Pages

Saturday, February 22, 2014

**** ဆရာတော်ဘုရားကြီး ( ၈ ) ပါးတို့၏ မှတ်သား လိုက်နာရမည့် သြဝါဒ တော်များ။ ****

  


ဆရာတော်ဘုရားကြီး ( ၈ ) ပါးတို့၏
မှတ်သား လိုက်နာရမည့် သြဝါဒ တော်များ။

မိုးကုတ်ဆရာတော် ဘုရားကြီး။
**************************

သေမင်း မမြင် ရာ အရပ်ဆိုတာ
နိဗ္ဗာန်ကို ပြောတာ။

အပါယ်လေးရွာ ဆိုတာ
မိမိတို့ အမြဲနေရာ အိမ်ဂေဟာ။

လူ့ဘုံ လူ့ဌာန ဆိုတာ
ခေတ္တ ခဏ အလည်လာရတာ။

------------------------------

မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး။
************************************

ဤကိုယ်ကာာယ တစ်လံမျှ၌
နှစ်ဝနာမ် ရုပ် ဖြစ်၍ ချုပ်၏
နာမ် ရုပ်နှစ်ပါး အလွတ်ထား၍
ဤကားလိပ်ပြာ ဤကားငါတည့်
ဤမှာဇီဝ ဤအတ္တဟု
ညွှန်ပြဖွယ် ရာ မရှိပါသည်
ခန္ဓာ နာမ် ရုပ် မျှသာတည်း။

နာမ် ရုပ်တရား ဤနှစ်ပါးလည်း
ရှည်လျားကာလ မတည်ထဘဲ
ခဏဖြစ်လျက် ခဏပျက်၏
နှစ်သက်ခြင်းရာ လိုမပါဘူး
သဘာဝအား ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ အနိစ္စသည်
ဒုက္ခ အနတ္တချည်းသာတည်း။

--------------------------------

တိပိဋကဓရ ယောဆရာတော် ဘုရားကြီး။
********************************

ပုထုဇဉ်ဆိုတာ သားစိမ်းငါးစိမ်းလိုပါပဲ။
သားစိမ်းငါးစိမ်းဆိုတာ ချက်ပြုတ်မှ
အချက်အပြုတ် အပြုအပြင်ကောင်းမှ
ပွဲဝင် တယ်၊ ပွဲတိုးတယ်။

စားလို့ ကောင်းတဲ့ အစာအဟာရ
ဟင်းခွက် ရယ်လို့ ဖြစ်လာရသလိုပေါ့။

ပုထုဇဉ်ဆိုတာ ကိလေသာ
အညှီအဟောက်တွေကို ရှင်းပြီး
ပညာရှိ သူတော်ကောင်းတို့ရဲ့
လမ်းညွှန်ပြုပြင် သွန်သင် မှုကို
ရသူသာလျှင် အဖိုးတန်တဲ့
ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့
အထက်တန်းစားလူ ဖြစ်နိုင် တယ်။

-----------------------------------

သီတဂူ ဆရာတော် ဘုရားကြီး။
************************

ပညာတွေ
ဘယ်လောက်တတ်တတ်
ကိုယ်ကျင့်သိက္ခာ
ချွတ်ချော်နေမယ်ဆိုရင်
ထိပ်တန်းသို့ မရောက်နိုင် ။

တချို့ သီလတွေ
ဆောက်တည်ပေမယ့်
ပညာ အားနည်းခဲ့ရင် လည်း
လိုရာသို့ မရောက်နိုင် ။

ပညာ နဲ့ သီလဟာ
လောကမှာ
အမြတ်ဆုံး ဖြစ်တယ်။

-------------------------------------

ဆရာတော် ဦးဇောတိက။
********************

ဉာဏ်ပညာနည်းတဲ့သူ
သဘောထား သေးတဲ့သူဟာ
သူများအကြောင်း
မကောင်းပြောတာ
သူများကို တနည်းနည်းနဲံ
အနိုင် ရတာကို
အရသာ တွေ့တယ်။

ဉာဏ်ပညာကြီးတဲ့သူ
သဘောထားကြီးတဲ့သူဟာ
အနိုင် အရှုံး မရှိတာဘဲ
နှစ်သက်တယ်။

---------------------------------

ဓမ္မဒူတ ဒေါက်တာအရှင် ဆေကိန္ဒ။
**************************

ကိုယ့်ကိုယ်ကိုသာ
အချစ်ဆုံးပါပဲ။

ဒီစကားကို မယုံရင်
တစ်လောကလုံးရဲ့
အလိမ် အညာတွေ
ခံရပြီသာမှတ်။

---------------------------------

အရှင် ဆန္ဒာဓိက (ရွှေပါရမီတောရ)
**************************

ကောင်းတဲ့ အခြေအနေနဲ့ပဲ တွေ့တွေ့

ဆိုးတဲ့ အခြေအနေနဲ့ပဲ တွေ့တွေ့

ကောင်းတဲ့ အချက်ကို ရှာကြံတွေးပြီး

စိတ်ချမ်းသာအောင် ထားတတ်တာကို

စိတ်ထားတတ်တယ် လို့ ခေါ်ပါတယ်။

စိတ်မထားတတ် ရင်…

စိတ်ချမ်းသာစရာနံ့

တွေ့နေတာတောင် မှ

စိတ်ဆင်းရဲ နေတတ်ပါတယ်။

---------------------------------

အရှင် ဇဝန (မေတ္တာရှင် ရွှေပြည်သာ)
*****************************

ပညာမဲ့ လူမိုက်များသည်
ရလာသော လူ့ဘဝ ခန္ဓာကို
အဆင်း အသံ အနံ့ အရသာ
အတွေ့ အထိ ဟူသော
ကာမဂုဏ် ခံစားဖို့ အတွက်
အသုံးချ၍
အပါယ်လေးပါးသို့ သွားကြ၏။

ပညာရှိ လူလိမ္မာများသည်
ရလာသော လူ့ဘဝ ခန္ဓာကို
ကုသိုလ် ရဖို့ သာလျှင်
အသုံးချ၍
နိဗ္ဗာန်သို့ သွားကြ၏။

•••••••••••••••••••••••••••

ဆရာတော်ဘုရားကြီးများ၏ သြဝါဒတော်များကို
စုစည်း တင်ပြပါသည်။ လိုက်နာ ကျင့်သုံး နိုင်ကြပါစေ။

ဆရာတော်ဘုရားကြီးများ၏ ဂုဏ်အင် အနန္တကို ပူဇော်ကန်တော့ပါ၏ အရှင်ဘုရား။
 

No comments:

Post a Comment