Pages

Wednesday, February 19, 2014

"ပဋ္ဌာန်းမဟာကြောင့် ရဟန္တာဖြစ်သွားသော မထေရ် "

Photo: >>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

"ပဋ္ဌာန်းမဟာကြောင့်  ရဟန္တာဖြစ်သွား"

     တစ်ချိန်တုန်းက သီရိလင်္ကာ(သီဟိုဠ်ကျွန်း)မှာ
မဟာဂတိ  ဂမိယတိဿဒတ္တ -  အမည်ရှိတဲ့     မ
ထေရ်ကြီးတစ်ပါး ရှိခဲ့ဖူး၏ ၊  ထိုမထေရ်ကြီးသည်
အဘိဓမ္မာကျွမ်းကျင်သည်၊ အထူးအားဖြင့်ပဋ္ဌာန်း
ဒေသနာတော်ကြီး၌  အမြဲတမ်း  အာရုံပြု  ကျက်
စားလေ့ရှိပါသတတ် ။ 

    တစ်ခါသော် ထိုမထေရ်ကြီးသည်  သီရိလင်္ကာ
ကျွန်းမှနေ၍  မဇ္ဈိမဒေသ  အိန္ဒိယသို့  ခရီးကြွ၏။
မဟာဗောဓိပင်ကို ဖူးမြော်ရန်ဖြစ်သည်၊ သင်္ဘော
ကြီးဖြင့်   ပင်လယ်ပြင်ကြီးကို     ဖြတ်ကူးနေခိုက်
ဖြစ်၏ ။ 

     သမုဒ္ဒရာပင်လယ်ရေပြင်ကျယ်ကြီးကား    အ
နှိုင်းအဆမရှိ   ကျယ်ပြောလှပါဘိ ၊    ကမ်းမမြင်
လမ်းမမြင် ၊    ဤအသွင်ကိုကြည့်ကာ    စဉ်းစား
နေမိပါသတတ် - 

     "ပဋ္ဌာန်းဒေသနာတော်ကြီးနဲ့    သည်ပင်လယ်
ကြီးဟာ   ဘယ်သူကပို၍   ကျယ်ဝန်းနက်ရှိုင်းပါ
လိမ့် --"   ဤသို့  စဉ်းစားဆင်ခြင်သောအခါ --

    "ပင်လယ်ပြင်ကြီးဆိုတာ  လေးဘက်လေးတန်
ကမ်းစပ်တော့  ရှိသေးတာပဲ ၊   အောက်မှာဆိုရင်
လဲ  အောက်ခံမြေပြင်ကြီးရှိတယ် ၊     အထက်ဆို
လဲ  မိုးကောင်းကင်ကြီးတော့  ရှိသေးတာပဲ ၊  ဤ
သို့အပိုင်းအခြား  ရှိပါသေးတယ်" 

      "ပဋ္ဌာန်းဒေသနာတော်ကြီး   ဆိုတာကတော့  အပိုင်းအခြား    အဆုံးအစပင်    မမြင်နိုင်အောင်    ကျယ်ဝန်းနက်ရှိုင်းလှဘိတကား --"

     ဤသို့  စဉ်းစားရင်း  စဉ်းစားရင်းနဲ့    ဝမ်းသာ
မှုပီတိတွေ  ဖြစ်လာကြပါသတဲ့ ၊   အဲဒီ  ပီတိတွေ
ကိုပဲ   လက္ခဏာရေးသုံးပါးတင်  ဝိပဿနာဉာဏ်
နဲ့  ဆင်ခြင်ပြီး  ဖြစ်ပျက်ရှုလိုက်ပါသတဲ့ ၊  အဲဒီအ
ခါမှာ    လေးမဂ်  လေးဖိုလ်အထိ    ဆိုက်သွားလို့
"ရဟန္တာကြီး" အထိ  ဖြစ်သွားပါသတတ် ။ 

    ပဋ္ဌာန်းဒေသနာတော်ကြီးကား  ဤမျှလောက်
ပင်    အံ့တစ်ပါးဖြစ်ပါပေ၏ ၊      ကျယ်လဲကျယ် ၊
နက်လဲနက် ၊    ခက်လဲခက်၍ ၊    သိမ်လဲသိမ်မွေ့
လှချေတကား ။ 

   ထို့ကြောင့်လည်း   ဘုရားဖြစ်စ- စတုတ္ထသတ္တာ
ဟမှာ  အဘိဓမ္မာတွေ  ဆင်ခြင်တုန်းက  အောက်
ပိုင်း  အဘိဓမ္မာတွေကို  ဆင်ခြင်ရာ၌   ဘာမျှထူး
ထူးခြားခြား  မဖြစ်ခဲ့ ၊   အထက်ပိုင်း   ဤပဋ္ဌာန်း
ဒေသနာတော်ကြီးကို     ဆင်ခြင်သောအခါကျမှ
ပင်    ရောင်ခြည်တော်(၆)ဆိုင်    အပြိုင်  အပြိုင်
လှိုင်လှိုင်ကြီး     ကွန့်မြူး     ထွက်ပေါ်လာရလေ
သတတ် ။  

မိုးကုတ်ဆရာတော်ဘုရားကြီး၏ 
တစ်ဘဝ သာသနာ  (စာမျက်နှာ-၇၈)

တစ်ဘဝ သာသနာ (စာမျက်နှာ-၇၈)မှ ကောက်နှုတ် တင်ပြအပ်ပါသည်။

No comments:

Post a Comment