” ဖြစ်တယ်။

♦ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်တော့ သုဂတိ ဒုက္ခသစ္စာ။

♦ မသိတဲ့ပုဂ္ဂိုလ် အကုသိုလ်လုပ်တော့ ဒုဂ္ဂတိ ဒုက္ခသစ္စာ။

♦ အ၀ိဇ္ဇာရှိမှ ဘုံဘ၀တောင့်တတဲ့ ကုသိုလ်တွေလည်းလုပ်တယ်။
အ၀ိဇ္ဇာရမှ သားရေး၊ သမီးရေး ၊ စီးပွားရေး ၊
လိမ်လည်ကောက်ကျစ်တဲ့အရေးတွေ လုပ်တယ်။

♦ အတိတ်အကြောင်းငါးပါးကို ခွဲလိုက်တော့
“ကိလေသ၀ဋ်နဲ့ ကမ္မ၀ဋ်နှစ်ပါး” ပဲ။

♦ ၀ဋ် နှစ်ပါး ကြိုးစားတော့ အကျိုးပေးက ၀ိပါက၀ဋ်။

♦ “အ၀ိဇ္ဇာ” မရှိရင် “ကံသင်္ခါရ” ဖြစ်ကိုမဖြစ်ဘူး။

♦ ရစ ဒုက္ခသစ္စာ (ဇာတိပိ ဒုက္ခံ)၊
ရလယ် ဒုက္ခသစ္စာ (ဇရာပိ ဒုက္ခံ)၊
ဆုံးကာနီးရတဲ့ ဒုက္ခသစ္စာ (ဗျာဓိပိ ဒုက္ခံ)၊
အဆုံး ဒုက္ခသစ္စာ (မရဏမ္ပိ ဒုက္ခံ)။

♦ အကျိုးပေး မစုံလျှင် မသေနိုင်သေးပါ။

♦ ဗေဒင်က အိုဇာတာကောင်းတယ်ဆိုတာ မယုံပါနဲ့၊
နာဇာတာ ကောင်းတယ်ဆိုလည်း မယုံလိုက်ပါနဲ့။
နဂိုက နာနေတာကို ဇာတာ မကောင်းတာနှင့် မရောပါနှင့်။

♦ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဘယ်ဟာမှ မကြိုက်ဘူးဆိုသော်လည်း
နောက်ကျသွားပြီ၊ ရပြီးသား ဖြစ်နေပြီ။

♦ ခန္ဓာငါးပါးအသိက နောက်ကျ၊ အရက စောနေပြီ။
လောကီစကားနဲ့ပြောတော့ အမှားကျွံတာ။

♦ ကိုယ်တစ်ယောက်တည်း မှားထားတာကိုက သစ္စာတစ်ပါးပဲ။

♦ အိမ်ထောင်ပြုကြလို့ သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူတွေ
ပိုလာတာလည်း အမှားပေါ် အမှား ထပ်တာပဲ။

♦ နဂိုဒုက္ခသစ္စာကို အပိုထမ်းဒုက္ခတွေပါလာရင်
“ဒုက္ခ-ဒုက္ခသစ္စာ” လို့တောင် ရေးဖို့ ကောင်းတာ။

♦ နဂိုမိုက်ပြစ်သင့်ထားတဲ့အပေါ် ထပ်မိုက်တယ်ဆိုတော့
ဒုက္ခ-ဒုက္ခသစ္စာ အမည်ပေးရမယ်။

♦ ပစ္စပ္ပုန်ဘ၀၏ ရေသောက်မြစ်က “အ၀ိဇ္ဇာ”၊
အနာဂတ်ဘ၀ ရေသောက်မြစ်က “တဏှာ”။

♦ ဇာတိပိ ဒုက္ခသစ္စံ တွေ့ပြီးပြီ၊ ဇရာပိ ဒုက္ခသစ္စံ ကြုံဆဲ၊
အခုကို အတော် ဒုက္ခရောက်နေတာ၊
မစုံသေးဘူးဆိုရင်တော့ ခက်ပြီ။

♦ ဗျာဓိပိ ဒုက္ခသစ္စံ- အိပ်ရာထဲလဲတဲ့ ဒုက္ခသစ္စာ တွေ့ရမယ်၊
မရဏမ္ပိ ဒုက္ခသစ္စံ- သူတစ်ပါး ရွာပြင်ထုတ်တဲ့
မရဏဒုက္ခသစ္စာလည်း တွေ့ရမယ်။
ဒီသမုဒယသစ္စာ စီမံသ၍ ဒုက္ခလေးမျိုးနဲ့ ကြုံပြီးတော့မှ သေရမှာ။

♦ လက်ရှိဘ၀ကို ဒုတိယဆိုလျှင် တတိယဘ၀ကို
မကူးချင်ပါနဲ့တော့။

♦ သောတာပန်တည်ချင်ရင် ဒုတိယက
တတိယကို မကူးဖို့ အရေးကြီးတယ်။

♦ ဒုတိယနဲ့ တတိယကြားမှာ ဒုက္ခသစ္စာကူးချင်လည်းရတယ်။
ဒုက္ခသစ္စာချုပ်ရာ (နိရောဓသစ္စာ) ကူးချင်လည်းရတယ်။

♦ အစသိလို့ သံဝေဂဥာဏ်ပွားတယ်၊
အဆုံးသိလို့ ဘုရားအဖြစ်သို့ ရောက်တယ်။

♦ ဒိဋ္ဌိဝိစိကိစ္ဆာကင်းပြီး အားထုတ်မှသာလျှင်
မဂ်ဥာဏ် ဖိုလ်ဥာဏ်ရမယ်လို့ မှတ်ပါ။

【ကိုရင်ဒိုးကလေး စုစည်းပူဇော်သော
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒ
ဟောစဉ် မှတ်စုများမှ -】

Dhamma Danã Source ► အေးအေးမိုးမိကူး &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment